တစ်ချိန်တုန်းက Browser တွေကို ကွန်ပျူတာတွေမှာပဲ အသုံးများပေမဲ့ အခုဆိုရင် စမတ်ဖုန်း၊ ဒါမှမဟုတ် တက်ဘလက်တွေမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါပြီ။ Android Device တွေအတွက် Browser တွေ အများကြီးရှိတဲ့အထဲကမှ ရွေးချယ်ဖို့ အကောင်းဆုံး ၃ ခုကို ဖော်ပြပေးချင်ပါတယ်။

Google Chrome
လူကြိုက်အများဆုံး Browser တစ်ခုလို့ပြောလိုက်ရင် Google Chrome က ရှေ့ဆုံးမှာရှိနေမယ်ထင်ပါတယ်။ Google-integrate solution ကြောင့် ဒီ Browser က ပိုပြီး သုံးစွဲရကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ History  တွေကို Sync လုပ်နိုင်တာ၊ Desktop version က Google Chrome လိုပဲ Open tabs လုပ်နိုင်တာမျိုးက တကယ်နှစ်သက်စရာပါပဲ။ Chrome Beta, Chrome Dev နဲ့ Chrome Canary တွေထဲကမှ Beta ကတော့ သုံးလို့ပိုကောင်းတယ်လို့ ဆိုရမှာပါ။

Microsoft Edge
Edge ဟာ Chromium ကို ပြောင်းပြီးကတည်းက Internet browser လောကမှာ အသုံးပြုသူတွေရဲ့ အသိအမှတ်ပြုမှုကို ပြန်ပြီးရရှိလာတယ်လို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့အားသာချက်က Device synchronization, navigation data နဲ့ Tools တွေပါဝင်ခြင်း၊ (Multitasking tabs, InPrivate mode, Favorites လိုမျိုး Sites တွေကို သိမ်းနိုင်၊သွားနိုင်ခြင်း) စတာတွေလို့ ပြောရပါမယ်။ နောက်တစ်ချက်က Voice search, QR code နဲ့ ရှာတာမျိုးက အသုံးပြုသူအတွက် လွယ်ကူစေတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

Opera
Android အသုံးပြုသူတွေကြားမှာ Opera က လူကြိုက်များပြီး သုံးစွဲသူလည်း အတော်များပါတယ်။ Pop-up ad blocker ပါရှိတာနဲ့ Built-in VPN ပါရှိတာက သူ့ကိုလူကြိုက်များစေတဲ့ အချက်တွေထဲက တစ်ချက်လို့ ဆိုနိုင်ပါတယ်။ သတင်းဖတ်ရတာကို နှစ်သက်သူဆိုရင်တော့ Opera ရဲ့ News feed က အတော်လေး ကောင်းပါတယ်။ သုံးစွဲသူအကြိုက် သတင်းရင်းမြစ်တွေကိုလည်း တိုက်ရိုက် Subscribing လုပ်နိုင်ပါသေးတယ်။

Browser ရွေးချယ်ရာမှာ အသုံးပြုသူတစ်ဦးချင်းစီရဲ့ သုံးစွဲပုံ၊ အမူအကျင့်နဲ့ အကြိုက်ပေါ်မူတည်ပြီး ကွဲပြားခြားနားမှုတွေ ရှိပါလိမ့်မယ်။ ဥပမာအားဖြင့် အသစ်အဆန်းနဲ့ ပေါ့ပေါ့ပါးပါးသုံးချင်၊ လုံခြုံစိတ်ချချင်ရင် Brave လို Browser ကို ကြိုက်ကြပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် Google products တွေ သုံးနေရင်တော့ Google Chrome ကို မေ့ထားဖို့ အတော်လေး ခက်ခဲမယ်လို့ ယူဆရပါတယ်။

Ref: Gizmochina