[Unicode]

ကမ္ဘာတစ်ဝန်းဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် Visa သည် သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်းလေ့လာဆန်းစစ်ချက်မှ ထပ်မံတွေ့ရှိချက်များကို ယနေ့ ထုတ်ပြန်လိုက်ပါသည်။ အဆိုပါ လေ့လာဆန်းစစ်ချက်အရ ဖြေဆိုသူအားလုံး၏ တစ်ဝက်နီးပါး (၄၀ ရာခိုင်နှုန်း) ခန့်သည် ငွေပေးချေမှုများနှင့် စိစစ်အတည်ပြုခြင်း (Authentication) တို့အတွက် Biometrics နည်းလမ်းများ (လက်ဗွေရာ၊ မျက်နှာသွင်ပြင် လက္ခဏာများ၊ အသံ၊ မျက်ကြည်လွှာ၊ သွေးပြန်ကြော၊ DNA စသည်တို့ဖြင့် Scan ဖတ်ခြင်း၊ အသိအမှတ်ပြုခြင်းကို ဆိုလိုသည်) ကို ပြောင်းလဲ အသုံးပြုရန် စိတ်ဝင်စားမှုရှိကြသည်ဟု သိရှိရသည်။

ယင်းလေ့လာဆန်းစစ်ချက်သည် ငွေပေးချေမှု၊ အသစ်ပေါ်ထွက်လာသော ငွေပေးချေမှုနည်းလမ်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသားများ၏ လက်ခံနားလည်မှု၊ သဘောထားနှင့် အမူအကျင့်များအကြောင်းကို တိကျနက်နဲစွာ လေ့လာ သုံးသပ်ထားသော အစီရင်ခံစာတစ်ရပ်ဖြစ်သည်။

Visa Myanmar ၏ Country Manager ဖြစ်သူ Lillian Wang က “သုံးစွဲသူတွေရဲ့ ငွေပေးချေမှုပြုလုပ်တဲ့ ပုံစံကို ပြောင်းလဲပေးနေတဲ့ အသစ်အသစ်သော ငွေပေးချေမှုနည်းလမ်းတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံက သုံးစွဲသူတွေဟာ ငွေပေးချေမှုနည်းလမ်းပိုင်းရဲ့ နည်းပညာတိုးတက်မှုတွေကို သဘောကျတယ်ဆိုတာ သိနိုင်ပါတယ်။ နည်းပညာပိုင်း နားလည်တတ်ကျွမ်းမှုရှိနေပြီဖြစ်တဲ့ မြန်မာပြည်သူတွေက ဒစ်ဂျစ်တယ်ငွေပေးချေမှုအသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိနားလည်လာကြတာကြောင့် ကျွန်မတို့အနေနဲ့လည်း စိတ်အားတက်မိပါတယ်” ဟု ပြောကြား ခဲ့သည်။

ဤလေ့လာဆန်းစစ်ချက်အရ Biometric နည်းလမ်းများထဲတွင် အသုံးအများဆုံးနည်းလမ်းများမှာ လက်ဗွေ Scan ဖတ်ခြင်း (၅၂ ရာခိုင်နှုန်း)၊ မျက်နှာသွင်ပြင် လက္ခဏာများ အသိအမှတ်ပြုခြင်း (၁၇ ရာခိုင်နှုန်း) ၊ မျက်ကြည်လွှာ Scan ဖတ်ခြင်း (၉ ရာခိုင်နှုန်း) နှင့် အသံအသိအမှတ်ပြုခြင်း (၅ ရာခိုင်နှုန်း) တို့ဖြစ်သည်။

Biometric နည်းလမ်းဖြင့် ငွေပေးချေမှုနှင့် စိစစ်အတည်ပြုခြင်းတို့ကို အသုံးပြုရခြင်း၏ အဆင်ပြေလွယ်ကူမှုအဆင့်ကို ကြည့်မည်ဆိုပါက ဖြေဆိုသူများ၏ ၉၉ ရာခိုင်နှုန်းသည် လက်ဗွေ Scan ဖတ်ခြင်းနည်းလမ်းကို အသုံးပြုရသည်မှာ အဆင်ပြေလွယ်ကူသည်ဟု ဖြေဆိုခဲ့ရာ ဤနည်းလမ်းသည် အဆင်ပြေလွယ်ကူမှုအဆင့်၏ ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိ သည်။ မျက်နှာသွင်ပြင် လက္ခဏာများ အသိအမှတ်ပြုခြင်းနည်းလမ်းသည် ၉၅ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိနေကာ၊ အသံဖြင့် အသိအမှတ်ပြုခြင်းနည်းလမ်းသည် ၉၁ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။ မြန်မာနိုင်ငံမှ ဖြေဆို သူများအတွက် မျက်ကြည်လွှာ Scan ဖတ်ခြင်းနည်းလမ်းမှာ အဆင်ပြေလွယ်ကူမှု အနည်းဆုံးဖြစ်ကာ ၈၉ ရာခိုင်နှုန်းသာ ရှိထားသည်။

