၂၀၁၇ ခုနှစ်က ကုန်ဆုံးနေပြီဖြစ်တဲ့အတွက် စမတ်ဖုန်းတွေနဲ့ ပတ်သတ်ရင် မဖြစ်မနေ သွားပြီး Specifications တွေ၊ Review တွေဖတ်ကြည့်ရတဲ့ GSMArena Website ကနေ ဒီနှစ်တနှစ်တာအတွင်းမှာ လူကြိုက်အများဆုံး စမတ်ဖုန်းစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

ယခုစာရင်းဟာ တစ်နှစ်တာအတွက်အကောင်းဆုံးသော စမတ်ဖုန်းကို ရွေးချယ်တာမဟုတ်ပဲ လူကြိုက်အများဆုံးစမတ်ဖုန်းကို ရွေးချယ်တာဖြစ်တဲ့အတွက် Flagship စမတ်ဖုန်းတွေအပြင် Mid Range စမတ်ဖုန်းတွေပါ ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။

ပထမနေရာကို ရယူထားတာကတော့ Samsung ရဲ့ ဒီနှစ်မှာထုတ်လုပ်ခဲ့တဲ့ Flagship ဖုန်းတစ်ခုဖြစ်တဲ့ Samsung Galaxy S8 ဖုန်းပဲဖြစ်ပြီးတော့ အခုထုတ်ပြန်လိုက်တဲ့ စမတ်ဖုန်း ၁၀ လုံးထဲမှာ ၃ လုံးက Samsung ဖုန်းတွေပဲဖြစ်ပါတယ်။

Sony ရဲ့ Premium ဖုန်းတစ်လုံးဖြစ်တဲ့ Sony Xperia XZ Premium စမတ်ဖုန်းလည်း ပါဝင်ပြီးတော့ မြန်မာနိုင်ငံက စမတ်ဖုန်းသုံးစွဲသူတွေ အကြိုက်ဖြစ်ခဲ့တဲ့ Xiaomi Mi 6 လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

အခု GSMArena ကရွေးချယ်ပေးလိုက်တဲ့ စမတ်ဖုန်း ၁၀ လုံးထဲက ဘယ်ဖုန်းကို အကြိုက်ဆုံးလဲဆိုတာကို Comment ပေးခဲ့ကြပါဦး။

#1 Samsung Galaxy S8

#2 Nokia 6

#3 Sony Xperia XZ Premium

#4 Samsung Galaxy Note 8

#5 OnePlus 5

#6 Samsung Galaxy S8+

#7 Nokia 8

#8 LG G6

#9 LG V30

#10 Xiaomi Mi 6