အခုစမတ်ဖုန်းစျေးကွက်ထဲကို အသစ်ဝင်ရောက်လာတဲ့ Chipset Maker တစ်ဦးဖြစ်တဲ့ UNISOC ကနေ ထူးထူးခြားခြား ကမ္ဘာ့ပထမဆုံး 5G 6nm Chipset အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒါကတော့ Tiger T7520 လို့နာမည်ပေးထားပြီးတော့ ထူးခြားချက်တွေအများအပြားပါဝင်နေတာလည်းဖြစ်ပါတယ်။

အဆိုပါ Tiger T7520 Chipset ဟာ 6nm EUV Process ကို အသုံးပြုထားပြီး TSMC ကနေ ထုတ်လုပ်ပေးပုံရပါတယ်။ 8-Core Processor အမျိုးအစားဖြစ်ပြီး Cortex-A76 Cores ၄ လုံးနဲ့ Cortex-A55 Cores ၄ လုံးပါဝင်မှာဖြစ်ပါတယ်။ GPU ပိုင်းအနေနဲ့ကတော့ Mali G57 GPU ကိုထည့်သွင်းပေးထားပါတယ်။

UNISOC ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး 6nm Processor ကို အသုံးပြုထားတဲ့အတွက် Transistor တွေရဲ့ Density က ၁၈ ရာခိုင်နှုန်းပိုတိုးတက်လာပြီး ပါဝါစားသုံးမှုကလည်း ၈ ရာခိုင်နှုန်းပိုနည်းသွားတယ်လို့ သိရပါတယ်။ 5G Modem ကလည်း သီးသန့်အနေနဲ့မဟုတ်ပဲ Chipset ထဲမှာပဲ တပါတည်းထည့်သွင်းထားတာဖြစ်တယ်လို့ သိရပါတယ်။

UNISOC ကတော့ ဒီ Tiger T7520 ရဲ့ 5G Modem ဟာ NSA နဲ့ SA 5G Network တွေအပြင် 4G ၊ 3G နဲ့ 2G Network တွေကိုပါ ထောက်ပံ့ပေးနိုင်ပြီး SA Network တွေမှာ Uplink Speed ကို 3.25Gbps အထိရရှိမယ်လို့ ပြောကြားခဲ့ပါတယ်။ Dual SIM Dual 5G နဲ့ VoNR High Resolution Audio & Video Call တွေကိုလည်း Support ပြုလုပ်ဦးမှာပါ။

တခြား Feature တွေအနေနဲ့ကတော့ ယခင် Generation ထက် ပါဝါစားသုံးမှု ၅၀ ရာခိုင်နှုန်းပိုမိုတိုးတက်လာပြီး စွမ်းဆောင်ရည်ပိုတိုးတက်လာတဲ့ NPU ၊ 120Hz 4K HDR10+ Display ၊ 6th Gen Vivimagic Solution ၊ 2nd Gen Full Dynamic Range Technology ၊ 100MP Camera Sensor တွေကို Support ပေးနိုင်တဲ့ 4-core ISP လို နည်းပညာတွေလည်းပါဝင်ဦးမှာပါ။

UNISOC ကတော့ အခု Tiger T7520 5G Chpset ကို အရင်ဆုံးအသုံးပြုလာမယ့် စမတ်ဖုန်းက ဘာဖြစ်မလဲဆိုတာကိုတော့ ဖော်ပြသွားခြင်းမရှိခဲ့ပါဘူး။

Ref – Gizmo China