Zawgyi

မုိဘုိင္းဂိမ္းေစ်းကြက္ဟာ ႏွစ္စဥ္တုိးတက္လာေနၿပီး ဂိမ္းကုမၸဏီႀကီးေတြအေနနဲ႔ တတ္ႏုိင္သေလာက္ မုိဘုိင္းဂိမ္မာေတြကို ဆြဲေဆာင္ႏုိင္ဖို႔အတြက္ သူတုိ႔ရဲ႕ ႏွစ္ေပါင္းမ်ားစြာ ေအာင္ျမင္မႈရထားတဲ့ ဂိမ္းစီးရီးေတြကို မုိဘုိင္းဗားရွင္း ျပန္ထုတ္လာၾကပါတယ္။ အခုတစ္ခါ Android ပလက္ေဖာင္းေပၚကို သိပ္မၾကာတဲ့အခ်ိန္အတြင္း ေရာက္လာမယ့္ ဂိမ္းအခ်ဳိ႕ကို ေဖာ္ျပေပးပါရေစ။

League of Legends: Wild Rift

PC ဂိမ္မာေတြကေတာ့ LOL လို႔ အတုိေကာက္ေခၚတဲ့ League of Legends ကို မသိသူမရွိသေလာက္ပါပဲ။ ဆယ္စုႏွစ္တစ္ခုၾကာ ေအာင္ျမင္မႈရရွိခဲ့တဲ့ LOL ရဲ႕ မိခင္ကုမၸဏီ Riot Games က ဆယ္ႏွစ္ျပည့္အေနနဲ႔ LOL ကို အေျခခံထားတဲ့ ဂိမ္းအသစ္ေတြနဲ႔ ပေရာဂ်က္အသစ္ေတြကို ခ်ျပခဲ့ရာမွာ LOL ကို မုိဘုိင္းဗားရွင္းအေနနဲ႔ ထုတ္လာမယ့္ League of Legends: Wild Rift က ထိပ္ဆုံးက ပါလာခဲ့ပါတယ္။ လက္ရွိလူႀကိဳက္အမ်ားဆုံး Esports အမ်ဳိးအစားတစ္ခု ျဖစ္တဲ့ 5vs5 MOBA ဂိမ္းအေနနဲ႔ပဲ ထြက္လာမွာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မကုန္ခင္ အခ်ဳိ႕ႏုိင္ငံေတြမွာ စကစားႏုိင္မွာျဖစ္ၿပီး ၂၀၂၀ အတြင္းမွာေတာ့ အျပည့္အဝျဖန္႔ခ်ိလာမွာပါ။

Minecraft Earth

Minecraft ကေတာ့ ဂိမ္းမေဆာ့တဲ့သူေတြေတာင္ ၾကားဖူးနားဝရွိမယ့္ ဂိမ္းတစ္ခုပါ။ Microsoft ဟာ Minecraft Earth ကို မုိဘုိင္းေပၚမွာပါ လူၾကိဳက္မ်ားဖို႔အတြက္ ႀကိဳးစားလာမွာျဖစ္ၿပီး သူ႕ရဲ႕ Gameplay ကေတာ့ Pokemon GO လိုမ်ဳိး AR မုိဘုိင္းဂိမ္းတစ္ခုျဖစ္လာမွာပါ။ ဒီဂိမ္းထဲမွာ မူရင္း Minecraft ပရိသတ္ေတြ ရင္းႏွီးၿပီးသား Feature ေတြနဲ႔အတူ Feature အသစ္ေတြလည္း ပါဝင္လာမယ္လို႔ ဆုိထားပါတယ္။ Free-to-Play အျဖစ္ အခမဲ့ကစားႏုိင္တဲ့ ဂိမ္းအေနနဲ႔ပဲ ထုတ္လႊင့္ေပးမွာ ျဖစ္ေပမယ့္ In-game Purchase စနစ္ေတာ့ပါဦးမွာပါ။ Minecraft Earth ရဲ႕ Closed Beta ကို ေအာက္တုိဘာလထဲမွာ အုိက္စ္လန္နဲ႔ နယူးဇီလန္ႏုိင္ငံေတြမွာ ထုတ္လႊင့္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ႏုိင္ငံတကာ ပေလးစတုိးေတြေပၚကို မၾကာခင္ေရာက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Forza Street

