ဗင်နီဇွဲလားအစိုးရဟာ နိုင်ငံခြားငွေနဲ့ Cryptocurrency လွှဲပြောင်းရောင်းဝယ်မှုတွေမှာ သက်ရောက်စေမဲ့ အခွန်နှုန်းထားအသစ်ကို သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအခွန်ဥပဒေကို “Large financial transactions” လို့ ခေါ်တွင်ကြောင်းလည်း ထုတ်ပြန်ခဲ့တဲ့သတင်းတွေအရ သိရပါတယ်။

နိုင်ငံရဲ့ အမျိုးသားလွှတ်တော်ကအတည်ပြုလိုက်တဲ့ ဒီအခွန်နှုန်းထားဟာ နိုင်ငံတော်ငွေကြေး (ဒါမှမဟုတ်) Petro နဲ့ ကွဲပြားပြီး ငွေကြေးနဲ့ပြုလုပ်တဲ့ အရောင်းအဝယ်တွေထက် ၂၀% ပိုပြီးကောက်ခံမှာဖြစ်ကြောင်းသိရပါတယ်။ ဗင်နီဇွဲလားဟာ ငွေကြေးမျိုးစုံတဲ့ပတ်ဝန်းကျင်ကြောင့် နိုင်ငံငွေကြေးကိုသုံးစွဲဖို့ လှုံဆော်နေရတာလည်း ဖြစ်ပါတယ်။

အခွန်ဥပဒေပြဌာန်းချက်အရ ကန့်သတ်ပမာဏမရှိဘဲ နိုင်ငံခြားငွေ (ဒါမှမဟုတ်) Cryptocurrencies နဲ့ ပြုလုပ်တဲ့ အရောင်းအဝယ် (ဒါမှမဟုတ်) ငွေပေးချေမှုတိုင်းဟာ သူတို့ရဲ့သဘောသဘာဝနဲ့ ကုမ္ပဏီ (ဒါမှမဟုတ်) လူတွေပေါ်မူတည်ပြီး ၂၀% ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ပေးချေရမဲ့ရာခိုင်နှုန်းကို တရားဝင်ထုတ်ပြန်ပြီးတဲ့နောက် အစိုးရကသတ်မှတ်ပေးမှာဖြစ်ပေမဲ့ ပထမလျှောက်လွှာမှာတော့ အဆိုပါပေးချေမှုတွေအတွက် ၂.၅% ကောက်ခံမယ်လို့ သိရပါတယ်။

ဒါဟာ ဗင်နီဇွဲလားနိုင်ငံအနေနဲ့ Cryptocurrency တွေကို အသိအမှတ်ပြုပြီး ခွင့်ပြုထားတဲ့သဘောလည်း ဖြစ်ပါတယ်။ ဒီအခွန်ဖိအားရဲ့ အကျိုးသက်ရောက်မှုအဖြစ် ဥပဒေအရပေးချေမှုတွေကိုရှောင်ရှားပြီး မှောင်ခိုဈေးကွက်တွေဖန်တီးဖို့ လှုံ့ဆော်မှုဖြစ်နိုင်ကြောင်း နိုင်ငံတွင်းစီးပွားရေးအသိပညာဖြန့်ဝေရေးစင်တာက ဒါရိုက်တာ Oscar Jose Torrealba က မှတ်ချက်ပြုပါတယ်။

Ref: Bitcoin.com