[Unicode]

ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နေတာဟာ တောင်ကိုရီးယားရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီး Samsung မှန်း အားလုံးလည်း သိကြမှာပါ။ သူ့နောက်မှာတော့ တရုတ်ရဲ့ဦးဆောင် Huawei က ဒုတိယနေရာကို ရယူထားပြီး အမေရိကန်ကုမ္ပဏီဖြစ်တဲ့ Apple ကတော့ တတိယနေရာမှာ ရှိနေတာပါ။

ဒါပေမယ့် Counterpoint Research ရဲ့ ဖော်ပြမှုမှာတော့ စိတ်ဝင်စားစရာ အချို့ကို တွေ့မြင်ရပါတယ်။ Counterpoint ဟာ ပြီးခဲ့တဲ့ တတိယသုံးလပတ်အတွင်း ကမ္ဘာ့ဈေးကွက်မှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်း ၁၀ မျိုးကို ဖော်ပြခဲ့တာပါ။ ဒီဖော်ပြမှုမှာတော့ Apple ရဲ့ iPhone XR က ရာခိုင်နှုန်းအများဆုံးနဲ့ ဦးဆောင်နေတာကို တွေ့ရပါတယ်။

Apple ရဲ့ iPhone X series ဟာ မျှော်မှန်းထားသလောက် အောင်မြင်မှုမရခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၉ တတိယသုံးလပတ်မှာတော့ iPhone XR က ကျဆင်းနေတဲ့ရောင်းအားကို အနည်းငယ် ဖာထေးပေးခဲ့ပါသေးတယ်။ ဒါပေမယ့် ဒုတိယရောင်းအားအများဆုံးစမတ်ဖုန်းအမှတ်တံဆိပ်ကိုကြည့်လိုက်ရင်တော့ Samsung အမှတ်တံဆိပ်ဖုန်းဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

Samsung Galaxy A10 နဲ့ Galaxy A50 တို့ဟာ ၂၀၁၉ တတိယသုံးလပတ်အတွင်း ရောင်းအားအကောင်းဆုံး ဒုတိယနဲ့ တတိယနေရာတွေမှာ ရှိနေကြတာပါ။ သူတို့နောက်မှာတော့ OPPO ရဲ့ A9 က ကပ်လျက်ရပ်တည်နေပါတယ်။ အမှတ်စဉ် ၅ နေရာမှာတော့ Apple ရဲ့ iPhone 11 က နေရာယူထားပြန်ပါတယ်။ ဒါပေမယ့် iPhone 11 ရဲ့နောက်မှာ Samsung Galaxy A20 နဲ့ သူ့နောက်မှာ OPPO A5 တို့က ဆက်ပြီးနေရာယူထားတာပါ။

ရောင်းအားအများဆုံး အမှတ်စဉ် ၉ မှာတော့ Xiaomi ရဲ့ Redmi 7A ကရှိနေပြီး Huawei ရဲ့ P30 ကတော့ ဒဿမနေရာမှာ ရှိနေခဲ့တာပါ။ Redmi 7A ဟာ ဈေးနှုန်းချိုသာတဲ့ Budget ထဲမှာပါဝင်ပေမယ့် လူကြိုက်များခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဈေးကွက်ကို လက်လွှတ်ထားရပြီး ပိတ်ပင်ခံခဲ့ရတဲ့ Huawei ဟာ တရုတ်ပြည်တွင်း ဝယ်လိုအားကြောင့် P30 နဲ့အတူ ထိပ်ဆုံး ၁၀ နေရာထဲကို ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref: Gizmochina

[Zawgyi]

၂၀၁၉ တတိယသုံးလပတ္ရဲ႕ အေရာင္းရဆုံးစမတ္ဖုန္း ၁၀ မ်ိဳးမွာ iPhone XR က ဦးေဆာင္ေန

ကမာၻ႔စမတ္ဖုန္းေဈးကြက္ကို ဦးေဆာင္ေနတာဟာ ေတာင္ကိုရီးယားရဲ႕ ဧရာမနည္းပညာကုမၸဏီႀကီး Samsung မွန္း အားလုံးလည္း သိၾကမွာပါ။ သူ႔ေနာက္မွာေတာ့ တ႐ုတ္ရဲ႕ဦးေဆာင္ Huawei က ဒုတိယေနရာကို ရယူထားၿပီး အေမရိကန္ကုမၸဏီျဖစ္တဲ့ Apple ကေတာ့ တတိယေနရာမွာ ရွိေနတာပါ။

