[Unicode]

Xiaomi ငွေကြေးရင်းနှီးမြှပ်နှံထားတဲ့ Viomi က စမတ် ရေခဲသေတ္တာကို ကြေညာလိုက်ပါတယ်။ Viomi Internet Refrigerator လို့ နာမည်ပေးထားပြီး Samsung Family Hub စမတ် ရေခဲသေတ္တာနဲ့ ဒီဇိုင်း တူပါတယ်။ Viomi ရဲ့ စမတ် ရေခဲသေတ္တာမှာ တံခါး ၂ ခု ပါပြီး ပစ္စည်းတော်တော်များများ ထည့်ထားနိုင်ပါတယ်။

အရှေ့ဘက်က အရွယ်ကြီး ၂၁ လက်မ IPS Full HD Wide-angle မျက်နှာပြင်က အလန်းဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ ထိတွေ့ မျက်နှာပြင် ဖြစ်ပြီး Touch Control တွေ သုံးနိုင်ပါတယ်။ Viobrain AI လည်း ထည့်သွင်းထားပြီး အသံအမိန့်တွေနဲ့ ခိုင်းစေနိုင်ပါတယ်။ ရာသီဥတု သတင်းတွေ မေးတာ၊ သတင်းဖတ်ပြခိုင်းတာ၊ ရေခဲသေတ္တာရဲ့ အပူချိန်ကို မေးတာတွေ လုပ်နိုင်ပါတယ်။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ အစားအစာတွေကို မှာယူနိုင်တာက အမိုက်ဆုံးပါ။ ဒါပေမယ့် ဒီလုပ်ဆောင်ချက်ကို တရုတ်မှာပဲ သုံးနိုင်ပါသေးတယ်။ တရုတ်မှာ ရေခဲသေတ္တာကို စတင် ရောင်းချပေးလိုက်ပါပြီ။

Viomi Internet Refrigerator မှာ ဟင်းချက်နည်းပေါင်း ၁ သန်းကျော်ကို ပံ့ပိုးပေးထားတဲ့အတွက် ဟင်းအသစ်အဆန်းတွေချက်ချင်သူတွေနဲ့ ဟင်းမချက်တတ်သူတွေအတွက် အရမ်းကို ကောင်းပါတယ်။ iQiyi App ကနေ သီချင်းတွေ၊ ရုပ်ရှင်တွေကို နားဆင် ကြည့်ရှုနိုင်တဲ့အတွက် ဟင်းချက်ရင်း အပျင်းပြေစေမှာ သေချာပါတယ်။

ဖုန်း ၊ စမတ် နေအိမ် ကိရိယာတွေနဲ့ ရေခဲသေတ္တာကို ချိတ်ဆက်နိုင်တဲ့ MIJIA App ပါလာပြီး အဲဒီ စမတ်နေအိမ် ကိရိယာတွေကို အသံအမိန့်နဲ့ ခိုင်းစေနိုင်ပါတယ်။ တရုတ်မှာ ၅,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁၂ သိန်းကျော်ရှိပါတယ်။

Ref : gizmochina

[Zawgyi]

၂၁ လက္မ IPS မ်က္ႏွာျပင္နဲ႔ Voice Control ပါတဲ့ Viomi ရဲ႕ စမတ္ ေရခဲေသတၱာ

Xiaomi ေငြေၾကးရင္းႏွီးျမွပ္ႏွံထားတဲ့ Viomi က စမတ္ ေရခဲေသတၱာကို ေၾကညာလိုက္ပါတယ္။ Viomi Internet Refrigerator လို႔ နာမည္ေပးထားၿပီး Samsung Family Hub စမတ္ ေရခဲေသတၱာနဲ႔ ဒီဇိုင္း တူပါတယ္။ Viomi ရဲ႕ စမတ္ ေရခဲေသတၱာမွာ တံခါး ၂ ခု ပါၿပီး ပစၥည္းေတာ္ေတာ္မ်ားမ်ား ထည့္ထားႏုိင္ပါတယ္။

အေရွ႕ဘက္က အရြယ္ႀကီး ၂၁ လက္မ IPS Full HD Wide-angle မ်က္ႏွာျပင္က အလန္းဆံုး အစိတ္အပိုင္း ျဖစ္ပါတယ္။ ထိေတြ႕ မ်က္ႏွာျပင္ ျဖစ္ၿပီး Touch Control ေတြ သံုးႏုိင္ပါတယ္။ Viobrain AI လည္း ထည့္သြင္းထားၿပီး အသံအမိန္႔ေတြနဲ႔ ခုိင္းေစႏုိင္ပါတယ္။ ရာသီဥတု သတင္းေတြ ေမးတာ၊ သတင္းဖတ္ျပခုိင္းတာ၊ ေရခဲေသတၱာရဲ႕ အပူခ်ိန္ကို ေမးတာေတြ လုပ္ႏုိင္ပါတယ္။ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္နဲ႔ အစားအစာေတြကို မွာယူႏိုင္တာက အမိုက္ဆံုးပါ။ ဒါေပမယ့္ ဒီလုပ္ေဆာင္ခ်က္ကို တရုတ္မွာပဲ သံုးႏုိင္ပါေသးတယ္။ တရုတ္မွာ ေရခဲေသတၱာကို စတင္ ေရာင္းခ်ေပးလိုက္ပါၿပီ။

Viomi Internet Refrigerator မွာ ဟင္းခ်က္နည္းေပါင္း ၁ သန္းေက်ာ္ကို ပံ့ပိုးေပးထားတဲ့အတြက္ ဟင္းအသစ္အဆန္းေတြခ်က္ခ်င္သူေတြနဲ႔ ဟင္းမခ်က္တတ္သူေတြအတြက္ အရမ္းကို ေကာင္းပါတယ္။ iQiyi App ကေန သီခ်င္းေတြ၊ ရုပ္ရွင္ေတြကို နားဆင္ ၾကည့္ရႈႏုိင္တဲ့အတြက္ ဟင္းခ်က္ရင္း အပ်င္းေျပေစမွာ ေသခ်ာပါတယ္။

ဖုန္း ၊ စမတ္ ေနအိမ္ ကိရိယာေတြနဲ႔ ေရခဲေသတၱာကို ခ်ိတ္ဆက္ႏုိင္တဲ့ MIJIA App ပါလာၿပီး အဲဒီ စမတ္ေနအိမ္ ကိရိယာေတြကို အသံအမိန္႔နဲ႔ ခိုင္းေစႏုိင္ပါတယ္။ တရုတ္မွာ ၅,၉၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၁၂ သိန္းေက်ာ္ရွိပါတယ္။

Ref : gizmochina