Racing သုိ႔မဟုတ္ ကားၿပိဳင္ပြဲ ဂိမ္းအမ်ဳိးအစားဟာ အေစာပုိင္းဂိမ္းစက္ေတြကေန အခုေခတ္ စမတ္ဖုန္းေတြေပၚထိ လူႀကိဳက္မ်ားတဲ့ အမ်ဳိးအစားျဖစ္ပါတယ္။ Microsoft ရဲ႕ Turn 10 Studios ဟာ သူတုိ႔ရဲ႕ နာမည္ေက်ာ္ Forza Racing စီးရီးကို အခမဲ့မုိဘုိင္းဂိမ္းအျဖစ္ အသြင္ေျပာင္းလာၿပီး Windows 10 စက္ေတြေပၚမွာေတာ့ ေဆာ့လို႔ေတာင္ရေနပါၿပီ။ ၂၀၁၉ မကုန္ခင္မွာ Android ကိုလည္း ဝင္ေရာက္လာမွာျဖစ္ပါတယ္။ Racing ဂိမ္းေတြ ထုံးစံအတုိင္းပဲ ၿပိဳင္ပြဲေတြ ဝင္ၿပိဳင္ရမယ္၊ ရလာတဲ့ ပြိဳင့္ေတြနဲ႔ ကားအသစ္ေတြ၊ ပစၥည္းအသစ္ေတြ ဝယ္ယူရမွာပါ။ သူ႕နာမည္ကေျပာထားတဲ့အတုိင္းပဲ ဒီဂိမ္းက Street Racing အေၾကာင္းအရာပဲ ျဖစ္မွာပါ။

Apex Legends

မုိဘုိင္းဂိမ္မာေတြကေတာ့ ဒီနာမည္ကို ၾကားဖူးခ်င္မွၾကားဖူးမွာျဖစ္ေပမယ့္ Apex Legends ဟာ အခုႏွစ္ထဲမွာ ေတာ္ေတာ္ေလး ေခတ္စားလာတဲ့ Battle Royale Shooter ဂိမ္းတစ္ခုပါ။ လက္ရွိ PC နဲ႔ Console ေတြမွာ ကစားလို႔ရေနၿပီ ျဖစ္ၿပီး မၾကာခင္ မုိဘုိင္းပလက္ေဖာင္းကိုပါ နယ္ခ်ဲ႕လာေတာ့မွာျဖစ္ပါတယ္။ ဒီဂိမ္းထဲမွာ ကစားသူေတြဟာ ကိုယ္ေဆာ့ကစားခ်င္တဲ့ ကာရုိက္တာေတြကို ေရြးခ်ယ္ရၿပီး တစ္ဦးခ်င္းစီမွာ မတူညီတဲ့ ပါဝါေတြရွိၾကပါတယ္။ ထို႔ေနာက္ စိတ္ကူးယဥ္သိပၸံ Sci-fi ေနာက္ခံ လက္နက္ေတြနဲ႔ေျမပုံမွာ ေဆာ့ကစားရမွာပါ။ ျမင္ေနၾက အစစ္အမွန္ဆန္တဲ့ လက္နက္ေတြ၊ ျမင္ကြင္းေတြ မဟုတ္တာေၾကာင့္ စိတ္ကို ေတာ္ေတာ္ေလး လန္းဆန္းေစတဲ့ BR Shooter ဂိမ္းအသစ္ျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၁၉ ထဲမွာ ျမင္ရမလား ဆုိတာေတာ့ မေသခ်ာေသးပါဘူး။

Payday: Crime War

Payday ဟာလည္း PC နဲ႔ Console ေတြမွာ ေက်ာ္ၾကားၿပီးသား ဂိမ္းစီးရီးတစ္ခုျဖစ္ၿပီး Android ပလက္ေဖာင္းကို ဦးတည္လာပါၿပီ။ Payday: Crime War ကေတာ့ Multiplayer Team-based Player vs Player ဂိမ္းျဖစ္ပါတယ္။ Counter-strike လိုပဲ ဘဏ္ဓါးျပတုိက္မယ့္သူ(လူဆုိး)ေတြက တစ္ဖက္၊ အထူးႏွိမ္ႏွင္းေရးတပ္ဖြဲ႕ဝင္ေတြက တစ္ဖက္ ေဆာ့ရမွာပါ။ စုစုေပါင္း ကစားသမားရွစ္ေယာက္ထိ ေဆာ့ႏုိင္မယ္ဆုိတဲ့အတြက္ တစ္ဖက္ကို ေလးေယာက္ကစားရမွာ ေသခ်ာပါတယ္။ သူကေတာ့ ထြက္ရွိရက္ကို လုံးဝမသိရေသးပါဘူး။ ဒါေပမယ့္ ဂိမ္းထုတ္လုပ္သူေတြရဲ႕ ဝက္ဆုိက္မွာ သြားၿပီး စာရင္းေပးထားရင္ ထြက္ရွိလာတဲ့အခါ အသိေပးမွာျဖစ္ပါတယ္။

