[Zawgyi]

Vingroup လုပ္ငန္းစု၏ တစ္စိတ္တစ္ပိုင္းျဖစ္သည့္ VinSmart Research and Production JSC ကုမၸဏီသည္ 5G စမတ္ဖုန္းမ်ားအား စတင္ထုတ္လုပ္ရန္အတြက္ Fujitsu လုပ္ငန္းစု၏ လက္ေအာက္ရွိ Fujitsu Connected Technologies ကုမၸဏီ လီမိတက္၊ အေမရိကန္ အေျခစိုက္ Qualcomm တို႔ႏွင့္ ပူးေပါင္းလုပ္ေဆာင္သြားရန္ သေဘာတူညီမႈ ရရွိခဲ့ေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၂၈ ရက္ေန႔တြင္ ဟႏြိဳင္းၿမိဳ႕၌ ေၾကညာခဲ့သည္။ Hoa Lac အဆင့္ျမင့္ နည္းပညာဇုန္တြင္ အစအဆုံး အထိ ထုတ္လုပ္သြားမည့္ အဆိုပါ ဗီယက္နမ္ႏိုင္ငံထုတ္ 5G မိုဘိုင္းဖုန္းမ်ားအား အေမရိကန္ႏွင့္ ဥေရာပ စသည့္ အဓိက ေဈးကြက္မ်ား၌ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလအတြင္း စတင္ေရာင္းခ်သြားႏိုင္ရန္ ရည္မွန္းထားသည္။

အဆိုပါ 5G စမတ္ဖုန္းတြင္ Qualcomm ၏ Snapdragon 5G modular platform အား ထည့္သြင္း အသုံးျပဳသြား မည့္အျပင္ Fujitsu မွတီထြင္ထားသည့္ အဆင့္ျမင့္ လုပ္ေဆာင္ခ်က္မ်ားျဖစ္ေသာ battery saving စနစ္၊ IP68 အဆင့္ရွိ ေရစိုခံႏိုင္စြမ္းႏွင့္ စြမ္းေဆာင္ရည္ျမင့္ 4G + 5G အင္တာနာစနစ္ တို႔ကိုလည္း တပ္ဆင္ေပးထားမည္ ျဖစ္သည္။

Qualcomm ႏွင့္ Fujitsu စသည့္ ထိပ္တန္းနည္းပညာ ကုမၸဏီမ်ားႏွင့္ Vingroup တို႔၏ ယခု ပူးေပါင္းေဆာင္႐ြက္မႈ မွတဆင့္ အခ်ိန္တိုအတြင္း ျမင့္မားေသာ နည္းပညာ၊ ေခတ္ေရွ႕ေျပး လုပ္ေဆာင္ခ်က္မ်ားႏွင့္ ဒီဇိုင္းမ်ား ပါဝင္သည့္ စမတ္ဖုန္းမ်ားအား အသုံးျပဳသူမ်ားထံ သင့္ေတာ္ေသာ ႏႈန္းထားမ်ားျဖင့္ ေပးအပ္သြားႏိုင္ရန္ ႀကိဳးပမ္းလုပ္ေဆာင္သြား မည္ျဖစ္သည္။ Vinsmart ၏ ပထမဆုံး 5G စမတ္ဖုန္းမ်ားအား ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလတြင္ ဗီယက္နမ္ႏိုင္ငံတြင္သာမက အေမရိကန္၊ ဥေရာပႏွင့္ ရွရွား အစရွိသည့္ အဓိက ေဈးကြက္မ်ားတြင္ပါ စတင္ ေရာင္းခ်သြားႏိုင္ရန္ ရည္မွန္းထားသည္။

