Toyota က လက်ရှိ လျှပ်စစ်ကား အများစု မောင်းနိုင်တာထက် ၂ ဆကျော် မောင်းနိုင်မယ့် လျှပ်စစ်ကား ဘက်ထရီ အသစ်ကို ထုတ်လုပ်မယ့်အကြောင်း ကြေညာလိုက်ပါတယ်။

Toyota Unveils New EV Tech. It Looks a Lot Like Tesla's. Both Stocks Rise. | Barron's

Toyota က ၁ ခါအားသွင်းထားရင် မိုင် ၇၅၀ မောင်းနှင်နိုင်လောက်အောင် စွမ်းအင် သိုလှောင်နိုင်တဲ့ Solid-state ဘက်ထရီကို တီထွင်နေတယ်လို့ပြောပါတယ်။

အမေရိကန်က လျှပ်စစ်ကား ၁ စီးရဲ့ ပျမ်းမျှ မောင်းနှင်နိုင်တဲ့ အကွာအဝေးဟာ မိုင် ၃၀၀ အောက်ပဲရှိပြီး 2023 Lucid Air က အမြင့်ဆုံး အနေနဲ့ ၅၁၆ မိုင် မောင်းနိုင်ပါတယ်။

Toyota to launch 10 new battery EV models by 2026 | Reuters

Toyota က နောက်မျိုးဆက် ဘက်ထရီကို ၂၀၂၈ ခုနှစ်မှာ အမြောက်အများ ထုတ်လုပ်မှာ ဖြစ်ပြီး ၁၀ မိနစ်ထဲနဲ့ အားသွင်းနိုင်တယ်လို့ ပြောပါတယ်။ အဲဒီနောက်ပိုင်းမှာ မိုင် ၉၂၀ ကျော် မောင်းနှင်နိုင်တဲ့ အဆင့်မြင့် Solid-state ဘက်ထရီကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဒီကြားထဲမှာ Toyota က ၂၀၂၆ ခုနှစ်မှာ မိုင် ၆၂၀ မောင်းနှင်နိုင်တဲ့ စွမ်းရည်မြင့် Lithium-ion ဘက်ထရီကို ထုတ်လုပ်မယ်လို့ ပြောပါတယ်။

Toyota က ၂၀၂၆ ခုနှစ်မှာ လျှပ်စစ်ကား ၁.၅ သန်း ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပြီး ကုမ္ပဏီရဲ့ တန်ဖိုးကြီး Brand ဖြစ်တဲ့ Lexus ဟာ ၂၀၃၅ ခုနှစ်မှာ လျှပ်စစ်ကားတွေပဲ ထုတ်လုပ်မယ်လို့ ပြောပါတယ်။

Ref : cnet