ဒါေပမယ့္ Counterpoint Research ရဲ႕ ေဖာ္ျပမႈမွာေတာ့ စိတ္ဝင္စားစရာ အခ်ိဳ႕ကို ေတြ႕ျမင္ရပါတယ္။ Counterpoint ဟာ ၿပီးခဲ့တဲ့ တတိယသုံးလပတ္အတြင္း ကမာၻ႔ေဈးကြက္မွာ ေရာင္းအားအေကာင္းဆုံး စမတ္ဖုန္း ၁၀ မ်ိဳးကို ေဖာ္ျပခဲ့တာပါ။ ဒီေဖာ္ျပမႈမွာေတာ့ Apple ရဲ႕ iPhone XR က ရာခိုင္ႏႈန္းအမ်ားဆုံးနဲ႔ ဦးေဆာင္ေနတာကို ေတြ႕ရပါတယ္။

Apple ရဲ႕ iPhone X series ဟာ ေမွ်ာ္မွန္းထားသေလာက္ ေအာင္ျမင္မႈမရခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ၂၀၁၉ တတိယသုံးလပတ္မွာေတာ့ iPhone XR က က်ဆင္းေနတဲ့ေရာင္းအားကို အနည္းငယ္ ဖာေထးေပးခဲ့ပါေသးတယ္။ ဒါေပမယ့္ ဒုတိယေရာင္းအားအမ်ားဆုံးစမတ္ဖုန္းအမွတ္တံဆိပ္ကိုၾကည့္လိုက္ရင္ေတာ့ Samsung အမွတ္တံဆိပ္ဖုန္းျဖစ္ေနတာကို ေတြ႕ရပါလိမ့္မယ္။

Samsung Galaxy A10 နဲ႔ Galaxy A50 တို႔ဟာ ၂၀၁၉ တတိယသုံးလပတ္အတြင္း ေရာင္းအားအေကာင္းဆုံး ဒုတိယနဲ႔ တတိယေနရာေတြမွာ ရွိေနၾကတာပါ။ သူတို႔ေနာက္မွာေတာ့ OPPO ရဲ႕ A9 က ကပ္လ်က္ရပ္တည္ေနပါတယ္။ အမွတ္စဥ္ ၅ ေနရာမွာေတာ့ Apple ရဲ႕ iPhone 11 က ေနရာယူထားျပန္ပါတယ္။ ဒါေပမယ့္ iPhone 11 ရဲ႕ေနာက္မွာ Samsung Galaxy A20 နဲ႔ သူ႔ေနာက္မွာ OPPO A5 တို႔က ဆက္ၿပီးေနရာယူထားတာပါ။

ေရာင္းအားအမ်ားဆုံး အမွတ္စဥ္ ၉ မွာေတာ့ Xiaomi ရဲ႕ Redmi 7A ကရွိေနၿပီး Huawei ရဲ႕ P30 ကေတာ့ ဒႆမေနရာမွာ ရွိေနခဲ့တာပါ။ Redmi 7A ဟာ ေဈးႏႈန္းခ်ိဳသာတဲ့ Budget ထဲမွာပါဝင္ေပမယ့္ လူႀကိဳက္မ်ားခဲ့တာျဖစ္ပါတယ္။ အေမရိကန္ေဈးကြက္ကို လက္လႊတ္ထားရၿပီး ပိတ္ပင္ခံခဲ့ရတဲ့ Huawei ဟာ တ႐ုတ္ျပည္တြင္း ဝယ္လိုအားေၾကာင့္ P30 နဲ႔အတူ ထိပ္ဆုံး ၁၀ ေနရာထဲကို ဝင္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Ref: Gizmochina