Zawgyi

Google ရဲ႕ ပထမဆုံး Online Game Streaming Service ျဖစ္တဲ့ Stadia Cloud Service က လာမယ့္ ႏိုဝင္ဘာလ ၁၉ ရက္ေန႔ဆိုရင္ တရားဝင္ မိတ္ဆက္ၿပီးေတာ့ အသုံးျပဳႏိုင္ေတာ့မွာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Google Stadia လိုမ်ိဳးပဲ Steam ရဲ႕ Developer Company ျဖစ္တဲ့ Valve ကေန အလားတူ Cloud Gaming Service တစ္ခုကို ေဆာင္႐ြက္ေနတဲ့ပုံစံပါပဲ။

အခုသတင္းကို Steam နဲ႔ Valve က ျပဳလုပ္ေနတဲ့ Game ေတြကို ဆက္တိုက္ Tracking ျပဳလုပ္ေနတဲ့ Steam Database ကေန ေဖာ္ျပခဲ့တာျဖစ္ၿပီးေတာ့ Valve Website မွာ ရွိတဲ့ Valve ရဲ႕ Partner ေတြအတြက္ Steam Cloud Gaming Addendum မွာ သေဘာတူညီဖို႔အတြက္ Code အသစ္ကေနတစ္ဆင့္ ေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။ အဆိုပါ Code အသစ္ကို Steam Database ရဲ႕ GitHub ဒါမွမဟုတ္ Valve ရဲ႕ Website ကိုယ္တိုင္မွာပါ ေတြ႕ျမင္ႏိုင္မွာပါ။

ဒီလိုမ်ိဳး နာမည္ပဲ သိရေသးတဲ့အတြက္ အခု Service အသစ္က ဘယ္လိုပုံစံမ်ိဳးျဖစ္ေနမလဲဆိုတာကိုေတာ့ ခန္႔မွန္းဖို႔ခက္ခဲေနပါေသးတယ္၊ ဒါေပမယ့္ Cloud Gaming ဆိုတဲ့ နာမည္ပါဝင္ေနတဲ့အတြက္ Google Stadia နဲ႔ Microsoft xCloud လိုမ်ိဳးျဖစ္လာဖို႔က ျဖစ္ႏိုင္ေျခမ်ားျပားေနပါတယ္။

Steam ဟာ ယခင္တုန္းက ကိုယ့္မွာရွိတဲ့ PC ကို Service အေနနဲ႔ ျပဳလုပ္ၿပီး တျခားေသာ Mobile Device ေတြမွာ Stream ျပဳလုပ္ေဆာ့ကစားႏိုင္တဲ့ Steam Remote Play ၊ Steam Link နဲ႔ Steam Link Anywhere လို Software ေတြရွိၿပီးသားျဖစ္ေပမယ့္ တကယ္လို႔သာ Google Stadia လိုမ်ိဳး PC မလိုအပ္တဲ့ Cloud Gaming Service ရွိလာမယ္ဆိုရင္ ေအာင္ျမင္တဲ့ Service တစ္ခုျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္အထိေတာ့ Valve ဘက္ကေန တရားဝင္ သတင္းထုတ္ျပန္ထားျခင္းမရွိေသးပါဘူး။

Ref – The Verge

Unicode

Google ရဲ့ ပထမဆုံး Online Game Streaming Service ဖြစ်တဲ့ Stadia Cloud Service က လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့ဆိုရင် တရားဝင် မိတ်ဆက်ပြီးတော့ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google Stadia လိုမျိုးပဲ Steam ရဲ့ Developer Company ဖြစ်တဲ့ Valve ကနေ အလားတူ Cloud Gaming Service တစ်ခုကို ဆောင်ရွက်နေတဲ့ပုံစံပါပဲ။

အခုသတင်းကို Steam နဲ့ Valve က ပြုလုပ်နေတဲ့ Game တွေကို ဆက်တိုက် Tracking ပြုလုပ်နေတဲ့ Steam Database ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ Valve Website မှာ ရှိတဲ့ Valve ရဲ့ Partner တွေအတွက် Steam Cloud Gaming Addendum မှာ သဘောတူညီဖို့အတွက် Code အသစ်ကနေတစ်ဆင့် တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါ Code အသစ်ကို Steam Database ရဲ့ GitHub ဒါမှမဟုတ် Valve ရဲ့ Website ကိုယ်တိုင်မှာပါ တွေ့မြင်နိုင်မှာပါ။

ဒီလိုမျိုး နာမည်ပဲ သိရသေးတဲ့အတွက် အခု Service အသစ်က ဘယ်လိုပုံစံမျိုးဖြစ်နေမလဲဆိုတာကိုတော့ ခန့်မှန်းဖို့ခက်ခဲနေပါသေးတယ်၊ ဒါပေမယ့် Cloud Gaming ဆိုတဲ့ နာမည်ပါဝင်နေတဲ့အတွက် Google Stadia နဲ့ Microsoft xCloud လိုမျိုးဖြစ်လာဖို့က ဖြစ်နိုင်ခြေများပြားနေပါတယ်။

Steam ဟာ ယခင်တုန်းက ကိုယ့်မှာရှိတဲ့ PC ကို Service အနေနဲ့ ပြုလုပ်ပြီး တခြားသော Mobile Device တွေမှာ Stream ပြုလုပ်ဆော့ကစားနိုင်တဲ့ Steam Remote Play ၊ Steam Link နဲ့ Steam Link Anywhere လို Software တွေရှိပြီးသားဖြစ်ပေမယ့် တကယ်လို့သာ Google Stadia လိုမျိုး PC မလိုအပ်တဲ့ Cloud Gaming Service ရှိလာမယ်ဆိုရင် အောင်မြင်တဲ့ Service တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ်အထိတော့ Valve ဘက်ကနေ တရားဝင် သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Ref – The Verge