Apple App Store က စာရင်းအရ Donald Trump ရဲ့ TRUTH Social  လူမှုကွန်ရက်ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဖြန့်ချိနိုင်ပါတယ်။ အမေရိကန်က လူတွေဟာ အဲဒီ လူမှုကွန်ရက် App ကို အသုံးပြုဖို့ ကြိုတင်စာရင်းပေးသွင်းထားနိုင်ပြီး App ရဲ့ Description မှာ တရားမမျှတဲ့ လူမှုကွန်ရက်တွေကို ယှဉ်ပြိုင်မယ်လို့ ကြုံးဝါးထားပါတယ်။ အမေရိကန် သမ္မတဟောင်းဟာ အဲဒီ App နဲ့ App ကို စီမံခန့်ခွဲမယ့် Trump Media and Technology Group (TMTG) ကို ပြီးခဲ့တဲ့ အောက်တိုဘာလက ကြေညာခဲ့တာပါ။

Trump’s social network may launch on February 21 — and it’s gonna be YUGE

Apple App Store မှာ ဖြန့်ချိမယ့် ရက်စွဲကိုသာ ဖော်ပြထားပေမယ့် လူမှုကွန်ရက်ကို ဘယ်လို အသုံးပြုနိုင်မလဲဆိုတဲ့ သတင်းအချက်အလက်တွေကို မဖော်ပြထားပါဘူး။ TMTG က အစောပိုင်းမှာ Invite-only နဲ့ အသုံးပြုနိုင်မယ်လို့ အရင်က ပြောထားခဲ့ဖူးပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ဖြန့်ချိဖို့ ကတိပေးထားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။

Trump Is Launching His Truth Social App In February - Lowyat.NET

Trump ဟာ သူ့ ကုမ္ပဏီအတွက် ရင်းနှီးမြှပ်နှံငွေတွေ ရရှိထားပါတယ်။ ပြီးခဲ့တဲ့ လကပဲ ရင်းနှီးမြှပ်နှံသူများစွာဟာ Digital World Acquisition Corp မှာ ဒေါ်လာ ၁ ဘီလီယမ် ထည့်သွင်းခဲ့ပြီး TRUTH Social ကို ဖြန့်ချိမယ့် သတင်းထွက်လာပြီးနောက်မှာ ကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေဟာ ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပါတယ်။ အခုဆိုရင် ကုမ္ပဏီဟာ ဒေါ်လာ ၅.၃ ဘီလီယမ် တန်ဖိုး ရှိလာပါပြီ။

ပြီးခဲ့တဲ့နှစ်မှာ အမေရိကန် လွှတ်တော်ကို Trump ထောက်ခံသူတွေ အကြမ်းဖက်ပြီးနောက်မှာ Twitter, Facebook , YouTube နဲ့ Shopify အပါအဝင် နာမည်ကြီး လူမှုကွန်ရက်တွေဟာ Trump ကို Ban ခဲ့ပါတယ်။ အခုတော့ Trump ဟာ သူ့ကိုယ်ပိုင် လူမှုကွန်ရက်ကို ဖြန့်ချိတော့မှာ ဖြစ်ပြီး သူ့ကို Ban ခဲ့တဲ့ လူမှုကွန်ရက်တွေကို ယှဉ်ပြိုင်တော့မှာပါ။

Ref : tnw