Rae ဟာ အာရှရဲ့ CGI (Computer Generated Imagery) Influencer တွေထဲက ၁ ယောက် ဖြစ်ပြီး အင်စတာဂရမ်နဲ့ ဝီဘိုမှာ Follower များစွာ ရှိပါတယ်။ လူမှုကွန်ရက်မှာ “here.is.rae” လို့ လူသိများပြီး သူမရဲ့ အင်စတာဂရမ် ကိုယ်ရေးအချက်အလက်ထဲမှာ သူမဟာ အတုအယောင် လူသား ၁ ယောက်၊ ဒစ်ဂျစ်တယ် အနုပညာရှင်နဲ့ STEM (Science, Technology, Engineering နဲ့ Maths) ထောက်ခံအားပေးသူလို့ ဖော်ပြထားပါတယ်။
Tako can't stop dreaming of space! Especially with all the exciting adventures ahead that will soon be shared with you.#nfts #nft #nftart #nftcommunity #nftcollector #nftartist #crypto #digitalart #cryptoart #art #ethereum #opensea #nftcollectors #blockchain #nftdrop pic.twitter.com/Dr2PMDfq5y
— here.is.rae (@hereisrae) April 26, 2022
Rae ဟာ ဒီလ ၆ ရက်နေ့ ကျရောက်မယ့် Girls in Information and Communication Technology (ICT) Day မတိုင်ခင်မှာ သူမရဲ့ ဒုတိယမြောက် NFT Collection ကို ကြေညာလိုက်ပါတယ်။ သူမက မိန်းမငယ်လေးတွေ အတွက် ပိုကောင်းတဲ့ STEM ပညာရေး ရရှိစေဖို့ ထောက်ခံအားပေးတဲ့အနေနဲ့ ဒီ Collection ကို ရည်ရွယ်ရောင်းချတာ ဖြစ်ပါတယ်။ စုစုပေါင်း ရောင်းချရငွေရဲ့ ၈ ရာခိုင်နှုန်းကို United Women Singapore အမည်ရ ပရဟိတ အဖွဲ့အစည်းကို လှူဒါန်းမှာ ဖြစ်ပါတယ်။
အဲဒီ Collection ရဲ့ အမည်က “Adventures of Tako” ဖြစ်ပြီး Rae ရဲ့ Virtual Pet Tako ပါဝင်ပါတယ်။ စီးရီး ၃ ခုထဲက ပထမဆုံး စီးရီး NFT ကို ဝယ်ယူထားသူတွေဟာ Rae ဆီက အသံ Message ကို ရရှိမှာ ဖြစ်ပြီး ဒုတိယ စီးရီးကိုလည်း ဦးစားပေး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Ref : cointelegraph