[Zawgyi]

အသစ္ထြက္လာဦးမွာျဖစ္တဲ့ Vivo ရဲ႕ ေနာက္ထပ္ စမတ္ဖုန္းသစ္တစ္လုံးဟာ TENAA ေပၚကို ေရာက္ရွိလာခဲ့ျပန္ပါတယ္။ ဒီဟန္းဆက္ဟာ Vivo X27 ျဖစ္တယ္လို႔ သိရပါတယ္။ ေမာ္ဒယ္နံပါတ္ေတြအျဖစ္ V1829T နဲ႔ V1829A ဆိုၿပီးေတြ႕ရွိရပါတယ္။

တ႐ုတ္ဖက္က ထြက္ေပၚလာတဲ့ သတင္းအရ ဒီစမတ္ဖုန္းဟာ Snapdragon 710 Chipset သုံးထားမယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္ဟာ 6.3-inch အ႐ြယ္အစား AMOLED Panel နဲ႔ Full HD+ Resolution ျဖစ္တယ္လို႔ ဆိုပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးအစားကေတာ့ 19.5:9 အခ်ိဳးျဖစ္ပါတယ္။

ေရွ႕မွာထြက္ခဲ့တဲ့ X series ေတြမွာ Under-Display Scanner ပါဝင္ခဲ့ၿပီးျဖစ္တာေၾကာင့္ ဒီ X27 မွာလည္း Fingerprint Scanner ဟာ မ်က္ႏွာျပင္ေအာက္မွာ ပါဝင္လာမယ္လို႔ ေျပာႏိုင္ပါတယ္။ X27 မွာ အသုံးျပဳမယ့္ RAM ပမာဏက 8GB of RAM လို႔သိရၿပီး သိုေလွာင္မႈပမာဏကေတာ့ 128/256GB ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္ဖြယ္ ရွိပါတယ္။

ေက်ာဘက္မွာ ကင္မရာသုံးလုံးတပ္ဆင္ထားမွာျဖစ္သလို 48MP အဓိက ကင္မရာတစ္လုံးလည္း ပါဝင္လာမွာျဖစ္တဲ့အတြက္ လက္ရွိ Trend ထဲမွာ ရွိေနတဲ့ ဖုန္းတစ္လုံးလို႔ ေျပာႏိုင္ပါတယ္။ ေက်ာဘက္မွာ 48MP + 13MP + 5MP ကင္မရာသုံးလုံးဆိုေပမယ့္ အေရွ႕ဘက္မွာေတာ့ 16MP Selfie ကင္မရာ တစ္လုံးသာ တပ္ဆင္ေပးထားမယ္လို႔ သိရပါတယ္။

Selfie ကင္မရာဟာ Pop-up လား၊ Notch နဲ႔လား၊ ဒါမွမဟုတ္ Punch-Hole လားဆိုတာေတာ့ အခုထိ မသိရေသးတဲ့အတြက္ ေစာင့္ၾကည့္ရဦးမွာပါ။ 3,920mAh ဘက္ထရီကို အသုံးျပဳထားၿပီး Android Pie ကို အေျခခံထားတဲ့ ေနာက္ဆုံး Funtouch OS နဲ႔ ထြက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ေဈးႏႈန္းနဲ႔ မိတ္ဆက္ေပးမယ့္ ရက္အေၾကာင္းကလည္း သတင္းမထြက္ေသးတာေၾကာင့္ ဒါကို သိရဖို႔ ရက္အနည္းငယ္ ေစာင့္ဆိုင္းရဦးမယ္လို႔ ယူဆပါတယ္။

Ref: GSMArena

[Unicode]

TENAA ပေါ်ရောက်လာတဲ့ အသစ်ထွက်မယ့် Vivo X27

အသစ်ထွက်လာဦးမှာဖြစ်တဲ့ Vivo ရဲ့ နောက်ထပ် စမတ်ဖုန်းသစ်တစ်လုံးဟာ TENAA ပေါ်ကို ရောက်ရှိလာခဲ့ပြန်ပါတယ်။ ဒီဟန်းဆက်ဟာ Vivo X27 ဖြစ်တယ်လို့ သိရပါတယ်။ မော်ဒယ်နံပါတ်တွေအဖြစ် V1829T နဲ့ V1829A ဆိုပြီးတွေ့ရှိရပါတယ်။

တရုတ်ဖက်က ထွက်ပေါ်လာတဲ့ သတင်းအရ ဒီစမတ်ဖုန်းဟာ Snapdragon 710 chipset သုံးထားမယ်လို့ သိရပါတယ်။ မျက်နှာပြင်ဟာ 6.3-inch အရွယ်အစား AMOLED panel နဲ့ Full HD+ resolution ဖြစ်တယ်လို့ ဆိုပါတယ်။ မျက်နှာပြင် အချိုးအစားကတော့ 19.5:9 အချိုးဖြစ်ပါတယ်။

ရှေ့မှာထွက်ခဲ့တဲ့ X series တွေမှာ Under-Display Scanner ပါဝင်ခဲ့ပြီးဖြစ်တာကြောင့် ဒီ X27 မှာလည်း Fingerprint Scanner ဟာ မျက်နှာပြင်အောက်မှာ ပါဝင်လာမယ်လို့ ပြောနိုင်ပါတယ်။ X27 မှာ အသုံးပြုမယ့် RAM ပမာဏက 8GB of RAM လို့သိရပြီး သိုလှောင်မှုပမာဏကတော့ 128/256GB ဆိုပြီး ရွေးချယ်နိုင်ဖွယ် ရှိပါတယ်။

ကျောဘက်မှာ ကင်မရာသုံးလုံးတပ်ဆင်ထားမှာဖြစ်သလို 48MP အဓိက ကင်မရာတစ်လုံးလည်း ပါဝင်လာမှာဖြစ်တဲ့အတွက် လက်ရှိ Trend ထဲမှာ ရှိနေတဲ့ ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။ ကျောဘက်မှာ 48MP + 13MP + 5MP ကင်မရာသုံးလုံးဆိုပေမယ့် အရှေ့ဘက်မှာတော့16MP Selfie ကင်မရာ တစ်လုံးသာ တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။

Selfie ကင်မရာဟာ Pop-up လား၊ Notch နဲ့လား၊ ဒါမှမဟုတ် Punch-hole လားဆိုတာတော့ အခုထိ မသိရသေးတဲ့အတွက် စောင့်ကြည့်ရဦးမှာပါ။ 3,920mAh ဘက်ထရီကို အသုံးပြုထားပြီး Android Pie ကို အခြေခံထားတဲ့ နောက်ဆုံး Funtouch OS နဲ့ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဈေးနှုန်းနဲ့ မိတ်ဆက်ပေးမယ့် ရက်အကြောင်းကလည်း သတင်းမထွက်သေးတာကြောင့် ဒါကို သိရဖို့ ရက်အနည်းငယ် စောင့်ဆိုင်းရဦးမယ်လို့ ယူဆပါတယ်။

Ref: GSMArena