ကားကို ပါကင်မှာ ထိုးပြီးရင် ဈေးဝယ်ထွက်ပြီးမှ ကားရပ်ထားတဲ့နေရာကို မမှတ်မိဘဲ ဖြစ်ဖူးပါသလား။ အထူးသဖြင့် ရာသီဥတု ပူပူလောင်လောင်ထဲမှာ ကားပျောက်ရှာရတာ စိတ်ပျက်စရာပါ။

အခုတော့ Track R ဆိုတဲ့ Device လေး က သေးငယ်ပေမယ့် ကားအပါအ၀င် ကိုယ့်အရေးကြီး ပစ္စည်းတွေမှာ ကပ်ထားရင် သူတို့ ရှိနေတဲ့ နေရာကို GPS ကနေ တစ်ဆင့် ရှာဖွေ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

Track R ဆိုတဲ့ ပစ္စည်းလေးကို ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် နည်းပညာ ကုမ္ပဏီလေးက စတင်တီထွင်လိုက်ပြီး အခုဆိုရင်တော့ တစ်ကမ္ဘာလုံး မှာ ၅ သန်းနီးပါး ရောင်းချနိုင်ပြီ ဖြစ်ပါတယ်။

ဖုန်းနဲ့ ဘယ်လို ဆက်သွယ်မလဲ

Track R ဆိုတဲ့ App ကို online ပေါ်ကနေ အခမဲ့ ဒေါင်းလုခ် ဆွဲပြီးနောက် အဲ့ဒီ App ကို သုံးကာ ကိုယ့်ဖုန်းနဲ့ ချိတ်ဆက်လိုက်ပါ။

အဲ့ဒီ Track R ကို ကားတင်မကဘဲ အရေးကြီး ပစ္စည်းတွေ ဖြစ်တဲ့ သော့၊ သေတ္တာ၊ ပိုက်ဆံအိတ်၊ Laptop တို့ မှာလည်း ချိတ်ဆွဲ ထည့်ထားလို့ရပါတာယ်။

ပြီးနောက် Track App နဲ့ ရှာလိုက်ပါက စက္ကန့်ပိုင်းအတွင်း ကိုယ့် ပစ္စည်းဘယ်နားမှာ ရှိနေလဲဆိုတာ သိရမှာဖြစ်ပါတယ်။

ကားခိုးခံရရင်လည်း သိရှိအောင် Track R လေးကို အလွယ်တကူ မတွေ့ရှိနိုင်တဲ့ ကားရဲ့ နေရာကို ၀ှက်ထားပြီးနောက် Track App ရှာဖွေ တွေ့ရှိနိုင်ပါတယ်။

Track R မှာ ပါဝင်တဲ့ ဓာတ်ခဲက တစ်နှစ်လောက် ခံနိုင်ပြီး iOS ရော Android အတွက်ပါ အလုပ်လုပ်ပါတယ်။

သေးငယ်တဲ့ Track R လေးကို အမေရိကန် ဒေါ်လာ ၂၉ ဒေါ်လာနဲ့ ebay တို့ Amazon တို့မှာလည်း မှာယူနိုင်ကြပါတယ်။