Time မဂ္ဂဇင်းက ၂၀၂၁ ခုနှစ်ရဲ့ ဩဇာလွှမ်းမိုးမှု အရှိဆုံး လူပုဂ္ဂိုလ်အဖြစ် Tesla နဲ့ SpaceX ရဲ့ စီအီးအို Elon Musk ကို ရွေးချယ်လိုက်ပါတယ်။ Time က “ Elon Musk ဟာ ကမ္ဘာ့ အချမ်းသာဆုံး လူသား ဖြစ်သလို ဂြိုလ်တုတွေကို ကမ္ဘာပတ်လမ်းကြောင်းထဲ ပို့ဆောင်ပေးနေသူပါ။ လောင်စာဆီ လုံးဝ မလိုတဲ့ ကားကို သူ ဖန်တီးထားပြီး သူကိုယ်တိုင်လည်း အဲဒီကားကို မောင်းပါတယ်။ သူ့ ကားဟာ ယာဉ်မောင်းတောင် မလိုအပ်ပါဘူး။ သူ လက်ဖျောက်တစ်ချက်တီးလိုက်ရင် စတော့ဈေးကွက်မှာ ကြီးကြီးမားမား ပြောင်းလဲမှုတွေ ဖြစ်သွားပါတယ်။ သူဟာ အင်္ဂါဂြိုလ်မှာ နေထိုင်ဖို့ အိပ်မက်မက်နေသူ ဖြစ်ပါတယ်။ “ လို့ ညွှန်းဆို ရေးသားထားပါတယ်။

“ သူ့ရဲ့ ဒုံးပျံ ကုမ္ပဏီ SpaceX ဟာ Boeing နဲ့ တခြားအမေရိကန် ကုမ္ပဏီတွေထက် အောင်မြင်နေပါတယ်။ သူ့ ကားကုမ္ပဏီ Tesla ဟာ လျှပ်စစ်ကားဈေးကွက်ရဲ့ ၃ ပုံပုံ ၂ ပုံကို သိမ်းပိုက်ထားပြီး ဒေါ်လာ ၁ ထရီလီယမ် တန်ဖိုးရှိပါတယ်။ သူဟာ ဒေါ်လာ ၂၅၀ ဘီလီယမ်ကျော် ကြွယ်ဝချမ်းသာပြီး သမိုင်းမှာ အချမ်းသာဆုံး လူပုဂ္ဂိုလ် ဖြစ်ပါတယ်။ မြေအောက် လှိုဏ်ခေါင်းတွေကနေ အံ့မခန်းအမြန်နှုန်းနဲ့ လူသားတွေ ခရီးသွားနိုင်အောင် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ “ လို့ Time က ရေးသားထားပါတယ်။

Time က ဒီနှစ်ရဲ့ အကောင်းဆုံး အနုပညာရှင် အဖြစ် ပေါ့ပ်စတား Olivia Rodrigo နဲ့ အားကစားသမားအဖြစ် အိုလံပစ် ရွှေတံဆိပ် ၄ ခုရှင် Simone Biles ကို ရွေးချယ်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ သူရဲကောင်းတွေ အဖြစ် mRNA Covid-19 ဆေး ဖန်တီးတဲ့ Katalin Kariko, Barney Graham, Kizzmekia Corbett နဲ့ Drew Weissman တို့ ရွေးချယ်ခံရပါတယ်။

Ref : CNN, TIME