Apple မှ Augmented Reality glasses ထုတ်တော့မည်

iDevice အသစ်တွေထုတ်ဖို့ ကြိုးပမ်းနေတဲ့ Apple ဟာ AR (Augmented Reality) မျက်မှန် ထပ်ထုတ်တော့မယ်လို့ သိရပါတယ်။ ဒီမျက်မှန်ဟာ တခြား iProduct တွေနဲ့ တွဲဖက်အသုံးပြုလို့ရမှာဖြစ်ပြီး ပိုမိုကောင်းမွန် အသက်ဝင်တဲ့ မြင်ကွင်းမျိုးကို ဖန်တီးပေးမှာပဲ ဖြစ်ပါတယ်။

Wearable Product တွေ သိပ်မထုတ်ဖြစ်တဲ့ Apple ဟာ ဒီတီထွင်မှုအပေါ် အတော်လေး အားထုတ်ထားတာ တွေ့ရပါတယ်။ ထွက်ရှိမယ့် အချိန်ကတော့ 2019 မှ ဖြစ်နိုင်တယ်လို့ ကောလဟာလတွေ ကြားနေရပြီး 2020 မှာ သုံးစွဲသူတွေလက်ထဲ ရောက်မယ်လို့ သိရပါတယ်။

Apple မှ Augmented Reality glasses ထုတ်တော့မည်

Augmented Reality ဆိုတာဘာလဲ။

Virtual Reality ဆိုတာကို အတော်များများက အကျွမ်းတဝင်ရှိကြပြီးသားပါ။ မျက်မှန်/headset တပ်လိုက်ပြီး သူနဲ့သက်ဆိုင်တဲ့ Interactive ဖြစ်တဲ့ App တစ်ခုနဲ့ ချိတ်ဆက်လိုက်တဲ့အခါမှာ ရှေ့နောက် အပေါ်အောက် ဘေးပတ်ပတ်လည် ၃၆၀ ဒီဂရီလုံး သက်ဝင်လှုပ်ရှားလာတာမျိုးကို VR လို့ခေါ်တာပါ။
Augmented Reality (AR) ကို မျက်စိထဲမြင်အောင် ပြောရရင် Snapchat Stickers တွေလိုပါပဲ။ ကိုယ့်မျက်နှာပေါ်မှာ ကြောင်ရုပ်လေးရဲ့ နှာခေါင်း နားရွက်တွေ တပ်ပေးလို့ရသလိုပါ။ ကိုယ့်မျက်နှာကို Auto Scan လုပ်ပြီး အလိုအလျောက် အရုပ်ပုံလေးတွေ တပ်ပေးနိုင်တာမျိုးဖြစ်ပါတယ်။ Pokemon Go ဆော့တဲ့အခါ သင့်ဖုန်း Screen မှာ Pikachu လေးပေါ်လာအောင် လုပ်ပေးတာမျိုးကလည်း AR ပါပဲ။

Apple မှ Augmented Reality glasses ထုတ်တော့မည်

Apple ရဲ့ iPhone 8 တီထွင်မှုမှာဆိုရင်လည်း AR ပေါ် အခြေခံထားတယ်လို့ ပြောကြပါတယ်။

Apple မှ Augmented Reality glasses ထုတ်တော့မည်

အခုလို AR Glasses ထပ်ထုတ်လိုက်ခြင်းဟာ iDevice တွေအသုံးပြုမှုအပေါ် အများကြီး အကျိုးသက်ရောက်လိမ့်မယ်လို့လည်း တာဝန်ရှိသူတွေက မျှော်လင့်ထားပါတယ်။

အတိအကျ မသိရသေးပေမယ့် ခန့်မှန်းဈေးနှုန်းမှာ အနိမ့်ဆုံး US$ 500 ဝန်းကျင်ရှိမယ်လို့ သတင်းရရှိထားပါတယ်။