HTC ကနေ သူရဲ့ အကောင်းဆုံးသော စမတ်ဖုန်းတစ်ခုဖြစ်လာတဲ့ HTC U11 Plus ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့ HTC U11 Plus မှာ အခြားဖုန်းတွေနဲ့ ယှဉ်ရင် ထူးခြားချက်တစ်ခုရှိနေပြီး အဲ့ဒါကတော့ ပုံမှန် Black နဲ့ Silver အရောင်တွေအပြင် Translucent Color လို့ HTC ကခေါ်တဲ့ အရောင်တစ်ရောင်ကြောင့်ဖြစ်ပါတယ်။ အဆိုပါ Translucent HTC U11 Plus ကို ဝယ်ယူတဲ့သူတွေအနေနဲ့ ဖုန်းရဲ့ နောက်ဖုံးက အကြည်ရောင်မှန်သားဖြစ်တဲ့အတွက် ဖုန်းရဲ့အတွင်းပိုင်းကိုပါ ဖောက်ထွင်းမြင်နေရမှာပါ။

HTC U11 Plus ဟာ လက်ရှိ စမတ်ဖုန်းတွေလိုပဲ ၆ လက်မအရွယ် 18:9 Ratio Quad HD+ Display ကို သုံးစွဲထားမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်အနေနဲ့လည်း မြင့်မားပြီးတော့ Snapdragon 835 CPU ပါဝင်မှာဖြစ်ပါတယ်။ RAM နဲ့ Storage ကတော့ RAM 4GB ၊ Storage 64GB နဲ့ RAM 6GB ၊ Storage 128GB ဆိုပြီးရွေးချယ်နိုင်မယ်လို့သိရပါတယ်။ MicroSD Card Slot လည်း ပါဝင်ဦးမှာပါ။

ကင်မရာအနေနဲ့ 12MP Back Camera နဲ့ 8MP Back Camera ပါဝင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့နောက်ကျောဘက်မှာ Fingerprint Scanner ပါဝင်ပြီးတော့ Battery က 3930mAh ပါဝင်မှာဖြစ်ပါတယ်။ Translucent Color မှာဆိုရင် ဖောက်ထွင်းမြင်နေရမယ့် Wireless Charging Pad ကိုမြင်ရမှာပါ။

HTC U11 Plus မှာ ဘေးဘောင်တွေကို ညစ်ပြီး နှစ်သက်ရာခိုင်းစေနိုင်တဲ့ Squeeze Feature လည်းပါဝင်မှာဖြစ်ပြီးတော့ IP 68 Rating ပါဝင်တဲ့အတွက် ရေစိုခံမှာဖြစ်ပါတယ်။

HTC U11 Plus ဖုန်းကို Android 8.0 Oreo နဲ့ အသုံးပြုသွားမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၇၉၉ ယူရို ကျသင့်မှာဖြစ်ပါတယ်။