လူတော်တော်များများက ညဘက် အိပ်နေချိန်မှာ ဖုန်းအားသွင်းတတ်ကြပါတယ်။ ဒါက ကိစ္စအသေးအမွှားလေးလို့ ထင်ကြပေမယ့် ဗီယက်နမ် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို သေစေနိုင်ခဲ့ပါပြီ။

အသက် ၁၄ နှစ်အရွယ် Le Thi Xoan က သူမ အိပ်နေချိန်မှာ ပေါက်ပြဲနေတဲ့ အားသွင်းကြိုးကြောင့် ဓာတ်လိုက်သေဆုံးသွားခဲ့ပါပြီ။

သူမရဲ့ iPhone 6 ကို သူမဘေးမှာ အားသွင်းပြီး အိပ်ခဲ့ပါတယ်။ အမြဲတမ်းလည်း သူအဲ့လို အိပ်နေကြပါဘဲ။

ရဲတွေကတော့ သူမ အိပ်နေချိန်မှာ ပေါက်ပြဲနေတဲ့ အားသွင်းကြိုးနဲ့ ထိမိပြီး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ယူဆနေကြပါတယ်။

ဟနွင်းမြို့ရှိရဲတွေက သူမအိပ်ယာဘေးမှာ လောင်ကျွမ်းနေတဲ့ အားသွင်းကြိုးကို တွေ့ရှိခဲ့ရပြီး အားသွင်းကြိုးရဲ့ အပေါ်ယံ ရာဘာကလည်း ပေါက်ပြဲနေပါတယ်။ ပေါက်ပြဲနေတဲ့ ရာဘာကြိုးပေါ်မှာ တိတ်တွေနဲ့ ကပ်ထားတယ်လို့ ပြောထားပါတယ်။

သူမမိဘကတွေက မေ့မြောနေတာကို တွေ့ရှိခဲ့တာကြောင့် ဆေးရုံတင်ခဲ့ရာ ဆေးရုံမှာဘဲ သေဆုံးသွားပါတယ်။

ဆရာဝန်တွေက ဓာတ်လိုက်ပြီး သေဆုံးခဲ့တယ်လို့လည်း ထွက်ဆိုခဲ့ပါတယ်။

လောင်ကျွမ်းနေတဲ့ iPhone ကြိုးက Apple ကုမ္ပဏီက ထုတ်တဲ့ကြိုးလား Third Party က ထုတ်တဲ့ ကြိုးလားတော့ မသေချာပါဘူး။

ရဲတွေကတော့ အားသွင်းတဲ့ ကြိုးက Apple ကုမ္ပဏီက ထုတ်လေ့ရှိတဲ့ အားသွင်းတဲ့ကြိုးထက်တော့ အနည်းငယ်တိုနေတယ်လို့ဆိုပါတယ်။

ဒီသတင်းကို စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းဌာနရဲ့ သတင်းကနေ ဘာသာပြန်ပြီး ဖော်ပြတာဖြစ်ပါတယ်။