Android ဖုန်းတွေအတွက် UC Browser ကို မသိတဲ့သူရှားမှာပါ။ လက်ရှိမှာ အကောင်းဆုံးသော Android Browser တစ်ခုဖြစ်နေပေမယ့်လည်း အခုအချိန်မှာတော့ UC Browser ဟာ Google Play Store ကနေ ဖယ်ရှားခံလိုက်ရပါပြီ။

UC Browser ဟာဆိုရင် Google Play Store မှာ Download ပြုလုပ်သူပေါင်း သန်း ၅၀၀ ခန့်ရှိနေတဲ့ Browser တစ်ခုဖြစ်ပြီး အခုလိုမျိုး ဖယ်ရှားခံလိုက်ရတာက သံသဃဖြစ်ဖွယ်ဖြစ်နေပါတယ်။

Google ကတော့ အခုလိုမျိုး UC Browser ကို ရက် ၃၀ ခန့် ဖယ်ရှားပြီး အရေးယူရတာက UC Browser ဟာ သူ့ကိုပဲ အသုံးပြုအောင် နည်းလမ်းမျိုးစုံနဲ့ကြော်ငြာနေပြီး မှားယွင်းယူဆနိုင်တဲ့ သတင်းအချက်အလက်တွေကို ဖော်ပြနေလို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် UC Browser ကို လောလောဆယ် Play Store ကနေ Download ပြုလုပ်လို့မရပေမယ့် UC Browser Mini ကိုတော့ Download ပြုလုပ်နိုင်ဦးမှာပါ။