သီချင်းဆိုရတာကတော့ လူတိုင်းနီးပါးကြိုက်နှစ်သက်တဲ့အရာတစ်ခုပါ။ နေ့တိုင်းလိုလို ညည်းနေစရာမလိုပဲ ကာရာအိုကေဆိုင်သွားစရာမလိုပဲ ကိုယ့်ဖုန်းနဲ့ပဲ ကာရာအိုကေဆိုနိုင်ပါတယ်။ အောက်မှာပြောသွားမယ့် Applications လေးတွေပဲ ကိုယ့်ဖုန်းထဲထည့်ထားလိုက်ပါ။

1. Karaoke Sing & Record

ဒီ Application ကတော့ အကောင်းဆုံးဖြစ်ပြီးတော့ သီချင်းအကုန်လုံးနီးပါးကို ရှာဖွေသီဆိုနိုင်မှာပါ။ အသုံးပြုရတာလည်းအလွန်လွယ်ကူပြီးတော့ အားနည်းချက်တစ်ခုက အချို့သောသီချင်းတွေကိုတော့ အခမဲ့မရပဲ ဝယ်ယူရတာဖြစ်ပါတယ်။

2. The Voice : On Stage

ဒီ Application ကတော့ ဒီအတိုင်း အပျော်သီချင်းဆိုတာထက် ပိုပြီးပြုလုပ်လို့ရတဲ့ App တစ်ခုပါ။ ကိုယ်ဆိုလိုက်တဲ့သီချင်းကို Audio Effects တွေထည့်သွင်းပြီး Social Media မှာ ပြန် Share နိုင်မှာဖြစ်ပါတယ်။

3. Red Karaoke Sing & Record

အခု App လည်း Themes တွေမျိုးစုံရွေးချယ်နိုင်တဲ့အတွက် နာမည်ကြီးတဲ့ Application တစ်ခုဖြစ်ပြီးတော့ သီချင်းပေါင်းများစွာရွေးချယ်သီဆိုနိုင်မှာပါ။ အားနည်းချက်ကတော့ စုံတွဲအနေနဲ့ သီဆိုလို့မရတာပဲဖြစ်ပါတယ်။

4. Karaoke Online : Sing & Record

အခု App ကတော့ အပျော်တမ်း စိတ်ပြေလက်ပျောက်လောက်ပဲ ဆိုချင်တဲ့သူတွေအတွက် အကောင်းဆုံးဖြစ်မှာပါ။ ဘာဖြစ်လို့လည်းဆိုရင် အခု App က သီချင်းတွေအများစုက YouTube ကနေ ရယူတဲ့အတွက် အသံပိုင်းဆိုင်ရာမှာ အရမ်းကောင်းတဲ့အထဲမပါဝင်ပါဘူး။

5. Sing! Karaoke Record Karaoke

ဒီ App ကတော့ မြန်မာနိုင်ငံမှာလည်း အများအပြားသုံးစွဲနေတဲ့ App တစ်ခုဖြစ်ပြီးတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ သီချင်းတူတူဆိုလို့ရသလို Account တစ်ခုဖွင့်ပြီးတော့ ကိုယ့် Timeline မှာ သီဆိုထားတဲ့ သီချင်းတွေကို စုပြီး နားထောင်လို့ရမှာဖြစ်ပါတယ်။