[Unicode]

UnionPay ကတ်များကို အစဉ်တစိုက် အသုံးပြုလာကြသူများအား ကျေးဇူးတုံ့ပြန်သော အနေဖြင့် ငွေကျပ် ၃၀,၀၀၀ သုံးသူတိုင်း ရွှေဒင်္ဂါးပြားများ ကံစမ်းနိုင်မည့် Go-for-Gold ကမ်ပိန်းကို ၁၃ ပတ်ကြာကျင်းပမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ကမ်ပိန်းတွင် အပတ်စဉ် ကံထူးရှင် တစ်ဦးစီ ရွေးချယ်သွားမည် ဖြစ်ပြီး အဆိုပါ ကံထူးရှင်သည် ကျပ် (၁၀) သိန်းခန့် တန်ဖိုးရှိ ၁၂ ဂရမ် အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများကို ရရှိမည် ဖြစ်သည်။ ကမ်ပိန်းတွင် ပါဝင်သူများ အားလုံးသည် ကျပ်သိန်း (၅၀) ခန့် တန်ဖိုးရှိ အလေးချိန် ၅၇ ဂရမ်ရှိသော ရွှေဒင်္ဂါးပြားများကို အလိုအလျောက် ကံစမ်းနိုင်ခွင့် ရရှိမည် ဖြစ်သည်။

၎င်းသည် UnionPay Myanmar မှ Customer များ ကံစမ်းနိုင်ခွင့်ရရှိရန် ပထမဆုံး အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကျင်းပသော ကမ်ပိန်းဖြစ်သည်။ ကမ်ပိန်း မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၂) ရက်နေ့တွင် မြန်မာပလာဇာ၌ ကျင်းပခဲ့သည်။ အဆိုပါ ပွဲသို့ မိတ်ဖက် ဘဏ်များအပြင် မေဂရေ့စ်ပယ်ရီ၊ ခင်ဇာခြည်ကျော်၊ သီရိကျော်၊ ကောင်းမြတ်စံ နှင့် He& She တို့မှ ပါဝင် အားဖြည့်ကူညီသော အနေဖြင့် တက်ရောက်ခဲ့သည်။

UnionPay International Southeast Asia ၏ Deputy General Manager Mr. Vincent Ling မှ “UnionPay ကတ် သုံးစွဲသူတွေအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဒင်္ဂါးပြားများ ကံစမ်းမဲ ပရိုမိုးရှင်းကို ပထမဆုံးအနေနဲ့ ကျင်းပခွင့်ရလို့ ဝမ်းသာပါတယ်။ သိကြတဲ့အတိုင်း ရွှေဆိုတာက အားလုံး မြတ်နိုးကြတဲ့ အရာတစ်ခုလေ။ ဒါကြောင့် ကံထူးရှင်တွေအားလုံးအတွက် စုစုပေါင်းတန်ဖိုး သိန်း (၁၈၀) ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို ပေးအပ်နိုင်တာ ဝမ်းသာရပါတယ်။ UnionPay ကတ်သုံးစွဲသူတွေကလည်း ရွှေဒင်္ဂါးပြားတွေကို ကံစမ်းနိုင်ခွင့်အပြင် UnionPay က ပေးစွမ်းနိုင်တဲ့ သက်တောင့်သက်သာဖြစ်စေပြီး ဘေးကင်းတဲ့ ငွေပေးချေမှု စနစ်တွေ၊ နိုင်ငံတစ်ဝှမ်း၊ ကမ္ဘာတစ်ဝှမ်း ခရီးသွားလာတဲ့အခါ၊ စားသောက်ဆိုင်တွေ ထိုင်တဲ့အခါ၊ ရှော့ပင်ထွက်တဲ့အခါ နဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေမှာ သုံးစွဲနိုင်မယ့် အထူးအခွင့်အရေးတွေ စတာတွေလည်း ရရှိဦးမှာပါ။” ဟု ဆိုသည်။

၂၀၁၉ ဒီဇင်ဘာ ၂ရက်နေ့မှ ၂၀၂၀ မတ်လ ၁ရက်နေ့ထိ အွန်လိုင်းပေါ်မှ ဖြစ်စေ၊ နိုင်ငံတွင်း ဖြစ်စေ၊ AGDဘဏ်၊ AYAဘဏ်၊ CBဘဏ်၊ GTBဘဏ်၊ KBZဘဏ်၊ MABဘဏ်၊ MOBဘဏ် နှင့် UAB ဘဏ် တို့၏ UnionPay ကတ်များကို သုံး၍ Receipt တစ်ခုတည်းအတွက် ငွေကျပ် ၃၀,၀၀၀ အသုံးပြုတိုင်း အပတ်စဉ် ကံထူးနိုင်မည့် အခွင့်အရေး တစ်ခု ရရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံပြင်ပတွင် ငွေကျပ် ၃၀,၀၀၀ နှင့် ညီမျှသော နိုင်ငံခြားငွေ ပမာဏတစ်ခုကို အသုံးပြုတိုင်း ကံထူးနိုင်မည့် အခွင့်အရေး (၁၀) ခု ရရှိမည်ဖြစ်သည်။ ကမ်ပိန်းတွင် ပါဝင်ရန်အတွက် UnionPay ကတ်ကိုင်ဆောင်သူများသည် www.unionpaygoforgold.com သို့ ၎င်းတို့၏ Receipt များကို ပေးပို့ ကံစမ်းနိုင်ပါသည်။ အပတ်စဉ် ကံထူးရှင်များကို ကျပန်းရွေးချယ်သွားမည်ဖြစ်ပြီး UnionPay Myanmar Facebook Page တွင် ကြေညာပေးသွားမည်ဖြစ်သည်။

[Zawgyi]

စုစုေပါင္းတန္ဖိုး က်ပ္သိန္း (၁၈၀)ရွိ ေ႐ႊဒဂၤါးျပားမ်ား ပါဝင္ေသာ “Go for Gold” ကမ္ပိန္းအား UnionPay မွ က်င္းပ

UnionPay ကတ္မ်ားကို အစဥ္တစိုက္ အသုံးျပဳလာၾကသူမ်ားအား ေက်းဇူးတုံ႔ျပန္ေသာ အေနျဖင့္ ေငြက်ပ္ ၃၀,၀၀၀ သုံးသူတိုင္း ေ႐ႊဒဂၤါးျပားမ်ား ကံစမ္းႏိုင္မည့္ Go-for-Gold ကမ္ပိန္းကို ၁၃ ပတ္ၾကာက်င္းပမည္ျဖစ္ေၾကာင္း ေၾကညာလိုက္သည္။ ကမ္ပိန္းတြင္ အပတ္စဥ္ ကံထူးရွင္ တစ္ဦးစီ ေ႐ြးခ်ယ္သြားမည္ ျဖစ္ၿပီး အဆိုပါ ကံထူးရွင္သည္ က်ပ္ (၁၀) သိန္းခန္႔ တန္ဖိုးရွိ ၁၂ ဂရမ္ အေလးခ်ိန္ရွိေသာ ေ႐ႊဒဂၤါးျပားမ်ားကို ရရွိမည္ ျဖစ္သည္။ ကမ္ပိန္းတြင္ ပါဝင္သူမ်ား အားလုံးသည္ က်ပ္သိန္း (၅၀) ခန္႔ တန္ဖိုးရွိ အေလးခ်ိန္ ၅၇ ဂရမ္ရွိေသာ ေ႐ႊဒဂၤါးျပားမ်ားကို အလိုအေလ်ာက္ ကံစမ္းႏိုင္ခြင့္ ရရွိမည္ ျဖစ္သည္။

၎သည္ UnionPay Myanmar မွ Customer မ်ား ကံစမ္းႏိုင္ခြင့္ရရွိရန္ ပထမဆုံး အေနျဖင့္ တစ္ႏိုင္ငံလုံး အတိုင္းအတာႏွင့္ က်င္းပေသာ ကမ္ပိန္းျဖစ္သည္။ ကမ္ပိန္း မိတ္ဆက္ပြဲ အခမ္းအနားကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ (၂) ရက္ေန႔တြင္ ျမန္မာပလာဇာ၌ က်င္းပခဲ့သည္။ အဆိုပါ ပြဲသို႔ မိတ္ဖက္ ဘဏ္မ်ားအျပင္ ေမဂေရ႕စ္ပယ္ရီ၊ ခင္ဇာျခည္ေက်ာ္၊ သီရိေက်ာ္၊ ေကာင္းျမတ္စံ ႏွင့္ He& She တို႔မွ ပါဝင္ အားျဖည့္ကူညီေသာ အေနျဖင့္ တက္ေရာက္ခဲ့သည္။

