Donald Trump ရဲ့ လူမှုကွန်ရက်က ရင်းနှီးမြှပ်နှံငွေ ဒေါ်လာ ၁ ဘီလီယမ် ရရှိဖို့ သဘောတူညီမှု ရထားပြီလို့ ကြေညာလိုက်ပါတယ်။ The Trump Media & Technology Group ဟာ နောက်နှစ် အစောပိုင်းမှာ Truth Social လူမှုကွန်ရက် App ကို ဖြန့်ချိဖို့ ကြိုးစားနေတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အမေရိကန် လွှတ်တော်ကို Trump ထောက်ခံသူတွေ အကြမ်းဖက်ခဲ့ပြီးနောက် Trump ကို Twitter နဲ့ Facebook က Ban ခဲ့ပါတယ်။ အဲဒါကို သူက မကျေနပ်တဲ့အတွက် ကိုယ်ပိုင် လူမှုကွန်ရက် ၁ ခုကို တည်ထောင်မှာပါ။

Protestors storming the US Capitol in January

Trump က “ နည်းပညာ ကုမ္ပဏီတွေရဲ့ Censor ဖြတ်တောက်မှုနဲ့ နိုင်ငံရေးမှာ တရားမမျှတမှုတွေကို အဆုံးသတ်ဖို့ ဒေါ်လာ ၁ ဘီလီယမ်ဟာ အရေးကြီးပါတယ်။ The Trump Media & Technology Group ဟာ အဲဒီ နည်းပညာ ကုမ္ပဏီတွေရဲ့ မတရားမှုတွေကို တိုက်ထုတ်ဖို့ အားကောင်းတဲ့ နေရာမှာ ရှိလာမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Former U.S. President Donald Trump looks on during his first post-presidency campaign rally at the Lorain County Fairgrounds in Wellington, Ohio, U.S., June 26, 2021. REUTERS/Shannon Stapleton

Trump ဟာ Truth Social လူမှုကွန်ရက် တည်ထောင်မယ့်အကြောင်းကို ဒီနှစ် အစောပိုင်းမှာ ကြေညာခဲ့ချိန်တုန်းက နိုင်ငံရေးနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးတာတွေကို ခွင့်ပြုမယ်လို့ ပြောခဲ့ပါတယ်။

Trump ရဲ့ လူမှုကွန်ရက် အဖွဲ့က ရင်းနှီးမြှပ်နှံသူ အဖွဲ့အစည်း ၁ ခုဆီကနေ ဒေါ်လာ ၁ ဘီလီယမ် ရတယ်လို့ ပြီးခဲ့တဲ့ စနေနေ့က ပြောကြားလိုက်ပေမယ့် ဘယ်အဖွဲ့အစည်းဆိုတာတော့ ရှင်းရှင်းလင်းလင်း မကြေညာခဲ့ပါဘူး။ Truth Social လူမှုကွန်ရက်ဟာ အခုဆိုရင် ဒေါ်လာ ၄ ဘီလီယမ် နီးပါး တန်ကြေးရှိနေပြီလို့ သိရပါတယ်။

Ref : bbc