ဒီလ အစောပိုင်းက Snapdragon 888 SoC ကို ကြေညာပြီး ချက်ချင်းဆိုသလိုပဲ ZTE က နောက်ထုတ်မယ့် Red Magic Gaming ဖုန်းမှာ အဲဒီ SoC ပါမယ်လို့ အတည်ပြုခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ ဗီဒီယို ၁ ခု ပေါက်ကြားလာပြီး Electrochromic နည်းပညာ ပါလာမှာပါ။

 

အထက်ပါ ပေါက်ကြား ဗီဒီယို အရ နောက်မျိုးဆက် Red Magic ဖုန်းရဲ့ အနောက်ဘက်ကို အရောင်ပြောင်းပေးနိုင်တဲ့ ခလုတ် ၁ ခု ပါလာတာ မြင်ရပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့  Electrochromic နည်းပညာ ကိုယ်ပိုင် ဗားရှင်း ဖြစ်နိုင်ပါတယ်။

Vivo ဟာ အဲဒီလို အရောင်ပြောင်းနိုင်တဲ့ Electrochromic ဖန် နည်းပညာ ပါတဲ့ ဖုန်း နမူနာမော်ဒယ် ၁ လုံးကို စက်တင်ဘာလက ပြသခဲ့ဖူးပါတယ်။ Electrochromic ဖန်ဟာ သက်ရောက်တဲ့ Voltage အလိုက် အရောင်ပြောင်းနိုင်ပါတယ်။ အဲဒီ နည်းပညာကို အသုံးပြုပြီး ဖုန်း ထုတ်လုပ်သူတွေဟာ User စိတ်ကြိုက် အရောင်ပြောင်းနိုင်တဲ့ ဖုန်းတွေကို ဖန်တီးနိုင်မှာပါ။

နောက်မျိုးဆက် Red Magic ဖုန်းမှာ အဲဒီလို အရောင်ပြောင်းတဲ့ နည်းပညာ ပါလာမလား ဆိုတာ စောင့်ကြည့်ဖို့ လိုပါသေးတယ်။ အထက်ပါ ဗီဒီယိုဟာ တိကျသေချာလားဆိုတာ အတည်မပြုနိုင်သေးပါဘူး။ လက်ရှိမှာ SD888 ပါတဲ့ Red Magic Gaming ဖုန်းရဲ့ တခြား Specifications တွေ ပေါက်ကြားထွက်ပေါ်ခြင်း မရှိသေးပါဘူး။ Red Magic 5G ကို ဒီနှစ် မတ်လမှာ ကြေညာခဲ့တဲ့အတွက် နောက်မျိုးဆက်ဖုန်းကိုလည်း နောက်နှစ် ပထမ ၃ လအတွင်း ချပြနိုင်ပါတယ်။

Ref : gizmochina