Ulefone အမှတ်တံဆိပ်ဟာ တရုတ်ပြည်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်ပြီး ဈေးသက်သာတဲ့ Rugged အကြမ်းခံစမတ်ဖုန်းဈေးကွက်မှာ ထင်ရှားပါတယ်။ သူတို့ရဲ့ Armor စီးရီးဟာ နာမည်နဲ့လိုက်အောင် အကြမ်းခံပြီး စွမ်းဆောင်ရည်ကောင်းတဲ့ ဟန်းဆက်စီးရီးတစ်ခုပါ။

Ulefone ဟာ မကြာသေးခင်က MediaTek Helio P90 ချပ်စ်ဆက်အသုံးပြုထားတဲ့ Armor 7E ကို မိတ်ဆက်ခဲ့ပြီး ဒီဖုန်းသစ်ကို မိတ်ဆက်တဲ့အနေနဲ့ Hands-on Video တစ်ခုကိုပါ ပြသခဲ့တယ်။

ဒီစမတ်ဖုန်းရဲ့ အဓိကအားသာချက်တွေဖြစ်တဲ့ ကြီးမားတဲ့ ဘက္ထရီသက်တမ်းကနေ စွမ်းဆောင်ရည်ပိုင်းထိ ဒီဗီဒီယိုထဲမှာ ထည့်သွင်းပြထားပါတယ်။ ဒါ့အပြင် စမတ်ဖုန်းရဲ့ စပိုင်ဆန်ဆန် ဒီဇိုင်းနဲ့ နှလုံးခုန်နှုန်းတိုင်း Sensor တို့ကိုလည်း ပြသခဲ့ပါတယ်။

Armor 7E ရဲ့အတွင်းမှာ Helio P90 ချစ်ပ်ဆက်ကို 4GB RAM မန်မိုရီနဲ့တွဲဖက်ထားကာ Storage ပမာဏက 128GB ပါဝင်တယ်။ ဒီ Combo ဟာ AnTuTu Benchmark ရလဒ်တွေမှာ အထင်ကြီးစရာရလဒ်ကို ရရှိခဲ့ပါတယ်။ Armor 7E ရဲ့ စုစုပေါင်း AnTuTu ရမှတ်က 212653 ဖြစ်ပြီး CPU ရမှတ် 82227 နဲ့ GPU 41367 ပါ။ MediTek Helio P90 ဟာ Qualcomm Snapdragon 7 စီးရီးရဲ့ ရလဒ်ထက်ပါ သာလွန်ခဲ့တာဖြစ်ပါတယ်။

Ulefone Armor 7E မှာ ဖုန်မှုန့်နဲ့ ရေစိုဒဏ်ခံနိုင်မှုအတွက် IP68, IP69K အတည်ပြုချက်တွေ ရရှိထားပြီး အမေရိကန်စစ်တပ် စံချိန်စံညွှန်းနဲ့ စမ်းသပ်မှု ၂၉ မျိုးပါဝင်တဲ့ MIL-STD-810G အတည်ပြုချက်ပါ ပိုင်ဆိုင်ထားတာဖြစ်လို့ အမြင့်က ပြုတ်ကျတဲ့ဒဏ်အပါအဝင် အကြမ်းခံနိုင်မှု အတော်လေးမြင့်မားတဲ့ Rugged ဖုန်းတစ်လုံးပါ။

ရှေ့ဘက်ဆဲလ်ဖီကင်မရာ 16MP ပါဝင်ပြီး နောက်ဘက်မှာတော့ 48MP + 2MP Macro + 2MP Depth Sensor အတွဲကို အသုံးပြုထားပါတယ်။ ဘက္ထရီက 5,500 mAh တောင်ဖြစ်ပြီး 15W အားသွင်းစနစ်နဲ့ 10W ကြိုးမဲ့အားသွင်းစနစ်တို့ ပါဝင်တယ်။

Ulefone Armor 7E ဖုန်းဟာ လောလောဆယ် AliExpress ကနေ ဒေါ်လာ ၂၆၉.၉၉ (မြန်မာငွေ သုံးသိန်းရှစ်သောင်း) နဲ့ရောင်းချနေပြီး တရားဝင်ဝက်ဆိုက်မှာ အချက်အလက်အပြည့်အစုံကို ကြည့်ရှုနိုင်ပါတယ်။

Ref – Gizmo China