Ref – Android Authority

Unicode

မိုဘိုင်းဂိမ်းဈေးကွက်ဟာ နှစ်စဉ်တိုးတက်လာနေပြီး ဂိမ်းကုမ္ပဏီကြီးတွေအနေနဲ့ တတ်နိုင်သလောက် မိုဘိုင်းဂိမ်မာတွေကို ဆွဲဆောင်နိုင်ဖို့အတွက် သူတို့ရဲ့ နှစ်ပေါင်းများစွာ အောင်မြင်မှုရထားတဲ့ ဂိမ်းစီးရီးတွေကို မိုဘိုင်းဗားရှင်း ပြန်ထုတ်လာကြပါတယ်။ အခုတစ်ခါ Android ပလက်ဖောင်းပေါ်ကို သိပ်မကြာတဲ့အချိန်အတွင်း ရောက်လာမယ့် ဂိမ်းအချို့ကို ဖော်ပြပေးပါရစေ။

League of Legends: Wild Rift

PC ဂိမ်မာတွေကတော့ LOL လို့ အတိုကောက်ခေါ်တဲ့ League of Legends ကို မသိသူမရှိသလောက်ပါပဲ။ ဆယ်စုနှစ်တစ်ခုကြာ အောင်မြင်မှုရရှိခဲ့တဲ့ LOL ရဲ့ မိခင်ကုမ္ပဏီ Riot Games က ဆယ်နှစ်ပြည့်အနေနဲ့ LOL ကို အခြေခံထားတဲ့ ဂိမ်းအသစ်တွေနဲ့ ပရောဂျက်အသစ်တွေကို ချပြခဲ့ရာမှာ LOL ကို မိုဘိုင်းဗားရှင်းအနေနဲ့ ထုတ်လာမယ့် League of Legends: Wild Rift က ထိပ်ဆုံးက ပါလာခဲ့ပါတယ်။ လက်ရှိလူကြိုက်အများဆုံး Esports အမျိုးအစားတစ်ခု ဖြစ်တဲ့ 5vs5 MOBA ဂိမ်းအနေနဲ့ပဲ ထွက်လာမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်မကုန်ခင် အချို့နိုင်ငံတွေမှာ စကစားနိုင်မှာဖြစ်ပြီး ၂၀၂၀ အတွင်းမှာတော့ အပြည့်အဝဖြန့်ချိလာမှာပါ။

Minecraft Earth

Minecraft ကတော့ ဂိမ်းမဆော့တဲ့သူတွေတောင် ကြားဖူးနားဝရှိမယ့် ဂိမ်းတစ်ခုပါ။ Microsoft ဟာ Minecraft Earth ကို မိုဘိုင်းပေါ်မှာပါ လူကြိုက်များဖို့အတွက် ကြိုးစားလာမှာဖြစ်ပြီး သူ့ရဲ့ Gameplay ကတော့ Pokemon GO လိုမျိုး AR မိုဘိုင်းဂိမ်းတစ်ခုဖြစ်လာမှာပါ။ ဒီဂိမ်းထဲမှာ မူရင်း Minecraft ပရိသတ်တွေ ရင်းနှီးပြီးသား Feature တွေနဲ့အတူ Feature အသစ်တွေလည်း ပါဝင်လာမယ်လို့ ဆိုထားပါတယ်။ Free-to-Play အဖြစ် အခမဲ့ကစားနိုင်တဲ့ ဂိမ်းအနေနဲ့ပဲ ထုတ်လွှင့်ပေးမှာ ဖြစ်ပေမယ့် In-game Purchase စနစ်တော့ပါဦးမှာပါ။ Minecraft Earth ရဲ့ Closed Beta ကို အောက်တိုဘာလထဲမှာ အိုက်စ်လန်နဲ့ နယူးဇီလန်နိုင်ငံတွေမှာ ထုတ်လွှင့်ခဲ့ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ ပလေးစတိုးတွေပေါ်ကို မကြာခင်ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Forza Street

