realme က အောက်တိုဘာလ ၁၃ ရက်နေ့မှာ Q Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မယ်လို့ သတင်းထွက်နေပါတယ်။ Android 11 အခြေပြု နောက်ဆုံးထုတ် realme UI 2.0 ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းကို မကြာခင်က AnTuTu မှာ တွေ့ခဲ့ရပြီး အခုတော့ တရုတ်က 3C ကို ရောက်လာပါပြီ။

မော်ဒယ်နံပါတ်က RMX2117 ဖြစ်ပြီး 3C မှာ 30W Fast Charging နဲ့ 5G ဆက်သွယ်မှု ပါလာမယ်လို့ ဖော်ပြထားပါတယ်။ အရင်ထွက်ခဲ့တဲ့ TENAA စာရင်းအရ ၆.၅ လက်မ LCD FHD+ မျက်နှာပြင် ထည့်ထားမှာ ဖြစ်ပြီး 20:9 Aspect Ratio ထောက်ပံ့ထားမှာပါ။

ကင်မရာတွေ အကြောင်းပြောရရင် အဲဒီ စမတ်ဖုန်းမှာ 48MP Main ကင်မရာနဲ့အတူ 8MP Ultrawide နဲ့ 2MP Depth ကင်မရာတွေ ထည့်သွင်းထားနိုင်ပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်နိုင်ပါတယ်။ 2.4GHz Octa-core CPU မောင်းနှင်ထားမှာ ဖြစ်ပြီး နာမည်ကို မသိရသေးပါဘူး။ 6GB RAM ပါလာမှာ ဖြစ်ပြီး 64GB / 128GB Storage Option ၂ ခု ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီက 4,900mAh လို့ ဖော်ပြထားပြီး အရွယ်အစား အပြည့်အစုံက 162.2 x 75.1 x 9.1mm နဲ့ အလေးချိန်က ၁၉၄ ဂရမ် ဖြစ်ပါတယ်။ အရောင်အနေနဲ့ ငွေ၊ အနက် ၊ အပြာနဲ့ အညိုရောင်တွေ ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena