Musk ကတော့ Twitter အသုံးပြုသူတွေအတွက် လွတ်လပ်ခြင်းတွေကို သယ်ဆောင်လာသူလား၊ ပရမ်းပတာဖြစ်မှုတွေကို သယ်ဆောင်လာသူလားဆိုတာ မသိနိုင်သေးပါဘူး။ Twitter ရဲ့ ရာဇပလ္လင်ပေါ်ကို တက်ထိုင်ပြီးခဲ့တဲ့နောက် အတိတ်ကာလက ဆိုင်းငံ့ခံထားရတဲ့ သုံးစွဲသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

Twitter ဟာ အခုအချိန်မှာ ဆိုင်းငံ့ခံထားရတဲ့ အကောင့်တိုင်းအတွက် အယူခံဝင်တာကို လက်ခံနေပြီ ဖြစ်ပါတယ်။ ဒီအကောင့်တွေထဲမှာ Online riot စတင်ခဲ့တဲ့သူတွေလည်း ပါဝင်နေပြီး တချို့ကတော့ အစောကတည်းက ပလက်ဖောင်းပေါ်ကို ပြန်ရောက်နှင့်ပြီး ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို အယူခံဝင်တာကို လက်ခံတာဟာ Twitter ရဲ့ စည်းမျဉ်းသစ်အပေါ် ယုံကြည်မှုကို ပြသတာဖြစ်တယ်လို့တော့ ဆိုနိုင်ပါတယ်။ Locked ချထားတဲ့၊ Blocked ဖြစ်နေတဲ့၊ Suspended ဒါမှမဟုတ် Banned ခံထားရတဲ့ အသုံးပြုသူတိုင်းဟာ ပလက်ဖောင်းပေါ်ကို ပြန်ရောက်လာနိုင်တဲ့ အခွင့်အရေးကို စတင်ရရှိတော့မှာလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း တားမြစ်ခံထားရတဲ့ သုံးစွဲသူတွေရဲ့ ကျူးလွန်ခဲ့မှုတွေဟာ နောက်ထပ် ထပ်ကာထပ်ကာ ဖြစ်ပွားနေမလားဆိုတဲ့ သံသယတွေ ဖြစ်ပေါ်နေပါတယ်။ အစီအစဉ်သစ်အရ စည်းကမ်းဖောက်ဖျက်သူတွေကို “ပြင်းထန်မှုနည်းတဲ့ အရေးယူမှုပြုလုပ်” မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျူးလွန်သူတွေဟာ Reach limited ဖြစ်တာ၊ ဒါမှမဟုတ် လက်ရှိသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့ တချို့ Tweets တွေကို ဖျက်ပစ်ဖို့ ပြတ်ပြတ်သားသားတောင်းဆိုတာမျိုး ဖြစ်ပါတယ်။

ဒါဟာ Twitter မှာ Ban ခံရတာမျိုး မရှိတော့ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း မဟုတ်ပါဘူး။ လက်ရှိအချိန်အထိတော့ အယူခံခြင်း လုပ်ငန်းစဉ် ဘယ်လိုဘယ်ပုံအလုပ်လုပ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref: Phone Arena