မြန်မာနိုင်ငံမှာတော့ Twitter အသုံးပြုသူ ရှားလှပါတယ်။ အနောက်နိုင်ငံတွေမှာတော့ Twitter ကို ကျယ်ကျယ်ပြန့်ပြန့်ကြီး အသုံးပြုကြပါတယ်။ Facebook ဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူတယ်လို့ စွပ်စွဲခံထားရတဲအချိန်မှာ Twitter ဟာ လူသုံးပိုများလာပါတယ်။ Twitter ဟာ သူ့ Twitter App အတွက် eMoji အသစ်အဆန်းများစွာကိုလည်း မိတ်ဆက်ပြသခဲ့ပါတယ်။
အဆိုပါ Emoji လေးတွေကတော့ ဆန်းသစ်ပြီး လှပတာလည်းဖြစ်ပါတယ်။ ရေပြွတ်ပုံစံ Emoji လေးတွေတောင် ပါဝင်ပါသေးတယ်။ ယခုလက်ရှိမှာ Samsung, WhatsApp, Apple ကုမ္ပဏီတွေရဲ့ Emoji တွေကသာ သုံးစွဲသူတွေရဲ့အကြိုက်ဖြစ်နေတာပါ။ ထိုအတွက်ကြောင့် Twitter ဟာ ဆန်းပြားတဲ့ eMoji တွေကို မိတ်ဆက်ပြသခဲ့ဟန် တူပါတယ်။
(2016) ခုနှစ်မှာ Apple ဟာ သူရဲ့ Emoji တွေမှာ ရိုင်ဖယ်ပုံစံ Emoji ကိုဖြုတ်ချခဲ့ပါတယ်။ ကမ္ဘာ့တစ်ဝန်းမှာ အကြမ်းဖက်မှုတွေက နေ့စဉ်ဖြစ်ပွားနေတာပါ။ ထိုအကြမ်းဖက်မှုတွေကို ဆန့်ကျင်တယ်ဆိုတဲ့သဘောနဲ့ Apple ကလုပ်ဆောင်ခဲ့တာပါ။ လူသုံးအများဆုံး Emoji တွေမှာလည်း ရိုင်ဖယ်သေနက်ပုံစံတွေ မရှိသင့်ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ Twitter ကလည်း အဆိုပါလမ်းစဉ်ကိုလိုက်ပြီး ရိုင်ဖယ်သေနက်ပုံစံအစား ရေပြွတ်သေနက်ကိုသာ Update အသစ်မှာ ထည့်သွင်းပေးခဲ့ပါတယ်။ ထိုအတွက်ကြောင့် Twitter ဟာနိုင်ငံရေးသမားတွေရဲ့ ချီးကျုးမှုကိုလည်း ရရှိခဲ့ပါတယ်။
အဆိုပါ Emoji ကိုတော့ Twemoji 2.6 Update လို့နာမည်ပေးထားပါတယ်။ မိုဘိုင်းဖုန်းနဲ့ အသုံးပြုသူတွေ သာမက Desktop နဲ့အသုံးပြုသူတွေပါ အဆိုပါ Emoji လေးကို အသုံးပြုလို့ရမှာပါ။