Viber  ယခုလုပ်ဆောင်ချက်အသစ်နှင့်အတူ အသုံးပြုသူများအနေနှင့် ၎င်းတို့၏ စမတ်ဖုန်းများနှင့် တက်ဘလက်များ၏ မှတ်ဉာဏ်သိုလှောင်သိမ်းဆည်းမှုကို စိတ်တိုင်းကျ စီမံခန့်ခွဲသွားနိုင်မည် ဖြစ်သည့်အပြင် မလိုလားအပ်သည့် ဖိုင်များကိုလည်း ဖယ်ရှား၍ မှတ်ဉာဏ်ပမာဏ ပိုမိုများပြားလာစေရန် လုပ်ဆောင်သွားနိုင်မည်လည်း ဖြစ်သည်။

လုံခြုံစိတ်ချမှု အပြည့်အဝရှိသည့် စာတိုပေးပို့ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသည့် ကမ္ဘာ့ထိပ်တန်း Rakuten Viber ကုမ္ပဏီသည် Viber အက်ပလီကေးရှင်း အတွင်း ဖိုင်များ သိုလှောင်သိမ်းဆည်းထားမှုအား ထိန်းချုပ်နိုင်မည့် လုပ်ဆောင်ချက်အသစ်တစ်ခုကို စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်အား အသုံးပြု၍ ဖိုင်သိမ်းဆည်းသိုလှောင်နိုင်မှု နည်းပါးသော စမတ်ဖုန်းများအား သုံးစွဲနေသည့် Viber အသုံးပြုသူများ အနေနှင့် ၎င်းတို့၏ ဖိုင်များသိုလှောင်သိမ်းဆည်းထားမှုနှင့် ပတ်သက်၍ အဆင်ပြေလွယ်ကူစွာ စီမံခန့်ခွဲသွားနိုင်တော့မည် ဖြစ်သည့်အတွက် Viber အက်ပ်ပလီကေးရှင်းအား ပိုမို ထိ‌ရောက်မှုရှိစွာ သုံးစွဲသွားနိုင်တော့မည် ဖြစ်သည်။

ယနေ့ခေတ်တွင် တစ်ဦးမှတစ်ဦးသို့ ပေးပိုလေ့ရှိသည့် ဗီဒီယိုများ၊ AR Lenses များ၊ ရုပ်ပုံများနှင့် အခြားသော အပြန်အလှန် ပေးပို့ဆက်သွယ်မှုများသည် ယခင်ကထက် ဖိုင်အရွယ်အစား အဆမတန် ကြီးမားလာသည့်အတွက် မိုဘိုင်းဖုန်းဗားရှင်း အဟောင်းများတွင် အဆိုပါဖိုင်များအား သိမ်းဆည်းရန်မှာ စိန်ခေါ်မှု တစ်ရပ်ဖြစ်လာခဲ့သည်။ ထို့အပြင် Statcounter GlobalStats ၏ စစ်တမ်းကောက်ယူမှုများအရ မိုဘိုင်းနှင့် တက်ဘလက် Android အသုံးပြုသူများ၏ ၄၀% ခန့်သည် Android ဗားရှင်း 11.0 နှင့် အောက် ဗားရှင်းများကို အသုံးပြုကြသည့်အတွက် ၎င်းတို့အနေနှင့် ဖိုင်များအား သိုလှောင်သိမ်းဆည်းနိုင်သည့် ပမာဏနည်းပါးသည့် အခက်အခဲနှင့် ကြုံတွေ့နေရလေ့ရှိသည်။

