[Zawgyi]

ေစ်းကြက္ထဲကို စတင္ေရာက္ရွိလာမယ့္ Galaxy S10 စီးရီးေတြထဲက Galaxy S10 နဲ႔ S10 Plus တို႔ဟာ Qualcomm ရဲ႕ Ultrasonic In-Display Fingerprint Sensor ေတြကို ပထမဦးဆုံး အသုံးျပဳထားတဲ့ စမတ္ဖုန္းေတြ ျဖစ္ၾကပါတယ္။ လြန္ခဲ့တဲ့ ရက္ပိုင္းတုန္းက ထြက္ေပၚခဲ့တဲ့ သတင္းေတြအရဆိုရင္ အဆိုပါ Fingerprint Sensor ေတြဟာ သာမန္ Tempered Glass Screen Protectors တခ်ိဳ႕မွာ အလုပ္မလုပ္ဘူးလို႔ သိရပါတယ္။ ဒါေပမယ့္ Samsung က အသိအမွတ္ျပဳထားတဲ့ Screen Protector နဲ႔ တျခား Screen Protector ေတာ္ေတာ္မ်ားမ်ားမွာေတာ့ အလုပ္လုပ္ပါတယ္။

ယေန႔ေခတ္ In-display Fingerprint Sensor အသုံးျပဳ စမတ္ဖုန္းေတြမွာ Optical In-display Fingerprint Sensor နဲ႔ Ultrasonic In-Display Fingerprint Sensor ဆိုၿပီး ၂မ်ိဴး ရွိပါတယ္။ Optical ေတြက လက္ေဗြရာကို ဖတ္ဖို႔အတြက္ အလင္းေရာင္နဲ႔ အလုပ္လုပ္တာျဖစ္ၿပီး Ultrasonic ေတြကေတာ့ အသံလႈိင္းနဲ႔ အလုပ္လုပ္တာ ျဖစ္ပါတယ္။ Optical နဲ႔ Ultrasonic ကြာျခားသြားတဲ့ ပထမဦးဆုံး အခ်က္ကေတာ့ Ultrasonic ေတြက Optical ေတြထက္ ပိုမိုျမန္ဆန္ တိက်ပါတယ္။ ဒါ့အျပင္ Ultrasonic ေတြက ေရထဲမွာ ျဖစ္ေစ၊ အဆီျပန္ေနတဲ့ လက္နဲ႔ ျဖစ္ေစ၊ အေမွာင္ထဲမွာ ျဖစ္ေစ၊ အရမ္းေတာက္ပလြန္းတဲ့ အလင္းေရာင္ေအာက္မွာ ျဖစ္ေစ ေကာင္းစြာ အလုပ္လုပ္ႏိုင္တယ္လို႔ သိရပါတယ္။ ေနာက္ဆုံးအခ်က္ကေတာ့ Ultrasonic ေတြက Screen off ေနတဲ့ အေနအထားမွာေတာင္ Sensor ေနရာကို ဖိလိုက္တာနဲ႔ ခ်က္ျခင္း Recognize လုပ္ႏိုင္ပါတယ္။ Optical ေတြမွာေတာ့ အလင္းေရာင္ကို အသုံးျပဳၿပီး လက္ေဗြအမွတ္အသားေတြကို ဖမ္းယူရတာေၾကာင့္ Display က ေထာက္ပံ့ေပးမယ့္ အလင္းေရာင္ လိုအပ္ပါတယ္။ ( ေနာင္မ်ား အခ်ိန္ရရင္ Optical နဲ႔ Ultrasonic တို႔ရဲ႕ ကြာျခားပုံ၊ အလုပ္လုပ္ပုံေတြကို အၾကယ္တပြင့္ ရွင္းလင္းေရးသားေပးပါဦးမယ္)

Ultrasonic ေတြက အသံလႈိင္းေတြကို အသုံးျပဳၿပီး Recognize လုပ္တာ ျဖစ္တဲ့အတြက္ Screen Protector နဲ႔ Sensor ၾကားထဲမွာ ေလအနည္းငယ္ခိုသြားရင္ အလုပ္မလုပ္ေတာ့ပါဘူး။ ဒီအခ်က္ကေတာ့ Ultrasonic ေတြရဲ႕ အားနည္းခ်က္လို႔ ေျပာရမွာပါ။ ဒါ့ေၾကာင့္ Whitestone ကုမၸဏီက Galaxy S10 နဲ႔ S10 Plus တို႔အတြက္ Dome Glass Screen Protector ေတြကို ဖန္တီးခဲ့ပါတယ္။ ဒါ့အျပင္ ေလခိုတဲ့ ျပႆနာကို ျဖစ္ရွင္းဖို႔အတြက္ Liquid Optically Clear Adhesive (LOCA) နည္းပညာကိုလည္း အသုံးျပဳထားတယ္လို႔ သိရပါတယ္။

