Ulefone ဟာ ကြီးမားတဲ့ Battery ပါတဲ့ အကြမ်းခံ စမတ်ဖုန်း‌တွေ ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း Ulefone Armor 26 Ultra ကို ကြေညာလိုက်ပြီး 121 Decibels Sound ကို ထုတ်ပေးနိုင်တဲ့ စွမ်းရည်မြင့် စပီကာကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

200MP Main , 50MP Ultrawide, 64MP Infrared နဲ့ Telephoto (3.2x Optical Zoom) ကင်မရာတွေ တပ်ဆင်ထားပါတယ်။ 6.78” Full HD+ IPS LCD Display ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Ulefone Armor 26 Ultra: Ruggedness Meets Innovation – Ulefone Official  Website

MediaTek Dimensity 8020 SoC မောင်းနှင်ထားပြီး 12GB RAM နဲ့ 512GB Storage ထည့်သွင်းထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး အရှေ့ ကင်မရာကနေ Facial Recognition ကို သုံးနိုင်ပါတယ်။ IP68/IP69K ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး အမြင့်က ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်တဲ့  MIL-STD-810H စံနှုန်း ရထားပါတယ်။

အဲဒီဖုန်းရဲ့ အမိုက်ဆုံး အစိတ်အပိုင်းက 15,600mAh Battery ဖြစ်ပြီး 120W Wired Fast Charging ထောက်ပံ့ထားပါတယ်။ တခြားဖုန်းတွေကိုလည်း အားသွင်းပေးနိုင်ပါတယ်။ ဈေးနှုန်းကို မသိရသေးပေမယ့် မေလ ၁၃ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : gizmochina