တိုယိုတာ က အမေရိကန် အခြေစိုက် လျှပ်စစ် လေယာဉ် တက္ကစီတွေကို တီထွင်နေတဲ့ Joby Aviation နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ လျှပ်စစ် လေယာဉ် တက္ကစီကို ပြသလိုက်ပါတယ်။ အဲဒီ လေယာဉ် တက္ကစီဟာ ပိုင်းလော့နဲ့ ခရီးသည် ၄ ယောက်ကို သယ်ဆောင်နိုင်ပြီး ၁ နာရီကို ၂၀၀ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။
လျှပ်စစ် လေယာဉ် ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိဘဲ အသံဆူညံမှုလည်း မရှိပါဘူး။ လျှပ်စစ် လေယာဉ် တက္ကစီဟာ မြို့ထဲမှာ ကားလမ်း ပိတ်ဆို့တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပြီး ခရီးသည်တွေကို မြို့ထဲမှာ လျှင်မြန်စွာ သယ်ယူပို့ဆောင်ပေးနိုင်ပါတယ်။
Joby Aviation ကို ၂၀၀၉ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး လျှပ်စစ် လေယာဉ်များစွာကို စမ်းသပ်ပျံသန်းပြီးပါပြီ။ တိုယိုတာဟာ Joby Aviation မှာ နောက်ထပ် ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှပ်နှံထားပါတယ်။ ၂၀၂၃ ခုနှစ်မှာ ကုမ္ပဏီ ၂ ခုဟာ တိုယိုတာ အတွက် လေယာဉ်တွေ ထုတ်လုပ်ပေးဖို့ ရေရှည်သဘောတူညီမှုရယူခဲ့ကြပါတယ်။
Joby Aviation ရဲ့ တည်ထောင်သူနဲ့ CEO ဖြစ်သူ JoeBen Bevirt က “သန့်ရှင်းတဲ့ စွမ်းအင်နဲ့ မောင်းနှင်တဲ့ လေယာဉ်တွေကို ထုတ်လုပ်နိုင်တာဟာ သမိုင်းမှတ်တိုင် ဖြစ်ပါတယ်။ အနာဂတ်မှာ လျှပ်စစ် လေယာဉ် တက္ကစီတွေကို ထုတ်လုပ်ချင်တဲ့ တိုယိုတာ ရဲ့ ရည်မှန်းချက်ကို အထောက်အပံ့ပေးကာ ကူညီသွားမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
Ref : interestingengineering