UnionPay International Southeast Asia ၏ Deputy General Manager Mr. Vincent Ling မွ “UnionPay ကတ္ သုံးစြဲသူေတြအတြက္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေ႐ႊဒဂၤါးျပားမ်ား ကံစမ္းမဲ ပ႐ိုမိုးရွင္းကို ပထမဆုံးအေနနဲ႔ က်င္းပခြင့္ရလို႔ ဝမ္းသာပါတယ္။ သိၾကတဲ့အတိုင္း ေ႐ႊဆိုတာက အားလုံး ျမတ္ႏိုးၾကတဲ့ အရာတစ္ခုေလ။ ဒါေၾကာင့္ ကံထူးရွင္ေတြအားလုံးအတြက္ စုစုေပါင္းတန္ဖိုး သိန္း (၁၈၀) ရွိတဲ့ ေ႐ႊဒဂၤါးျပားေတြကို ေပးအပ္ႏိုင္တာ ဝမ္းသာရပါတယ္။ UnionPay ကတ္သုံးစြဲသူေတြကလည္း ေ႐ႊဒဂၤါးျပားေတြကို ကံစမ္းႏိုင္ခြင့္အျပင္ UnionPay က ေပးစြမ္းႏိုင္တဲ့ သက္ေတာင့္သက္သာျဖစ္ေစၿပီး ေဘးကင္းတဲ့ ေငြေပးေခ်မႈ စနစ္ေတြ၊ ႏိုင္ငံတစ္ဝွမ္း၊ ကမာၻတစ္ဝွမ္း ခရီးသြားလာတဲ့အခါ၊ စားေသာက္ဆိုင္ေတြ ထိုင္တဲ့အခါ၊ ေရွာ့ပင္ထြက္တဲ့အခါ နဲ႔ ေဖ်ာ္ေျဖေရး လုပ္ငန္းေတြမွာ သုံးစြဲႏိုင္မယ့္ အထူးအခြင့္အေရးေတြ စတာေတြလည္း ရရွိဦးမွာပါ။” ဟု ဆိုသည္။

၂၀၁၉ ဒီဇင္ဘာ ၂ရက္ေန႔မွ ၂၀၂၀ မတ္လ ၁ရက္ေန႔ထိ အြန္လိုင္းေပၚမွ ျဖစ္ေစ၊ ႏိုင္ငံတြင္း ျဖစ္ေစ၊ AGDဘဏ္၊ AYAဘဏ္၊ CBဘဏ္၊ GTBဘဏ္၊ KBZဘဏ္၊ MABဘဏ္၊ MOBဘဏ္ ႏွင့္ UAB ဘဏ္ တို႔၏ UnionPay ကတ္မ်ားကို သုံး၍ Receipt တစ္ခုတည္းအတြက္ ေငြက်ပ္ ၃၀,၀၀၀ အသုံးျပဳတိုင္း အပတ္စဥ္ ကံထူးႏိုင္မည့္ အခြင့္အေရး တစ္ခု ရရွိမည္ျဖစ္သည္။ ျမန္မာႏိုင္ငံျပင္ပတြင္ ေငြက်ပ္ ၃၀,၀၀၀ ႏွင့္ ညီမွ်ေသာ ႏိုင္ငံျခားေငြ ပမာဏတစ္ခုကို အသုံးျပဳတိုင္း ကံထူးႏိုင္မည့္ အခြင့္အေရး (၁၀) ခု ရရွိမည္ျဖစ္သည္။ ကမ္ပိန္းတြင္ ပါဝင္ရန္အတြက္ UnionPay ကတ္ကိုင္ေဆာင္သူမ်ားသည္ www.unionpaygoforgold.com သို႔ ၎တို႔၏ Receipt မ်ားကို ေပးပို႔ ကံစမ္းႏိုင္ပါသည္။ အပတ္စဥ္ ကံထူးရွင္မ်ားကို က်ပန္းေ႐ြးခ်ယ္သြားမည္ျဖစ္ၿပီး UnionPay Myanmar Facebook Page တြင္ ေၾကညာေပးသြားမည္ျဖစ္သည္။