Dome Glass install ျပဳလုပ္နည္းကို ေအာက္မွာၾကည့္ရႈ႕ႏိုင္ပါတယ္။

Ref : Sammobile

[Unicode]

Galaxy S10 ရဲ့ In-display Fingerprint Sensor အတွက် Screen Protector

စျေးကွက်ထဲကို စတင်ရောက်ရှိလာမယ့် Galaxy S10 စီးရီးတွေထဲက Galaxy S10 နဲ့ S10 Plus တို့ဟာ Qualcomm ရဲ့ Ultrasonic In-display Fingerprint Sensor တွေကို ပထမဦးဆုံး အသုံးပြုထားတဲ့ စမတ်ဖုန်းတွေ ဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရဆိုရင် အဆိုပါ Fingerprint Sensor တွေဟာ သာမန် Tempered Glass Screen Protectors တချို့မှာ အလုပ်မလုပ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် Samsung က အသိအမှတ်ပြုထားတဲ့ Screen Protector နဲ့ တခြား Screen Protector တော်တော်များများမှာတော့ အလုပ်လုပ်ပါတယ်။

ယနေ့ခေတ် In-display Fingerprint Sensor အသုံးပြု စမတ်ဖုန်းတွေမှာ Optical In-display Fingerprint Sensor နဲ့ Ultrasonic In-display Fingerprint Sensor ဆိုပြီး ၂မျိူး ရှိပါတယ်။ Optical တွေက လက်ဗွေရာကို ဖတ်ဖို့အတွက် အလင်းရောင်နဲ့ အလုပ်လုပ်တာဖြစ်ပြီး Ultrasonic တွေကတော့ အသံလှိုင်းနဲ့ အလုပ်လုပ်တာ ဖြစ်ပါတယ်။ Optical နဲ့ Ultrasonic ကွာခြားသွားတဲ့ ပထမဦးဆုံး အချက်ကတော့ Ultrasonic တွေက Optical တွေထက် ပိုမိုမြန်ဆန် တိကျပါတယ်။ ဒါ့အပြင် Ultrasonic တွေက ရေထဲမှာ ဖြစ်စေ၊ အဆီပြန်နေတဲ့ လက်နဲ့ ဖြစ်စေ၊ အမှောင်ထဲမှာ ဖြစ်စေ၊ အရမ်းတောက်ပလွန်းတဲ့ အလင်းရောင်အောက်မှာ ဖြစ်စေ ကောင်းစွာ အလုပ်လုပ်နိုင်တယ်လို့ သိရပါတယ်။ နောက်ဆုံးအချက်ကတော့ Ultrasonic တွေက Screen off နေတဲ့ အနေအထားမှာတောင် Sensor နေရာကို ဖိလိုက်တာနဲ့ ချက်ခြင်း Recognize လုပ်နိုင်ပါတယ်။ Optical တွေမှာတော့ အလင်းရောင်ကို အသုံးပြုပြီး လက်ဗွေအမှတ်အသားတွေကို ဖမ်းယူရတာကြောင့် Display က ထောက်ပံ့ပေးမယ့် အလင်းရောင် လိုအပ်ပါတယ်။ ( နောင်များ အချိန်ရရင် Optical နဲ့ Ultrasonic တို့ရဲ့ ကွာခြားပုံ၊ အလုပ်လုပ်ပုံတွေကို အကြယ်တပွင့် ရှင်းလင်းရေးသားပေးပါဦးမယ်)

Ultrasonic တွေက အသံလှိုင်းတွေကို အသုံးပြုပြီး Recognize လုပ်တာ ဖြစ်တဲ့အတွက် Screen Protector နဲ့ Sensor ကြားထဲမှာ လေအနည်းငယ်ခိုသွားရင် အလုပ်မလုပ်တော့ပါဘူး။ ဒီအချက်ကတော့ Ultrasonic တွေရဲ့ အားနည်းချက်လို့ ပြောရမှာပါ။ ဒါ့ကြောင့် Whitestone ကုမ္ပဏီက Galaxy S10 နဲ့ S10 Plus တို့အတွက် Dome Glass Screen Protector တွေကို ဖန်တီးခဲ့ပါတယ်။ ဒါ့အပြင် လေခိုတဲ့ ပြဿနာကို ဖြစ်ရှင်းဖို့အတွက် Liquid Optically Clear Adhesive (LOCA) နည်းပညာကိုလည်း အသုံးပြုထားတယ်လို့ သိရပါတယ်။

Dome Glass install ပြုလုပ်နည်းကို အောက်မှာကြည့်ရှု့နိုင်ပါတယ်။

Ref : Sammobile