ဖက်ရှင် ကုမ္ပဏီ Under Armour ရဲ့ Curry Brand က NBA ကြယ်ပွင့် Stephen Curry ကို ဂုဏ်ပြုတဲ့ NFT တွေကို ရောင်းချတော့မှာ ဖြစ်ပါတယ်။ အဲဒီ NFT တွေကို Serums လို့ အမည်ပေးထားပြီး ဦးသူစနစ်နဲ့ Fans တွေကို ရောင်းချမှာ ဖြစ်ပါတယ်။ NFT တွေကိုပိုင်ရှင်တွေက ဒစ်ဂျစ်တယ် Wallet မှာ သိမ်းထားနိုင်ပြီး သူတို့ရဲ့ Avatar ကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

Working mechanism of NFT - Business News

Curry Brand ဟာ ဇွန်လကစပြီး နောက်ထပ် ဘတ်စကတ်ဘော NFT ပေါင်း ၂၀,၀၀၀ ကို ရောင်းချဖို့ စီစဉ်ထားပါတယ်။

NFT use cases for businesses - Information Age

တန်ဖိုးကြီး ကုန်ပစ္စည်း Brand နဲ့ ဖက်ရှင် Brand တွေဟာ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၈၀၀ ဘီလီယမ်တန်ကြေးရှိလာမယ်လို့ တွက်ချက်ထားတဲ့ Metaverse ဈေးကွက်ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့အနေနဲ့ NFT တွေနဲ့ Blockchain အခြေပြု ဂိမ်းတွေကို စမ်းသပ်လာကြပါတယ်။ Morgan Stanley ရဲ့ စစ်တမ်းအရ တန်ဖိုးကြီး ဖက်ရှင် Brand တွေဟာ ၂၀၃၀ ခုနှစ်မှာ ဒေါ်လာ ၅၀ ဘီလီယမ် ဝင်ငွေ ရလာနိုင်ပါတယ်။

Under Armour နဲ့ Stephen Curry တို့ဟာ NFT နယ်ပယ်ထဲ ဝင်ရောက်လာတာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ Curry Brand က Decentraland, The Sandbox, Gala Games နဲ့ Rumble Kong League အပါအဝင် ဂိမ်း ပလက်ဖောင်းများစွာမှာ အသုံးပြုနိုင်တဲ့ ဖိနပ်ကို ရောင်းချခဲ့ပါတယ်။

Ref : theblockcrypto