Zawgyi

Vivo အေနနဲ႔ ၂၀၁၈ခုႏွစ္ မတ္လတုန္းက ထြက္ရွိခဲ့တဲ့ Vivo X21 ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း Vivo X23 ကို မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ Vivo X23 ဟာ မၾကာခင္ ထြက္ေပၚလာေတာ့မယ့္ အေၾကာင္းကို တ႐ုတ္ႏိုင္ငံရွိ Vivo ရဲ႕ တရားဝင္ ဝက္ဆိုက္ကေန တဆင့္ လႊင့္တင္ခဲ့တာ ျဖစ္ပါတယ္။

Vivo X23 ရဲ႕ Screen-to-Body Ratio ဟာ 91.2% အထိရွိၿပီး စတုတၳမ်ိဴးဆက္ In-Display Fingerprint Sensor ပါဝင္လာမယ္လို႔ သိရပါတယ္။ Oppo F9 မွာလိုမ်ိဴး Waterdrop Display နဲ႔ ပြဲထြက္လာမွာ ျဖစ္ၿပီး Dual Camera Setup ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားတာ ေတြ႕ရပါတယ္။ Vivo X23 ရဲ႕ Specification အျပည့္အစုံကိုေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။

ေစာေစာပိုင္းက ထြက္ရွိထားတဲ့ ေကာလဟလ သတင္းေတြအရဆိုရင္ Vivo X23 ဟာ ၆.၄ လက္မ FullScreen Display ကို အသုံးျပဳထားႏိုင္ၿပီး 3D Face Recognition လည္း ပါဝင္မယ္လို႔ သိရပါတယ္။ Processor အပိုင္းအတြက္ Snapdragon 670 SoC ကို အသုံးျပဳထားႏိုင္ၿပီး RAM အေနနဲ႔ 8GB အထိ ပါဝင္ႏိုင္ပါတယ္။ ဒါ့အျပင္ DAC Audio လည္း ပါဝင္လာႏိုင္ပါတယ္။ Vivo X23 ကို လာမယ့္ ၾသဂုတ္လ ၂၃ရက္ေန႔မွာ မိတ္ဆက္သြားႏိုင္ဖြယ္ရွိပါတယ္။ ဒါ့ေၾကာင့္ Vivo X23 ရဲ႕ ေစ်းႏႈန္းနဲ႔ Specification အျပည့္အစုံကို မၾကာမီ ျမင္ေတြ႕ရဖို႔အတြက္ ေမွ်ာ္လင့္မိပါတယ္။

Ref:gadgets.ndtv

Unicode

In-Display Fingerprint Scanner နဲ့ Waterdrop Display ပါဝင်မယ့် Vivo X23

Vivo အနေနဲ့ ၂၀၁၈ခုနှစ် မတ်လတုန်းက ထွက်ရှိခဲ့တဲ့ Vivo X21 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း Vivo X23 ကို မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Vivo X23 ဟာ မကြာခင် ထွက်ပေါ်လာတော့မယ့် အကြောင်းကို တရုတ်နိုင်ငံရှိ Vivo ရဲ့ တရားဝင် ဝက်ဆိုက်ကနေ တဆင့် လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

Vivo X23 ရဲ့ Screen-to-Body Ratio ဟာ 91.2% အထိရှိပြီး စတုတ္ထမျိူးဆက် In-Display Fingerprint Sensor ပါဝင်လာမယ်လို့ သိရပါတယ်။ Oppo F9 မှာလိုမျိူး Waterdrop Display နဲ့ ပွဲထွက်လာမှာ ဖြစ်ပြီး Dual Camera Setup ကို နောက်ကျောဘက်မှာ တပ်ဆင်ထားတာ တွေ့ရပါတယ်။ Vivo X23 ရဲ့ Specification အပြည့်အစုံကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

စောစောပိုင်းက ထွက်ရှိထားတဲ့ ကောလဟလ သတင်းတွေအရဆိုရင် Vivo X23 ဟာ ၆.၄ လက်မ FullScreen Display ကို အသုံးပြုထားနိုင်ပြီး 3D Face Recognition လည်း ပါဝင်မယ်လို့ သိရပါတယ်။ Processor အပိုင်းအတွက် Snapdragon 670 SoC ကို အသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 8GB အထိ ပါဝင်နိုင်ပါတယ်။ ဒါ့အပြင် DAC audio လည်း ပါဝင်လာနိုင်ပါတယ်။ Vivo X23 ကို လာမယ့် သြဂုတ်လ ၂၃ရက်နေ့မှာ မိတ်ဆက်သွားနိုင်ဖွယ်ရှိပါတယ်။ ဒါ့ကြောင့် Vivo X23 ရဲ့ စျေးနှုန်းနဲ့ Specification အပြည့်အစုံကို မကြာမီ မြင်တွေ့ရဖို့အတွက် မျှော်လင့်မိပါတယ်။

Ref:gadgets.ndtv