အဆိုပါ လေ့လာဆန်းစစ်ချက်တွင် ထပ်မံ၍ မြန်မာနိုင်ငံသားများအနေဖြင့် စမတ်နာရီ (Smartwatch)၊ လက်ပတ် (Wristband) နှင့် လက်စွပ် (Ring) စသည့် အဆင်တန်ဆာပစ္စည်းများဖြင့် လုပ်ဆောင်ရသော ငွေပေးချေမှုများအကြောင်း သိရှိနားလည်မှု၊ စိတ်ဝင်စားမှုအခြေအနေကိုလည်း ထည့်သွင်းလေ့လာခဲ့သည်။ ထပ်မံတွေ့ရှိချက်များအရ ဖြေဆိုသူ ၁၀ ဦး တွင် ၁ ဦး (၉ ရာခိုင်နှုန်း) ကသာ ဤကဲ့သို့ အဆင်တန်ဆာပစ္စည်းများဖြင့် ငွေပေးချေမှုပြုလုပ်နိုင်ကြောင်းကို သိရှိ ထားသည်ဟု သိရသည်။ သို့ရာတွင် ထိုသို့ သတိပြု သိရှိမှု နည်းပါးနေသေးသော်လည်း ဖြေဆိုသူများ၏ တစ်ဝက်ခန့် (၄၁ ရာခိုင်နှုန်း) သည် ဤကဲ့သို့ နည်းပညာအသုံးပြု၍ ငွေပေးချေမှုများပြုလုပ်ရန် စိတ်ဝင်စားကြကြောင်း ဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံမှ သုံးစွဲသူများအနေဖြင့် ငွေပေးချေမှုများပြုလုပ်ရာတွင် ငွေပေးချေမှုပြုလုပ်ရန် အသုံးပြုချင်ဆုံးနည်းလမ်းများကို ဖြေဆိုရာတွင် စမတ်နာရီအသုံးပြုသည့်နည်းလမ်းသည် နှစ်သက်သူ ၃၉ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကာ၊ ၎င်း၏ နောက်တွင် လက်ပတ်အသုံးပြုသည့်နည်းလမ်း (၂၆ ရာခိုင်နှုန်း) ၊ လက်စွပ်အသုံးပြုသည့်နည်းလမ်း (၂၂ ရာခိုင်နှုန်း) တို့ ရှိကြောင်းသိရသည်။ အဆင်တန်ဆာပစ္စည်းများဖြင့် လုပ်ဆောင်ရသော ငွေပေးချေမှုနည်းလမ်းများ၏ အဆင်ပြေ လွယ်ကူမှုအဆင့်နှင့် စပ်လျဉ်း၍ မေးမြန်းရာ၌ မြန်မာနိုင်ငံသားဖြေဆိုသူအားလုံးနီးပါးက (၉၉ ရာခိုင်နှုန်း) လက်ပတ် အသုံးပြုသည့်နည်းလမ်းကို အသုံးပြုသည်မှာ အဆင်ပြေဆုံးဟုဖြေဆိုကြကာ ဒုတိယအနေဖြင့် စမတ်နာရီ အသုံးပြုသည့် နည်းလမ်း (၉၈ ရာခိုင်နှုန်း) ၊ တတိယအနေဖြင့် လက်စွပ်အသုံးပြုသည့်နည်းလမ်း (၉၅ ရာခိုင်နှုန်း) တို့က ရပ်တည်လျက်ရှိ သည်။

အဆိုပါ လေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံမှ ငွေကြေးသုံးစွဲသူများသည် ကြိုတင်မှာယူမှုများ၊ ငွေပေးချေခြင်း၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများမှာယူခြင်းတို့ကဲ့သို့သော လုပ်ငန်းဆောင်တာများအတွက် AI Chatbot များ အသုံးပြု ခြင်းကို သဘောကျကြိုက်နှစ်သက်ကြကြောင်း သိရှိရသည်။ ဖြေဆိုသူများ၏ ၁ ရာခိုင်နှုန်းခန့်ကသာ AI Chatbot ကို အသုံးပြုဖူးသည်ဟု ဆိုသော်လည်း စစ်တမ်းကောက်ယူခဲ့သည့် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်က ၎င်းတို့အနေဖြင့် အဆိုပါ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်းပြီး သဘောကျကြိုက်နှစ်သက်မှုရှိသည်ဟု ဖြေဆိုခဲ့ကြသည်။

“ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံမှာ Visa Contactless နည်းပညာလိုမျိုး ဆန်းသစ်တဲ့ ငွေပေးချေမှုနည်းလမ်းတွေကို ဦးဆောင်ဦးရွက်ပြုပြီး မိတ်ဆက်ပေးခဲ့သလို ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေ၊ ငွေကြေးစီမံခန့်ခွဲမှုတွေရဲ့ အကျိုးကျေးဇူးတွေ အကြောင်းကိုလည်း သုံးစွဲသူတွေကို အသိပညာပေးနိုင်ခဲ့ပါတယ်။ ယခုလို တိုးတက်လာတဲ့အခြေအနေအတွက် ကျွန်မတို့အနေနဲ့ ဂုဏ်ယူမိပေမယ့် နိုင်ငံတစ်ဝန်း ဒစ်ဂျစ်တယ်ငွေပေးချေမှုကို လက်ခံအသုံးပြုမှုကို တိုးမြှင့်သွားဖို့အတွက် ဆက်လက်ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ဖို့ ငွေပေးချေမှုဂေဟစနစ်ထဲမှာ ဆန်းသစ်တဲ့ငွေပေးချေမှုနည်းလမ်းတွေကို မိတ်ဆက်ပေးပြီး ရင်းနှီးမြှပ်နှံမှုတွေ ဆက်လုပ်သွားဖို့ ကျွန်တို့ ကြိုးစားနေပါတယ်” ဟု Lillian က နိဂုံးချုပ်ပြောကြားခဲ့သည်။

စစ်တမ်းကောက်ယူမှုပုံစံ။ ။ မြန်မာနိုင်ငံမြို့ကြီးများရှိ မြို့နေလူထု၏ ငွေကြေးနှင့် ငွေပေးချေမှုဆိုင်ရာ အလေ့အထနှင့် သဘောထားများအကြောင်း သိရှိနားလည်ရန်အတွက် ဤဆန်းစစ်လေ့လာမှုကို ရန်ကုန်၊ ပုသိမ်၊ မန္တလေးနှင့် မကွေးမြို့ကြီး များတွင် လူဦးရေ ၅၀၄ ဦးနှင့် တွေ့ဆုံမေးမြန်းကာ စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။ ဤစစ်တမ်းအား ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

[Zawgyi]

ျမန္မာႏိုင္ငံမွ သုံးစြဲသူမ်ားအေနျဖင့္ ေငြေပးေခ်ျခင္းႏွင့္ စိစစ္အတည္ျပဳျခင္းတို႔အတြက္ Biometrics နည္းလမ္းမ်ားကို အသုံးျပဳလိုၾက
– Visa ေလ့လာဆန္းစစ္ခ်က္

ကမာၻတစ္ဝန္းဒစ္ဂ်စ္တယ္ေငြေပးေခ်မႈလုပ္ငန္းနယ္ပယ္တြင္ ဦးေဆာင္ေနသည့္ Visa သည္ သုံးစြဲသူမ်ား၏ ေငြေပးေခ်မႈဆိုင္ရာ အေလ့အထမ်ားအေၾကာင္းေလ့လာဆန္းစစ္ခ်က္မွ ထပ္မံေတြ႕ရွိခ်က္မ်ားကို ယေန႔ ထုတ္ျပန္လိုက္ပါသည္။ အဆိုပါ ေလ့လာဆန္းစစ္ခ်က္အရ ေျဖဆိုသူအားလုံး၏ တစ္ဝက္နီးပါး (၄၀ ရာခိုင္ႏႈန္း) ခန႔္သည္ ေငြေပးေခ်မႈမ်ားႏွင့္ စိစစ္အတည္ျပဳျခင္း (Authentication) တို႔အတြက္ Biometrics နည္းလမ္းမ်ား (လက္ေဗြရာ၊ မ်က္ႏွာသြင္ျပင္ လကၡဏာမ်ား၊ အသံ၊ မ်က္ၾကည္လႊာ၊ ေသြးျပန္ေၾကာ၊ DNA စသည္တို႔ျဖင့္ Scan ဖတ္ျခင္း၊ အသိအမွတ္ျပဳျခင္းကို ဆိုလိုသည္) ကို ေျပာင္းလဲ အသုံးျပဳရန္ စိတ္ဝင္စားမႈရွိၾကသည္ဟု သိရွိရသည္။

