Microsoft ဟာ Windows 11 ကို တရားဝင်ထုတ်ပေးထားပြီးဖြစ်ပြီး အတော်များများ Stable အနေနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အခု Windows 11 ဟာ Feature အသစ်တွေနဲ့ Design ပြောင်းလဲမှုတွေအများအပြားပါဝင်လာသလို Windows ရဲ့ System App တွေဟာလည်း အသစ်အနေနဲ့ ပြောင်းလဲနေပြီဖြစ်ပါတယ်။

ဒီထဲမှာမှ Windows Media Player အသစ်ကလည်း Design ပြောင်းလဲမှုတွေအပြင် Feature ပိုင်းကလည်း ပိုမိုကောင်းမွန်လာတာကြောင့် စမ်းသပ်သုံးစွဲကြည့်သင့်ပါတယ်။ တစ်ခုရှိတာကတော့ အဆိုပါ Windows Media Player အသစ်ဟာ Windows 11 Stable Version အသုံးပြုနေတယ်ဆိုရင်တော့ အသုံးပြုနိုင်ဦးမှာမဟုတ်သေးပါဘူး။

ဒါကြောင့် Windows Media Player အသစ်ကို အသုံးပြုချင်တယ်ဆိုရင် ပထမနည်းလမ်းအနေနဲ့ Windows Insider Program တွေဖြစ်တဲ့ Dev နဲ့ Beta Channel တွေကို ဝင်ရောက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် Windows 11 Stable Version မှာ အသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

အရင်ဆုံး Windows Media Player အသစ်ကို အသုံးပြုဖို့အတွက် Latest Windows 11 Stable Update တင်ထားဖို့ လိုအပ်မှာဖြစ်ပြီး Version 21H2 Build 22000.376 အနိမ့်ဆုံးရှိရမှာဖြစ်ပါတယ်။

ပြီးရင်တော့ “https://store.rg-adguard.net/” ဆိုတဲ့ Link ကို ဝင်ရောက်ပြီး Search Box မှာ ယခု Link “https://www.microsoft.com/en-us/p/groove-music/9wzdncrfj3pt” ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ ပြီးရင် အမှန်ခြစ်မနှိပ်ခင်မှာ Search Box ညာဘက်မှာရှိတဲ့ Drop-down Menu မှာ “RP” ကို “Fast” ဆိုပြီး ရွေးချယ်ဖို့လိုအပ်ပါတယ်။

အမှန်ခြစ်နှိပ်ပြီးပြီဆိုရင် “Microsoft.ZuneMusic_11.2111.54.0_neutral_~_8wekyb3d8bbwe.msixbundle” ဆိုတဲ့ နာမည်နဲ့ Software ကို Download ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အဆိုပါ Software ဟာ 35MB ဝန်းကျင်ရှိမှာဖြစ်ပြီး တခြား Software တွေကို မှားယွင်း Download မိပါက အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

နောက်ဆုံးအနေနဲ့ အဆိုပါ Download ပြုလုပ်ထားတဲ့ Software ကို Install ပြုလုပ်ပြီးတာနဲ့ Windows Media Player အသစ်ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Ref – thurrott