[Zawgyi]

အေမရိကန္ရဲ႕ Cyber Command က ၿပီးခဲ့တဲ့ ၾကာသာပေတးေန႔မွာ အီရန္ ေထာက္လွမ္းေရး အဖြဲ႕ကို ဆိုက္ဘာ တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ အဲဒီ ေထာက္လွမ္းေရး အဖြဲ႔ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းက ေရနံတင္ သေဘၤာမ်ားကို တိုက္ခိုက္ဖို႔ စီစဥ္ခဲ့တယ္လို႔ အေမရိကန္က ယံုၾကည္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီ တိုက္ခိုက္မႈကို သမၼတ ေဒၚနယ္လ္ထရမ့္က ခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။ ထရမ့္ဟာ အီရန္ ပစ္မွတ္မ်ားကို ေလေၾကာင္း ထိုးစစ္ဆင္ဖို႔ ညႊန္ၾကားခဲ့တဲ့ ေန႔မွာပဲ ဆိုက္ဘာတိုက္ခိုက္မႈကို ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ Iranian Revolutionary Guard ရဲ႕ ပတ္သက္ေနတဲ့ ေထာက္လွမ္းေရး အဖြဲ႕ကို တိုက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။ ဆိုက္ဘာ တိုက္ခိုက္မႈေၾကာင့္ အီရန္ရဲ႕ စစ္တပ္ ညႊန္ၾကားမႈနဲ႔ ထိန္းခ်ဳပ္ေရး စနစ္မ်ား ထိခိုက္သြားတယ္လို႔ သိရပါတယ္။ The Times က အီရန္ရဲ႕ ဒံုးက်ည္ ထိန္းခ်ဳပ္စနစ္မ်ားကိုလည္း ပစ္မွတ္ထား တိုက္ခိုက္ခဲ့တယ္လို႔ ေျပာပါတယ္။

The Times က ဒီတိုက္ခိုက္မႈကို အေမရိကန္က လြန္ခဲ့တဲ့ ရက္သတၱပတ္မ်ားစြာကတည္းက စီစဥ္ထားၿပီး ေရနံတင္ သေဘၤာမ်ားကို တိုက္ခိုက္ျခင္းနဲ႔ မၾကာခင္က အေမရိကန္ ဒရုန္းတစ္စီးကို ပစ္ခ်ခဲ့ျခင္းမ်ားေၾကာင့္ ဒီလို တိုက္ခိုက္တာလို႔ ေျပာပါတယ္။

အေမရိကန္ရဲ႕ ဆိုက္ဘာ တိုက္ခိုက္မႈကို Yahoo News က ေသာၾကာေန႔မွာ စတင္ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ အေမရိကန္က အီရန္ရဲ႕ ေထာက္လွမ္းေရးအဖြဲ႕ကို အင္တာနက္ ျပတ္ေတာက္ေအာင္ ရည္ရြယ္ခဲ့တာ ျဖစ္ပါတယ္။ အေမရိကန္က ေျမာက္ကိုရီးယားရဲ႕ ဒံုးက်ည္ စီမံကိန္းမ်ားကိုလည္း ဆိုက္ဘာ တိုက္ခိုက္မႈ ျပဳလုပ္ခဲ့ပါတယ္။ အဲဒီအတြက္ ေျမာက္ကိုရီးယားဟာ ဒံုးက်ည္ ပစ္လႊတ္မယ့္ စီမံကိန္းမ်ားစြာ မေအာင္မျမင္ျဖစ္ခဲ့ပါတယ္။

Ref : nytimes

[Unicode]

အမေရိကန်က အီရန်အား ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်

အမေရိကန်ရဲ့ Cyber Command က ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာ အီရန် ထောက်လှမ်းရေး အဖွဲ့ကို ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ထောက်လှမ်းရေး အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ရေနံတင် သင်္ဘောများကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်လို့ အမေရိကန်က ယုံကြည်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ထရမ့်ဟာ အီရန် ပစ်မှတ်များကို လေကြောင်း ထိုးစစ်ဆင်ဖို့ ညွှန်ကြားခဲ့တဲ့ နေ့မှာပဲ ဆိုက်ဘာတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Iranian Revolutionary Guard ရဲ့ ပတ်သက်နေတဲ့ ထောက်လှမ်းရေး အဖွဲ့ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် အီရန်ရဲ့ စစ်တပ် ညွှန်ကြားမှုနဲ့ ထိန်းချုပ်ရေး စနစ်များ ထိခိုက်သွားတယ်လို့ သိရပါတယ်။ The Times က အီရန်ရဲ့ ဒုံးကျည် ထိန်းချုပ်စနစ်များကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

The Times က ဒီတိုက်ခိုက်မှုကို အမေရိကန်က လွန်ခဲ့တဲ့ ရက်သတ္တပတ်များစွာကတည်းက စီစဉ်ထားပြီး ရေနံတင် သင်္ဘောများကို တိုက်ခိုက်ခြင်းနဲ့ မကြာခင်က အမေရိကန် ဒရုန်းတစ်စီးကို ပစ်ချခဲ့ခြင်းများကြောင့် ဒီလို တိုက်ခိုက်တာလို့ ပြောပါတယ်။
အမေရိကန်ရဲ့ ဆိုက်ဘာ တိုက်ခိုက်မှုကို Yahoo News က သောကြာနေ့မှာ စတင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က အီရန်ရဲ့ ထောက်လှမ်းရေးအဖွဲ့ကို အင်တာနက် ပြတ်တောက်အောင် ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က မြောက်ကိုရီးယားရဲ့ ဒုံးကျည် စီမံကိန်းများကိုလည်း ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအတွက် မြောက်ကိုရီးယားဟာ ဒုံးကျည် ပစ်လွှတ်မယ့် စီမံကိန်းများစွာ မအောင်မမြင်ဖြစ်ခဲ့ပါတယ်။

Ref : nytimes