ဤပူးေပါင္းေဆာင္႐ြက္မႈသည္ မ်ိဳးဆက္သစ္ 5G စမတ္ဖုန္းမ်ားအား လ်င္ျမန္စြာ ထုတ္လုပ္သြားႏိုင္ရန္ ဗီယက္နမ္ အင္ဂ်င္နီယာမ်ားအတြက္ မ်ားစြာအေထာက္အကူ ျဖစ္ေစမည္ ျဖစ္သည္။ အလားတူပင္ ဤပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ သေဘာတူညီမႈသည္ VinSmart အား ကမာၻေပၚတြင္ 5G စမတ္ဖုန္းအား ပထမဦးဆုံး စတင္ထုတ္လုပ္သည့္ ကုမၸဏီမ်ား တစ္ခုအျဖစ္ တရားဝင္ ရပ္တည္သြားေစႏိုင္ရန္ ကူညီေပးသြားမည္ ျဖစ္ၿပီး ဗီယက္နမ္ႏိုင္ငံ အေနႏွင့္လည္း 5G ထုတ္ကုန္မ်ားအား ပထမဦးဆုံး ထုတ္လုပ္တပ္ဆင္ အသုံးျပဳသည့္ ႏိုင္ငံမ်ားအနက္ တစ္ခုအျဖစ္ ရပ္တည္သြားႏိုင္မည္ ျဖစ္သည္။

“Fujitsu နဲ႔ Qualcomm အစရွိတဲ့ ကမာၻ႔ထိပ္တန္း နည္းပညာ ကုမၸဏီႀကီးေတြနဲ႔ အခုလို လက္တြဲေဆာင္႐ြက္ျခင္းဟာ Vsmart ကေန တီထြင္ထုတ္လုပ္သြားမယ့္ မိုဘိုင္းဖုန္းေတြနဲ႔ စမတ္ အီလက္ထေရာနစ္ ပစၥည္းေတြမွာ ေနာက္ဆုံးေပၚ နည္းပညာေတြကို ထည့္သြင္းအသုံးျပဳသြားႏိုင္ေစဖို႔ ဆိုတဲ့ ကြၽန္ေတာ္တို႔ရဲ႕ စြန႔္ဦးတီထြင္မႈပိုင္းဆိုင္ရာ နည္းဗ်ဴဟာတစ္ခု ပဲျဖစ္ပါတယ္” ဟု Vingroup ၏ Vice President ႏွင့္ General Director ျဖစ္သူ Mr. Nguyen Viet Quang မွ ေျပာၾကားခဲ့သည္။

မိုဘိုင္းဖုန္း တီထြင္ထုတ္လုပ္မႈ နယ္ပယ္အတြင္းသို႔ ၂၀၁၈ ခုႏွစ္၊ ဇြန္လတြင္မွ စတင္ဝင္ေရာက္လာေသာ္လည္း VinSmart သည္ နည္းဗ်ဴဟာက်နေသာ ေျခလွမ္းမ်ားအား အလ်င္အျမန္ ဆက္တိုက္လုပ္ေဆာင္လ်က္ ရွိသည္။ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလတြင္ ကုန္ပစၥည္း ထုတ္လုပ္ေရးလိုင္း ၄ လိုင္းျဖင့္ စတင္ေဆာင္႐ြက္ခဲ့သည့္ VinSmart ကုမၸဏီသည္ ၂၀၁၉ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွ စတင္၍ ဥေရာပမွ စပိန္ႏိုင္ငံႏွင့္ အာရွမွ ျမန္မာႏိုင္ငံမ်ားတြင္ Vsmart အမွတ္တံဆိပ္အား စတင္ ထိုးေဖာက္သည့္ ပထမအဆင့္ ေျခလွမ္းအျဖစ္ စမတ္ဖုန္းမ်ားအား စတင္မိတ္ဆက္ေရာင္းခ်ခဲ့သည္။ ထို႔အျပင္ ၂၀၁၉ ခုႏွစ္အတြင္းတြင္လည္း VinSmart အေနႏွင့္ အျခားေသာ စမတ္ပစၥည္းမ်ား ႏွင့္အတူ စမတ္ဖုန္းေမာ္ဒယ္ အမ်ိဳးအစား အသစ္ ၁၀ မ်ိဳးအား မိတ္ဆက္ေရာင္းခ်သြား ရန္ ရည္မွန္းလုပ္ေဆာင္လ်က္ ရွိသည္။

