Android ဖုန်းတွေဟာ နေ့တိုင်းလိုလိုကို Application တွေ ရာ၊ ထောင်၊ သောင်းချီပြီးတော့ Application အသစ်တွေ ထွက်နေတာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး အသစ်ထွက်ရှိလာတဲ့ Application တွေထဲကမှ ယခုအပတ်အတွက် Download ဆွဲပြီးအသုံးပြုသင့်တဲ့ Application ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။
1. KISS Launcher
KISS Launcher က သင့်ရဲ့ Android ဖုန်းကို တမူထူးခြားသွားစေမယ့် Application တစ်ခုလို့ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုရင် KISS Launcher မှာ Home Screen မပါဝင်ပဲ သင့်ရဲ့ Recent Activities တွေနဲ့ Application တွေကို အလျှင်အမြန်ရှာဖွေနိုင်မယ့် Search Bar ပဲပါဝင်လို့ပါ။
2. Focus Go
လက်ရှိ Android ဖုန်းတွေထဲမှာ File Size အသေးဆုံးသော Android Gallery App ကိုပြပါဆိုရင် Focus Go ကိုပဲပြရမှာပါ။ File Size အနေနဲ့ 1.4 MB ခန့်သာရှိပေမယ့် ပါဝင်တဲ့ Features တွေကတော့ ကောင်းမွန်တဲ့ Gallery App တစ်ခုရဲ့ Features တွေအစုံအလင်ပါဝင်တဲ့အတွက် စမ်းသပ်သုံးစွဲသင့်တဲ့ App တစ်ခုပါ။
3. Library
သင့်ဖုန်းမှာ PDF File တွေနဲ့ စာဖတ်တတ်တဲ့အကျင့်ရှိပါသလား? ရှိတယ်ဆိုရင်တော့ Library App က သင့်အတွက်ဖြစ်မှာပါ။ စမတ်ဖုန်းထဲမှာ ရှိသမျှ စာအုပ်တွေအပြင် အခြားအင်တာနက်ကလည်း စာအုပ်တွေကို Download ပြုလုပ်ပေးနိုင်တဲ့အတွက် Library Application က စာဖတ်ဝါသနာအိုးတွေအကြိုက်ဖြစ်မှာပါ။
4. ToDoMovie List
ဒီတစ်ခါကတော့ ရုပ်ရှင်ပရိသတ်တွေအတွက်ပဲဖြစ်မှာပါ။ ဘယ်နေ့မှာ ဘာရုပ်ရှင်ထွက်သွားတယ်၊ ဘယ်ရုပ်ရှင်က ဘယ်လို ဝေဖန်မှုတွေရှိနေလဲဆိုတာကို Application တစ်ခုထဲကနေ သိနိုင်မှာဖြစ်ပါတယ်။
5. PUFnPOW Gift
ဒီ နာမည်ဆန်းဆန်းနဲ့ Application ကတော့ သင့်မိတ်ဆွေ၊ သူငယ်ချင်းတွေအတွက် လက်ဆောင်တစ်ခုခုဝယ်ယူတော့မယ်ဆိုရင် အကောင်းဆုံးအဖော်မွန်ဖြစ်နေစေမှာပါ။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့် မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ အကြိုက်ကို ရွေးချယ်ပေးလိုက်ရုံနဲ့ သူ့အတွက် ဘာလက်ဆောင်က အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို ပြောပြသွားမှာဖြစ်လို့ပဲဖြစ်ပါတယ်။