Elon Musk ရဲ့ တွစ်တာ ပြုပြင်ပြောင်းလဲရေးက မပြီးသေးပါဘူး။ သူ့ရဲ့ Gold badge ဟာ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်တော့ တစ်လကို အနည်းဆုံး ဒေါ်လာ တစ်ထောင် ကုန်ကျမဲ့ Badge ဖြစ်လာဖွယ် ရှိနေပါတယ်။

Twitter ဟာ Gold badge ရထားတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အစီအစဉ်သစ်တစ်ခု ရှိနေပါတယ်။ အရင်တုန်းက အခမဲ့ဖြစ်ခဲ့တဲ့ Verification ဟာ အခုတော့ တစ်လကို ဒေါ်လာ တစ်ထောင် ကုန်ကျမှာဖြစ်ပြီး နောက်ထပ်တွဲဖက် အကောင့်တစ်ခုစီအတွက် ဒေါ်လာ ၅၀ အပိုဆောင်းပေးရမယ်လို့ သိရပါတယ်။ ဒါဟာ Twitter ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ဗျူဟာအသစ်လို့ ယုံကြည်ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Twitter Blue ကတော့ အထူးသဖြင့် Influencer တွေကြားမှာ ထုံးစံအတိုင်း လူကြိုက်များနေဦးမှာဖြစ်ပါတယ်။ Twitter Blue for Business ဟာ လူသိများပြီး အတော်လေးကို ဈေးတန်တဲ့ ဝန်ဆောင်မှု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူ့ရဲ့ ဝန်ဆောင်မှုတွေက ဘာတွေလဲဆိုတာကို မသိရသေးပါဘူး။

Elon Musk ကတော့ ဟိုအရင်တုန်းက အတည်ပြုထားတဲ့ Badge ဟောင်းတွေအားလုံးကို ပယ်ဖျက်သွားမယ်လို့ ပြောထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီပလက်ဖောင်းပေါ်က ကုမ္ပဏီတွေ၊ ပုဂ္ဂလိကကျော်ကြားသူတွေ၊ အရောင်းဆိုင်တွေ စတဲ့အကောင့်တွေအနေနဲ့ Musk ရဲ့ အခကြေးငွေပေးရတဲ့ စနစ်သစ်နဲ့ တစ်ချိန်ချိန်မှာ တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Musk ရဲ့ ရည်မှန်းချက်တွေဟာ အခုအချိန်မှာတော့ သိပ်ပြီးထင်ရှားပြတ်သားတဲ့ လမ်းပေါ်ကိုမရောက်သေးပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ငွေကြေးကောက်ခံမယ်ဆိုတာကတော့ ဖြစ်နိုင်ခြေရှိတဲ့ အရွေ့တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့အစည်းတွေအတွက် Badge တွေကိုတော့ ဘယ်လိုလုပ်သွားမယ်ဆိုတာ မသိရသေးပါဘူး။

Elon Musk ဟာ ဒီပလက်ဖောင်းကို ဝယ်ယူလိုက်ပြီးတဲ့နောက် ဒေါ်လာ ၁၂.၅ ဘီလီယံ အကြွေးတင်နေတာ ဖြစ်ပါတယ်။

Ref: Gizchina