Fujitsu ႏွင့္ လက္တြဲလုပ္ေဆာင္သြားရန္ သေဘာတူညီမႈ ရရွိခဲ့ျခင္းသည္ VinSmart ၏ ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ေရး လုပ္ငန္းစဥ္ (Supply Chain) အား ပိုမိုတိုးတက္လာေစမည္ ျဖစ္ၿပီး အရည္အေသြးျမင့္ စမတ္ပစၥည္းမ်ားအား ကိုယ္တိုင္ ထုတ္လုပ္ေရာင္းခ်ႏိုင္ေစရန္ မ်ားစြာ အေထာက္အကူျပဳႏိုင္မည္ ျဖစ္သည့္အတြက္ ဗီယက္နမ္ေဈးကြက္ႏွင့္ အျခားေသာ ႏိုင္ငံတကာမွ အသုံးျပဳသူမ်ား၏ လူေနမႈဘဝမ်ားအား ပိုမိုျမင့္မားလြယ္ကူလာေစႏိုင္မည္ ျဖစ္သည္။

[Unicode]

VinSmart ကုမ္ပဏီသည် Fujitsu, Qualcomm တို့နှင့် ပူးပေါင်း၍ 5G စမတ်ဖုန်းများ ထုတ်လုပ်သွားရန် လုပ်ဆောင်လျက်ရှိ

Vingroup လုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် VinSmart Research and Production JSC ကုမ္ပဏီသည် 5G စမတ်ဖုန်းများအား စတင်ထုတ်လုပ်ရန်အတွက် Fujitsu လုပ်ငန်းစု၏ လက်အောက်ရှိ Fujitsu Connected Technologies ကုမ္ပဏီ လီမိတက်၊ အမေရိကန် အခြေစိုက် Qualcomm တို့နှင့် ပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ဟနွိုင်းမြို့၌ ကြေညာခဲ့သည်။ Hoa Lac အဆင့်မြင့် နည်းပညာဇုန်တွင် အစအဆုံး အထိ ထုတ်လုပ်သွားမည့် အဆိုပါ ဗီယက်နမ်နိုင်ငံထုတ် 5G မိုဘိုင်းဖုန်းများအား အမေရိကန်နှင့် ဥရောပ စသည့် အဓိက ဈေးကွက်များ၌ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်း စတင်ရောင်းချသွားနိုင်ရန် ရည်မှန်းထားသည်။

အဆိုပါ 5G စမတ်ဖုန်းတွင် Qualcomm ၏ Snapdragon 5G modular platform အား ထည့်သွင်း အသုံးပြုသွား မည့်အပြင် Fujitsu မှတီထွင်ထားသည့် အဆင့်မြင့် လုပ်ဆောင်ချက်များဖြစ်သော battery saving စနစ်၊ IP68 အဆင့်ရှိ ရေစိုခံနိုင်စွမ်းနှင့် စွမ်းဆောင်ရည်မြင့် 4G + 5G အင်တာနာစနစ် တို့ကိုလည်း တပ်ဆင်ပေးထားမည် ဖြစ်သည်။

Qualcomm နှင့် Fujitsu စသည့် ထိပ်တန်းနည်းပညာ ကုမ္ပဏီများနှင့် Vingroup တို့၏ ယခု ပူးပေါင်းဆောင်ရွက်မှု မှတဆင့် အချိန်တိုအတွင်း မြင့်မားသော နည်းပညာ၊ ခေတ်ရှေ့ပြေး လုပ်ဆောင်ချက်များနှင့် ဒီဇိုင်းများ ပါဝင်သည့် စမတ်ဖုန်းများအား အသုံးပြုသူများထံ သင့်တော်သော နှုန်းထားများဖြင့် ပေးအပ်သွားနိုင်ရန် ကြိုးပမ်းလုပ်ဆောင်သွား မည်ဖြစ်သည်။ Vinsmart ၏ ပထမဆုံး 5G စမတ်ဖုန်းများအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ဗီယက်နမ်နိုင်ငံတွင်သာမက အမေရိကန်၊ ဥရောပနှင့် ရှရှား အစရှိသည့် အဓိက ဈေးကွက်များတွင်ပါ စတင် ရောင်းချသွားနိုင်ရန် ရည်မှန်းထားသည်။