Racing သို့မဟုတ် ကားပြိုင်ပွဲ ဂိမ်းအမျိုးအစားဟာ အစောပိုင်းဂိမ်းစက်တွေကနေ အခုခေတ် စမတ်ဖုန်းတွေပေါ်ထိ လူကြိုက်များတဲ့ အမျိုးအစားဖြစ်ပါတယ်။ Microsoft ရဲ့ Turn 10 Studios ဟာ သူတို့ရဲ့ နာမည်ကျော် Forza Racing စီးရီးကို အခမဲ့မိုဘိုင်းဂိမ်းအဖြစ် အသွင်ပြောင်းလာပြီး Windows 10 စက်တွေပေါ်မှာတော့ ဆော့လို့တောင်ရနေပါပြီ။ ၂၀၁၉ မကုန်ခင်မှာ Android ကိုလည်း ဝင်ရောက်လာမှာဖြစ်ပါတယ်။ Raacing ဂိမ်းတွေ ထုံးစံအတိုင်းပဲ ပြိုင်ပွဲတွေ ဝင်ပြိုင်ရမယ်၊ ရလာတဲ့ ပွိုင့်တွေနဲ့ ကားအသစ်တွေ၊ ပစ္စည်းအသစ်တွေ ဝယ်ယူရမှာပါ။ သူ့နာမည်ကပြောထားတဲ့အတိုင်းပဲ ဒီဂိမ်းက Street Racing အကြောင်းအရာပဲ ဖြစ်မှာပါ။

Apex Legends

မိုဘိုင်းဂိမ်မာတွေကတော့ ဒီနာမည်ကို ကြားဖူးချင်မှကြားဖူးမှာဖြစ်ပေမယ့် Apex Legends ဟာ အခုနှစ်ထဲမှာ တော်တော်လေး ခေတ်စားလာတဲ့ Battle Royale Shooter ဂိမ်းတစ်ခုပါ။ လက်ရှိ PC နဲ့ Console တွေမှာ ကစားလို့ရနေပြီ ဖြစ်ပြီး မကြာခင် မိုဘိုင်းပလက်ဖောင်းကိုပါ နယ်ချဲ့လာတော့မှာဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ ကစားသူတွေဟာ ကိုယ်ဆော့ကစားချင်တဲ့ ကာရိုက်တာတွေကို ရွေးချယ်ရပြီး တစ်ဦးချင်းစီမှာ မတူညီတဲ့ ပါဝါတွေရှိကြပါတယ်။ ထို့နောက် စိတ်ကူးယဉ်သိပ္ပံ Sci-fi နောက်ခံ လက်နက်တွေနဲ့မြေပုံမှာ ဆော့ကစားရမှာပါ။ မြင်နေကြ အစစ်အမှန်ဆန်တဲ့ လက်နက်တွေ၊ မြင်ကွင်းတွေ မဟုတ်တာကြောင့် စိတ်ကို တော်တော်လေး လန်းဆန်းစေတဲ့ BR Shooter ဂိမ်းအသစ်ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၉ ထဲမှာ မြင်ရမလား ဆိုတာတော့ မသေချာသေးပါဘူး။

Payday: Crime War

Payday ဟာလည်း PC နဲ့ Console တွေမှာ ကျော်ကြားပြီးသား ဂိမ်းစီးရီးတစ်ခုဖြစ်ပြီး Android ပလက်ဖောင်းကို ဦးတည်လာပါပြီ။ Payday: Crime War ကတော့ Multiplayer Team-based Player vs Player ဂိမ်းဖြစ်ပါတယ်။ Counter-strike လိုပဲ ဘဏ်ဓါးပြတိုက်မယ့်သူ(လူဆိုး)တွေက တစ်ဖက်၊ အထူးနှိမ်နှင်းရေးတပ်ဖွဲ့ဝင်တွေက တစ်ဖက် ဆော့ရမှာပါ။ စုစုပေါင်း ကစားသမားရှစ်ယောက်ထိ ဆော့နိုင်မယ်ဆိုတဲ့အတွက် တစ်ဖက်ကို လေးယောက်ကစားရမှာ သေချာပါတယ်။ သူကတော့ ထွက်ရှိရက်ကို လုံးဝမသိရသေးပါဘူး။ ဒါပေမယ့် ဂိမ်းထုတ်လုပ်သူတွေရဲ့ ဝက်ဆိုက်မှာ သွားပြီး စာရင်းပေးထားရင် ထွက်ရှိလာတဲ့အခါ အသိပေးမှာဖြစ်ပါတယ်။

Ref – Android Authority