Meta ရဲ့ Threads လူမှုကွန်ရက် App အသစ်ဟာ လက်ရှိမှာ နည်းပညာ လောကအတွင်း လူပြောအများဆုံး ဖြစ်နေပါတယ်။ Threads ကို ဒီလ ၆ ရက်နေ့က တရားဝင် ဖြန့်ချိလိုက်တာ ဖြစ်ပြီး ပထမဆုံး နေ့မှာတင် Sign Up လုပ်သူ ၄၈ သန်းရတဲ့အထိ အောင်မြင်နေပါတယ်။

Mark Zuckerberg Is Sassing Elon Musk Non-Stop on Meta's Threads

အခုတော့ Twitter ရဲ့ ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေနဲ့ အသိဉာဏ ပစ္စည်းတွေကို တရားဥပဒေနဲ့ မညီဘဲ ယူသုံးတဲ့အတွက် Meta ကို တရားစွဲမယ်လို့ Twitter က Mark Zuckerberg ထံ စာပို့လိုက်ပါတယ်။

Twitter ရဲ့ ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေကို ယူသုံးခွင့်ရှိခဲ့တဲ့ Twitter ဝန်ထမ်းဟောင်းတွေကို Meta က ငှားရမ်းထားပြီး Threads လူမှုကွန်ရက် App ကို ဖန်တီးရာမှာ Meta က အသုံးချနေတယ်လို့ စွပ်စွဲထားပါတယ်။

Zuckerberg and Musk Feud Memes Are Everywhere After Threads Launch

Threads ဟာ Twitter ကို ပုံတူကူးထားတာ ဖြစ်ပြီး Twitter ရဲ့ ကုန်သွယ်ရေးလျှို့ဝှက်ချက်နဲ့ တခြား အရေးကြီး သတင်းအချက်အလက်တွေကို သုံးနေတာ ရပ်တန့်ဖို့ Twitter က Meta ကို တောင်းဆိုလိုက်ပါတယ်။ အဲဒါဟာ ဥပဒေတွေနဲ့ မညီညွတ်ဘူးလို့ Twitter က ပြောပါတယ်။ ဒါ့အပြင် Twitter ရဲ့ ဒေတာတွေကို Meta က ယူသုံးတာ ခွင့်မပြုဘူးလို့ Twitter က သတိပေးလိုက်ပါတယ်။

Meta ရဲ့ ဆက်သွယ်ရေး ကိုယ်စားလှယ်က Twitter ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပြီး Threads အင်ဂျင်နီယာအဖွဲ့မှာ အရင်က Twitter မှာ အလုပ်လုပ်ခဲ့ဖူးသူတွေ မပါဘူးလို့ ဖြေရှင်းထားတဲ့ ကြေညာချက်ကို ထုတ်ပြန်ထားပါတယ်။

Ref : gsmarena