တွစ်တာက ဗုဒ္ဓဟူးနေ့မှာ Solana (SOL) Ecosystem က NFT or Non-fungible Token တွေကို ကြော်ငြာပေးနေတဲ့ အကောင့် ၉ ခုကို ပိတ်ပင်ခဲ့ပါတယ်။ Solana မှာ နာမည်အကြီးဆုံး NFT Collection ဖြစ်ပြီး DeGods ရဲ့ နောက်ဆက်တွဲ y00ts NFT Collection ကို သောကြာနေ့ ရောင်းချဖို့ အချိန်မတိုင်ခင်လေးမှာ တွစ်တာက ဒီလို ပြုလုပ်လိုက်တာပါ။

အခုလို ပိတ်ပင်ပြီး သိပ်မကြာခင်မှာ Solana Foundation ရဲ့ ဆက်သွယ်ရေး အကြီးအကဲ Austin Federa က “ တွစ်တာရေ၊ @y00tlist ကို ပြန်ဖွင့်ပေးပါ။ သူတို့ကို ပြန်ဖွင့်မပေးမချင်း Foundation ရဲ့ ကြော်ငြာ သုံးစွဲငွေတွေ အားလုံးကို ရပ်ထားမှာပါ။ တွစ်တာက သူတို့ကို အကောင့် ပြန်ဖွင့်ပေးဖို့ လိုပါတယ်။ ဒါမှမဟုတ် ပိတ်ပင်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ ပြောဖို့လိုပါတယ်။ “ လို့ ဆိုပါတယ်။

Premium PSD | Twitter app icon and nft non fungible token technology integration

အခုလိုခြိမ်းခြောက်ပြီး သိပ်မကြာခင်မှာ တွစ်တာက အဲဒီ အကောင့်တွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ တွစ်တာက အဲဒီ အကောင့်တွေကို ဘာကြောင့် ပိတ်ပင်ရသလဲ ဆိုတာနဲ့ ပိတ်ပင်ပြီး သိပ်မကြာခင် ဘာကြောင့် ပြန်ဖွင့်ပေးရသလဲဆိုတာတွေကို တရားဝင် ရှင်းပြတာ မရှိပါဘူး။ DeGods တည်ထောင်သူ @frankdegods က ပိတ်ပင်ထားတဲ့ အကောင့်တွေကို ပြန်လည် ဖွင့်ပေးဖို့ လှုံ့ဆော်တဲ့ Campaign ဟာ ပို့စ်တစ်ခုထဲအတွက် 20,700 Like ရခဲ့တယ်လို့ ပြောပါတယ်။

DeGods မှာ ထူးခြားဆန်းသစ်တဲ့ အဝတ်အစားတွေပါတဲ့ Virtual God Collectible ပေါင်း ၁၀,၀၀၀ ပါဝင်ပြီး လက်ရှိမှာ ကြမ်းခင်းဈေးက 519 SOL ဖြစ်ပါတယ်။ အဲဒီ Collection ဟာ မကြာခင်ကပဲ အရောင်းအဝယ်ပြုလုပ်တဲ့ ငွေပမာဏ SOL ၁ သန်းကျော်သွားပါပြီ။

Ref : cointelegraph