ဤပူးပေါင်းဆောင်ရွက်မှုသည် မျိုးဆက်သစ် 5G စမတ်ဖုန်းများအား လျင်မြန်စွာ ထုတ်လုပ်သွားနိုင်ရန် ဗီယက်နမ် အင်ဂျင်နီယာများအတွက် များစွာအထောက်အကူ ဖြစ်စေမည် ဖြစ်သည်။ အလားတူပင် ဤပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှုသည် VinSmart အား ကမ္ဘာပေါ်တွင် 5G စမတ်ဖုန်းအား ပထမဦးဆုံး စတင်ထုတ်လုပ်သည့် ကုမ္ပဏီများ တစ်ခုအဖြစ် တရားဝင် ရပ်တည်သွားစေနိုင်ရန် ကူညီပေးသွားမည် ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ အနေနှင့်လည်း 5G ထုတ်ကုန်များအား ပထမဦးဆုံး ထုတ်လုပ်တပ်ဆင် အသုံးပြုသည့် နိုင်ငံများအနက် တစ်ခုအဖြစ် ရပ်တည်သွားနိုင်မည် ဖြစ်သည်။

“Fujitsu နဲ့ Qualcomm အစရှိတဲ့ ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ အခုလို လက်တွဲဆောင်ရွက်ခြင်းဟာ Vsmart ကနေ တီထွင်ထုတ်လုပ်သွားမယ့် မိုဘိုင်းဖုန်းတွေနဲ့ စမတ် အီလက်ထရောနစ် ပစ္စည်းတွေမှာ နောက်ဆုံးပေါ် နည်းပညာတွေကို ထည့်သွင်းအသုံးပြုသွားနိုင်စေဖို့ ဆိုတဲ့ ကျွန်တော်တို့ရဲ့ စွန့်ဦးတီထွင်မှုပိုင်းဆိုင်ရာ နည်းဗျူဟာတစ်ခု ပဲဖြစ်ပါတယ်” ဟု Vingroup ၏ Vice President နှင့် General Director ဖြစ်သူ Mr. Nguyen Viet Quang မှ ပြောကြားခဲ့သည်။

မိုဘိုင်းဖုန်း တီထွင်ထုတ်လုပ်မှု နယ်ပယ်အတွင်းသို့ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင်မှ စတင်ဝင်ရောက်လာသော်လည်း VinSmart သည် နည်းဗျူဟာကျနသော ခြေလှမ်းများအား အလျင်အမြန် ဆက်တိုက်လုပ်ဆောင်လျက် ရှိသည်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကုန်ပစ္စည်း ထုတ်လုပ်ရေးလိုင်း ၄ လိုင်းဖြင့် စတင်ဆောင်ရွက်ခဲ့သည့် VinSmart ကုမ္ပဏီသည် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ ဥရောပမှ စပိန်နိုင်ငံနှင့် အာရှမှ မြန်မာနိုင်ငံများတွင် Vsmart အမှတ်တံဆိပ်အား စတင် ထိုးဖောက်သည့် ပထမအဆင့် ခြေလှမ်းအဖြစ် စမတ်ဖုန်းများအား စတင်မိတ်ဆက်ရောင်းချခဲ့သည်။ ထို့အပြင် ၂၀၁၉ ခုနှစ်အတွင်းတွင်လည်း VinSmart အနေနှင့် အခြားသော စမတ်ပစ္စည်းများ နှင့်အတူ စမတ်ဖုန်းမော်ဒယ် အမျိုးအစား အသစ် ၁၀ မျိုးအား မိတ်ဆက်ရောင်းချသွား ရန် ရည်မှန်းလုပ်ဆောင်လျက် ရှိသည်။

Fujitsu နှင့် လက်တွဲလုပ်ဆောင်သွားရန် သဘောတူညီမှု ရရှိခဲ့ခြင်းသည် VinSmart ၏ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းစဉ် (Supply Chain) အား ပိုမိုတိုးတက်လာစေမည် ဖြစ်ပြီး အရည်အသွေးမြင့် စမတ်ပစ္စည်းများအား ကိုယ်တိုင် ထုတ်လုပ်ရောင်းချနိုင်စေရန် များစွာ အထောက်အကူပြုနိုင်မည် ဖြစ်သည့်အတွက် ဗီယက်နမ်ဈေးကွက်နှင့် အခြားသော နိုင်ငံတကာမှ အသုံးပြုသူများ၏ လူနေမှုဘဝများအား ပိုမိုမြင့်မားလွယ်ကူလာစေနိုင်မည် ဖြစ်သည်။