[Zawgyi]

Xiaomi TV ဌာနရဲ႕ အေထြေထြ မန္ေနဂ်ာ Li Xiaoshuang က ေနာက္ထုတ္မယ့္ TV အမ်ားစုမွာ ပါမယ့္ Chipset အသစ္အေၾကာင္းကို ၀ီဘိုမွာ မွ်ေ၀လိုက္ပါတယ္။ စိတ္၀င္စားစရာေကာင္းတာက ေနာက္ထုတ္မယ့္ Mi TV Pro မွာ 12 Nanometer Process နဲ႔ တည္ေဆာက္ထားတဲ့ Amlogic Chip ပါလာမယ္လို႔ သူက ေျပာပါတယ္။ အဲဒီ Chip ကို ကုမၸဏီ ၂ ခု ပူေပါင္း ဖန္တီးထားတာ ျဖစ္ၿပီး Xiaomi က ဂုဏ္ယူေနပံုေပၚပါတယ္။

အရင္မ်ိဳးဆက္ Chip ေတြနဲ႔ ႏိႈင္းယွဥ္ရင္ Chip အသစ္ဟာ စြမ္းေဆာင္ရည္ အပိုင္းမွာ ၆၃ ရာခုိင္ႏႈန္း တိုးတက္လာၿပီး စြမ္းအင္ စားသံုးမႈ အပိုင္းမွာ ၅၅ ရာခုိင္ႏႈန္း သက္သာလာတယ္လို႔ Xiaomi က ေျပာပါတယ္။ ကုမၸဏီ အရင္ ေရာင္းခ်ထားတဲ့ Boxes နဲ႔ TV ေတြရဲ႕ စြမ္းေဆာင္ရည္ဟာလည္း လန္းတဲ့ အတြက္ Chip အသစ္ဟာ ဘယ္ေလာက္ေတာင္ ပိုလန္းမလဲဆိုတာ စိတ္၀င္စားစရာေကာင္းပါတယ္။

Xiaomi ဟာ အနာဂတ္ ထုတ္ကုန္ေတြအတြက္ ပိုစြမ္းရည္ျမင့္တဲ့ Chip ေတြကို ထုတ္လုပ္ေတာ့မယ္လို႔ ထင္ပါတယ္။ ကုမၸဏီဟာ သူ႔ရဲ႕ ပထမဆံုး 8K TV ျဖစ္တဲ့ Mi TV Pro 65-inch နဲ႔ 55-inch ေတြကို ဒီလ ၂၄ ရက္မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Resolution ျမင့္တဲ့ Content ေတြကို ေခ်ာမြတ္စြာ ၾကည့္ႏုိင္ဖို႔ TV ရဲ႕ စြမ္းရည္ကလည္း ျမင့္မားရမွာပါ။

Mi TV Pro အသစ္အတြက္ 55-inch နဲ႔ 65-inch Display ေတြ ထုတ္မယ္ဆိုတာ သိထားၿပီးပါၿပီ။ အခုေတာ့ ေမာင္းနွင္ထားမယ့္ Chip ကိုပါ သိလာရပါၿပီ။ တျခား Specs ေတြနဲ႔ ေစ်းႏႈန္းကိုေတာ့ မသိရေသးေပမယ့္ အရင္ Mi TV ေတြထက္ ေစ်းႀကီးမွာ ေသခ်ာပါတယ္။

Ref : gizmochina

[Unicode]

နောက်ထုတ်မယ့် Xiaomi Mi TV Pro မှာ Amlogic Chip ထည့်သွင်းထားမည်

Xiaomi TV ဌာနရဲ့ အထွေထွေ မန်နေဂျာ Li Xiaoshuang က နောက်ထုတ်မယ့် TV အများစုမှာ ပါမယ့် Chipset အသစ်အကြောင်းကို ဝီဘိုမှာ မျှဝေလိုက်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက နောက်ထုတ်မယ့် Mi TV Pro မှာ 12 Nanometer Process နဲ့ တည်ဆောက်ထားတဲ့ Amlogic Chip ပါလာမယ်လို့ သူက ပြောပါတယ်။ အဲဒီ Chip ကို ကုမ္ပဏီ ၂ ခု ပူပေါင်း ဖန်တီးထားတာ ဖြစ်ပြီး Xiaomi က ဂုဏ်ယူနေပုံပေါ်ပါတယ်။

အရင်မျိုးဆက် Chip တွေနဲ့ နှိုင်းယှဉ်ရင် Chip အသစ်ဟာ စွမ်းဆောင်ရည် အပိုင်းမှာ ၆၃ ရာခိုင်နှုန်း တိုးတက်လာပြီး စွမ်းအင် စားသုံးမှု အပိုင်းမှာ ၅၅ ရာခိုင်နှုန်း သက်သာလာတယ်လို့ Xiaomi က ပြောပါတယ်။ ကုမ္ပဏီ အရင် ရောင်းချထားတဲ့ Boxes နဲ့ TV တွေရဲ့ စွမ်းဆောင်ရည်ဟာလည်း လန်းတဲ့ အတွက် Chip အသစ်ဟာ ဘယ်လောက်တောင် ပိုလန်းမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Xiaomi ဟာ အနာဂတ် ထုတ်ကုန်တွေအတွက် ပိုစွမ်းရည်မြင့်တဲ့ Chip တွေကို ထုတ်လုပ်တော့မယ်လို့ ထင်ပါတယ်။ ကုမ္ပဏီဟာ သူ့ရဲ့ ပထမဆုံး 8K TV ဖြစ်တဲ့ Mi TV Pro 65-inch နဲ့ 55-inch တွေကို ဒီလ ၂၄ ရက်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ Resolution မြင့်တဲ့ Content တွေကို ချောမွတ်စွာ ကြည့်နိုင်ဖို့ TV ရဲ့ စွမ်းရည်ကလည်း မြင့်မားရမှာပါ။

Mi TV Pro အသစ်အတွက် 55-inch နဲ့ 65-inch Display တွေ ထုတ်မယ်ဆိုတာ သိထားပြီးပါပြီ။ အခုတော့ မောင်းနှင်ထားမယ့် Chip ကိုပါ သိလာရပါပြီ။ တခြား Specs တွေနဲ့ ဈေးနှုန်းကိုတော့ မသိရသေးပေမယ့် အရင် Mi TV တွေထက် ဈေးကြီးမှာ သေချာပါတယ်။

Ref : gizmochina