ယခု အသစ်မိတ်ဆက်ပေးလိုက်သည့် ဖိုင်သိမ်းဆည်းမှုအား စိတ်ကြိုက်စီမံခန့်ခွဲနိုင်သည့် လုပ်ဆောင်ချက်အား အသုံးပြု၍ အသုံးပြုသူများသည် ၎င်းတို့၏ Viber အက်ပလီကေးရှင်းမှ မလိုလားအပ်သည့် cache များအား ရှင်းလင်းသွားနိုင်မည် ဖြစ်သည့်အပြင် ၎င်းတို့ဆက်သွယ်ပြောဆိုထားသည့် Chat များမှ မလိုအပ်တော့သည့်ဖိုင်များကိုလည်း အလွယ်တကူ ဖယ်ရှားသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် ဤလုပ်ဆောင်ချက်မှတဆင့် အသုံးပြုသူများအနေနှင့် ၎င်းတို့၏ စမတ်ဖုန်းများ နှင့် မိုဘိုင်းတက်ဘလက်များတွင်ရှိသည့် စုစုပေါင်း မှတ်ဉာဏ်သိုလှောင်သိမ်းဆည်းမှု ပမာဏ၊ Viber မှ အသုံးပြုထားသော ပမာဏ၊ လက်ကျန် သိုလှောင်သိမ်းဆည်းမှု ပမာဏနှင့် ဆက်သွယ်ပြောဆိုသည့် Chat တစ်ခုချင်းစီမှ အသုံးပြုထားသည့် ပမာဏများအား အသေးစိတ် ကြည့်ရှုသွားနိုင်မည် ဖြစ်သည်။

အသုံးပြုသူများအနေနှင့် ဆက်သွယ်ပြောဆိုထားသော Chat တစ်ခုချင်းစီမှတဆင့် ဗီဒီယိုများ၊ ရုပ်ပုံများ အပါအဝင် ၎င်းတို့ မလိုအပ်တော့သည့် ဖိုင်များအား စိတ်တိုင်းကျ ရွေးချယ်၍ ဖျက်သိမ်းသွားနိုင်မည် ဖြစ်သော်လည်း တစ်ဖက်မှ Viber အသုံးပြုသူအနေနှင့်မူ အဆိုပါ မီဒီယာဖိုင်များအား ဆက်လက်တွေ့ရှိနေနိုင်ဦးမည် ဖြစ်သည်။ အကယ်၍ အသုံးပြုသူများ အနေနှင့် Viber မှ ဖိုင်များအား စမတ်ဖုန်းအတွင်းသို့  ဒေါင်းလုတ်ရယူထားသည်ဆိုပါက အဆိုပါဖိုင်များသည်လည်း စမတ်ဖုန်းတွင် ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။

“ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသုံးပြုသူတွေ ပိုမိုအဆင်ပြေ လွယ်ကူသွားစေနိုင်ဖို့အတွက် ဖိုင်သိုလှောင်သိမ်းဆည်းမှုတွေကို  Viber မှာ စိတ်တိုင်းကျ စီမံခန့်ခွဲသွားနိုင်မယ့် လုပ်ဆောင်ချက်အသစ်ကို အခုလို စတင်ပေးအပ်လိုက်ခြင်း ဖြစ်ပါတယ်။ Viber အသုံးပြုသူတွေ အနေနဲ့ နောက်ဆုံးပေါ် နည်းပညာမြင့် စမတ်ဖုန်းတွေမလိုအပ်ပဲ သူတို့ရဲ့ ချစ်ခင်ရတဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို Viber ကနေ စိတ်ကြိုက်ဆက်သွယ်နိုင်စေဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပြီး ဒီလုပ်ဆောင်ချက်ဟာ Viber အသုံးပြုသူတွေအတွက် တစ်ကယ့်ကို အသုံးဝင်လှတဲ့ လုပ်ဆောင်ချက် တစ်ခု ဖြစ်လာမယ် ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်။” ဟု Rakuten Viber ၏ CEO ဖြစ်သူ Ofir Eyal က ပြောကြားခဲ့သည်။

Viber ၏ ဤလုပ်ဆောင်ချက်အကြောင်း ပိုမိုသိရှိလိုပါက ဤနေရာတွင် အသေးစိတ် ဖတ်ရှုသွားနိုင်မည် ဖြစ်သည်။

ဤလုပ်ဆောင်ချက်အား မိုဘိုင်းဖုန်းများနှင့် တက်ဘလက်များတွင်သာ ရရှိသွားနိုင်မည် ဖြစ်ပြီး iOS တွင် Viber Version 19.3.0 နှင့်အထက် အသုံးပြုသူများ နှင့် Android တွင် Viber Version 19.4 နှင့် အထက် အသုံးပြုသူများ ရရှိသုံးစွဲသွားနိုင်မည် ဖြစ်သည်။

Press Release – Viber