Facebook က Data ပေါက်ကြားမှုဖြစ်ပြီးတဲ့နောက်မှာ Social Media တွေနဲ့ပတ်သက်လို့ လူတွေစိတ်ဝင်စားမှုများပြားလာပါတယ်။ Social Media ကို အလုပ်သဘောအရအသုံးပြုနေရသူတွေကတော့ နောက်ပိုင်းမှာ Facebook မရှိလည်း အလုပ်တွင်အောင် စဉ်းစားလာရပါတယ်။

အဲ့ဒီအထဲမှာမှ Twitter ကတော့ အသုံးပြုသူတိုးလာတဲ့ Platform တစ်ခုဖြစ်လာပါတယ်။ Twitter ကတော့ Social Media ဆိုတာထက် သတင်းအချက်အလက်တွေ Share တဲ့ Platform တစ်ခုလို့ပြောရင်ပိုမှန်ပါမယ်။ Twitter ကလည်း Facebook လိုမျိုး အခမဲ့ Online Platform တစ်ခုပါ။

အခမဲ့သုံးလို့ရအောင် Facebook ရဲ့ဝင်ငွေရှာပုံအတိုင်းပဲ Twitter ကလည်း ဝင်ငွေရှာရပါသေးတယ်။ Twitter အနေနဲ့လည်း ကြော်ညာတွေပြပြီး ဝင်ငွေရှာပါတယ်။ Twitter ကတော့ ကြော်ညာတွေနဲ့ပတ်သက်လို့ Facebook လိုမျိုး နေရာတကာ Tracking လုပ်နေတာမျိုးမဟုတ်တော့ ကိုယ်ရေးကိုယ်တာအချက်အလက်နဲ့ပတ်သက်လို့တော့ ပိုစိတ်ချရတယ်လို့ ခံစားရစေပါတယ်။

Facebook ရဲ့လက်တလောအဖြစ်အပျက်ကြောင့် Facebook ကနေ Twitter ကိုပြောင်းလဲ အသုံးပြုလာသူတွေ သိသိသာသာများပြားလာခဲ့ပါတယ်။ အသုံးပြုသူများလာလေလေ ဝင်ငွေပိုကောင်းလေဖြစ်တာကြောင့် Twitter ရဲ့ဝင်ငွေပမာဏဟာလည်း ပိုများလာခဲ့ပါတယ်။ 2018 ပထမနှစ်ဦးပိုင်းမှာစပြီး အသုံးပြုသူတွေ ၆ သန်းကျော်လောက်အထိ တိုးပွားလာခဲ့ပါတယ်။

အခုလို အသုံးပြုသူအရေအတွက်များပြားလာတာဟာ အရင်နှစ်တွေကထက် ပိုများတဲ့ ပမာဏတစ်ခုအဖြစ် ခုန်တက်သွားခဲ့ပါတယ်။ အရင်နှစ်တွေတုန်းက Twitter အသုံးပြုသူအရေအတွက်က တိုးပွားမှုအလွန်နှေးကွေးခဲ့ပြီး Twitter စတင်အသုံးပြုခဲ့ကြသူတွေဟာလည်း အသုံပြုနည်းကို သေခြာနားမလည်တာကြောင့် လစဉ်ပုံမှန်အသုံးပြုသူစာရင်းက တစ်ဖြည်းဖြည်းနည်းလာခဲ့ပါတယ်။ အခုတော့ ပြန်လည်များပြားလာပြီဖြစ်တာကြောင့် ကြောင့် Twitter အနေနဲ့ သတင်း Platform တစ်ခုအဖြစ် ပြန်လည်ခေါင်းမော့လာနိုင်ဦးမှာပါ။