Generative AI ဟာ အလုပ်များစွာ လုပ်ပေးနိုင်လာပြီး အခုတော့ ကား နယ်ပယ်ကိုပါ ရောက်လာပါပြီ။ ဂျပန် ကားကုမ္ပဏီတွေဟာ ကားမော်ဒယ်အသစ်တွေကို ဖန်တီးဖို့ Generative AI ကို အသုံးပြုလာကြပါတယ်။ ကုမ္ပဏီတွေက Generative AI ဟာ ကား ဒီဇိုင်းကို ဖန်တီးတဲ့ အချိန်ကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Future Toyota Vehicles Could Be Partially Designed By AI

Toyota ဟာ သူ့ရဲ့ အမေရိကန် သုတေသနဌာနမှာ Image-generating AI ကို အသုံးပြုနေပါတယ်။ AI ဟာ ကား ဒီဇိုင်းကို လေ့လာခွဲခြမ်းနိုင်ပြီး လေဖိအားခံနိုင်မှုကို တွက်ချက်ပေးတဲ့အတွက် ဒီဇိုင်းနဲ့ ဖန်ရှင် ၂ ခုစလုံးမှာ ပိုကောင်းလာစေပါတယ်။

Honda ကတော့ နောက်ထွက်မယ့် AFEELA ကားအတွက် အဆင့်မြင့် ယာဉ်မောင်းထောက်ကူ စနစ် (ADAS) ကို ဖန်တီးဖို့ Generative AI ကို အသုံးပြုနေပါတယ်။

Toyota researches generative AI use in car design | Automotive News

Subaru နဲ့ Mazda တို့ကတော့ AI ကို အသုံးချရာမှာ အနည်းငယ်ကွဲပြားပြီး AI ကို အသုံးချနိုင်အောင် သူတို့ရဲ့ ဝန်ထမ်းတွေကို သင်တန်းပေးနေပါတယ်။ Subaru က အင်ဂျင်နီယာ ၄,၀၀၀ ကျော်ကို AI အကြောင်း သင်ကြားပေးနေပါတယ်။ Mazda ကတော့ ၂၀၂၅ ခုနှစ်မှာ ဝန်ထမ်းတွေအတွက်  AI ကို အသုံးချနည်း သင်တန်းတွေ ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။

ကုမ္ပဏီတွေဟာ လျှပ်စစ်ကားနဲ့ မောင်းသူမဲ့ ကားတွေကို အပြိုင်အဆိုင် တီထွင်နေကြပြီး သေချာတာ တစ်ခုက Generative AI ဟာ သယ်ယူပို့ဆောင်ရေးကို တော်လှန်ဆန်းသစ်တော့မှာပါ။ ခင်ဗျားတို့ တစ်ခါမှ မမြင်တွေ့ဖူးတဲ့ ကားဒီဇိုင်းတွေကို AI က ဖန်တီးပြတော့မှာပါ။

Ref : gizmochina