လွန်ခဲ့တဲ့ မတ်လနောက်ဆုံးပါတ်တုန်းဟာ Viber ဟာ Group Call ခေါ်ဆိုနိုင်တဲ့ အရေအတွက်ကို တိုးမြှင့်ပေးလိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာ လုံခြုံရေးပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုအချို့ပြုလုပ်ခဲ့ပေမဲ့ Group call အတွက်ကတော့ အခုမှထပ်ပြီးတွေ့ရတယ်လို့ ဆိုနိုင်ပါတယ်။

ကမ္ဘာတစ်ဝန်း Google Play ကနေ Download ပြုလုပ်တဲ့အကြိမ်ရေ ၁ ဘီလီယံ ကျော်လွန်သွားတဲ့နောက် အရေးပါတဲ့လုပ်ဆောင်ချက်တစ်ခုကို လိုအပ်တဲ့နေရာဆီ ပို့ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ Viber ဟာ Disappearing messages လုပ်ဆောင်ချက်ကို One-on-one chats တွေမှာပဲ ထောက်ပံ့ပေးခဲ့တာပါ။ အခုတော့ Group chats တွေမှာပါ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အသုံးပြုတွေဟာ Group chats မှာ Disappearing messages လုပ်ဆောင်ချက်အသုံးပြုဖို့အတွက် အဆင့်ပေါင်းများစွာကို ပြုလုပ်သွားဖို့မလိုအပ်တော့ပါဘူး။ Chat ထဲမှာရှိနေတုန်း On and Off ကို လွယ်လွယ်ကူကူ ပြောင်းလဲပြီး အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ အသုံးပြုသူတွေအားလုံးအတွက် ပိုပြီးအဆင်ပြေပြေနဲ့ နှစ်ခြိုက်သွားနိုင်မဲ့ လုပ်ဆောင်ချက်တစ်ခုလို့ ဆိုရမှာပါပဲ။

Group Chats မှာ Messages တွေပျောက်ကွယ်သွားမဲ့အချိန်ဟာ ဖတ်ရှုပြီးတဲ့နောက် ၁၀ စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီ ဒါမှမဟုတ် တစ်ရက် စသည်ဖြင့် ရွေးချယ်နိုင်မှာပါ။ ဒါဟာ ကနဦးရရှိထားခဲ့တဲ့ One-on-one Chats နဲ့ အတူတူပါပဲ။ Android 6 နဲ့အထက် မောင်းနှင်ထားတဲ့ Device တွေမှာ Disappearing message ဖွင့်ထားရင် Forwarding, copying, Screenshot စတာတွေကို လုံးဝပြုလုပ်လို့ရမှာမဟုတ်ပါဘူး။

Android စမတ်ဖုန်းအဟောင်းတွေနဲ့ iOS အသုံးပြုသူတွေမှာတော့ Group chat members တွေဆိုရင် Disappearing message ကို Screenshot ပြုလုပ်ခံရရင် အလိုအလျောက် Notified ပြုလုပ်လာမှာ ဖြစ်ပါတယ်။ Viber personal နဲ့ Group Chats တွေဟာ End-to-end encrypted ဖြစ်တာနဲ့အညီ Feature သစ်မှာ နောက်ထပ် Layer သစ်တစ်ခုကို Android နဲ့ iOS အသုံးပြုသူတွေအားလုံးအတွက် ထည့်သွင်းလာမှာ ဖြစ်ပါတယ်။

Ref: Phone Arena