ယင္းေလ့လာဆန္းစစ္ခ်က္သည္ ေငြေပးေခ်မႈ၊ အသစ္ေပၚထြက္လာေသာ ေငြေပးေခ်မႈနည္းလမ္းမ်ားႏွင့္ စပ္လ်ဥ္း၍ ျမန္မာႏိုင္ငံသားမ်ား၏ လက္ခံနားလည္မႈ၊ သေဘာထားႏွင့္ အမူအက်င့္မ်ားအေၾကာင္းကို တိက်နက္နဲစြာ ေလ့လာ သုံးသပ္ထားေသာ အစီရင္ခံစာတစ္ရပ္ျဖစ္သည္။

Visa Myanmar ၏ Country Manager ျဖစ္သူ Lillian Wang က “သုံးစြဲသူေတြရဲ႕ ေငြေပးေခ်မႈျပဳလုပ္တဲ့ ပုံစံကို ေျပာင္းလဲေပးေနတဲ့ အသစ္အသစ္ေသာ ေငြေပးေခ်မႈနည္းလမ္းေတြကို ၾကည့္ျခင္းအားျဖင့္ ျမန္မာႏိုင္ငံက သုံးစြဲသူေတြဟာ ေငြေပးေခ်မႈနည္းလမ္းပိုင္းရဲ႕ နည္းပညာတိုးတက္မႈေတြကို သေဘာက်တယ္ဆိုတာ သိႏိုင္ပါတယ္။ နည္းပညာပိုင္း နားလည္တတ္ကြၽမ္းမႈရွိေနၿပီျဖစ္တဲ့ ျမန္မာျပည္သူေတြက ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈအသုံးျပဳျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို သိရွိနားလည္လာၾကတာေၾကာင့္ ကြၽန္မတို႔အေနနဲ႔လည္း စိတ္အားတက္မိပါတယ္” ဟု ေျပာၾကား ခဲ့သည္။

ဤေလ့လာဆန္းစစ္ခ်က္အရ Biometric နည္းလမ္းမ်ားထဲတြင္ အသုံးအမ်ားဆုံးနည္းလမ္းမ်ားမွာ လက္ေဗြ Scan ဖတ္ျခင္း (၅၂ ရာခိုင္ႏႈန္း)၊ မ်က္ႏွာသြင္ျပင္ လကၡဏာမ်ား အသိအမွတ္ျပဳျခင္း (၁၇ ရာခိုင္ႏႈန္း) ၊ မ်က္ၾကည္လႊာ Scan ဖတ္ျခင္း (၉ ရာခိုင္ႏႈန္း) ႏွင့္ အသံအသိအမွတ္ျပဳျခင္း (၅ ရာခိုင္ႏႈန္း) တို႔ျဖစ္သည္။

Biometric နည္းလမ္းျဖင့္ ေငြေပးေခ်မႈႏွင့္ စိစစ္အတည္ျပဳျခင္းတို႔ကို အသုံးျပဳရျခင္း၏ အဆင္ေျပလြယ္ကူမႈအဆင့္ကို ၾကည့္မည္ဆိုပါက ေျဖဆိုသူမ်ား၏ ၉၉ ရာခိုင္ႏႈန္းသည္ လက္ေဗြ Scan ဖတ္ျခင္းနည္းလမ္းကို အသုံးျပဳရသည္မွာ အဆင္ေျပလြယ္ကူသည္ဟု ေျဖဆိုခဲ့ရာ ဤနည္းလမ္းသည္ အဆင္ေျပလြယ္ကူမႈအဆင့္၏ ထိပ္ဆုံးတြင္ ရပ္တည္လ်က္ရွိ သည္။ မ်က္ႏွာသြင္ျပင္ လကၡဏာမ်ား အသိအမွတ္ျပဳျခင္းနည္းလမ္းသည္ ၉၅ ရာခိုင္ႏႈန္းျဖင့္ ဒုတိယေနရာတြင္ ရွိေနကာ၊ အသံျဖင့္ အသိအမွတ္ျပဳျခင္းနည္းလမ္းသည္ ၉၁ ရာခိုင္ႏႈန္းျဖင့္ တတိယေနရာတြင္ ရပ္တည္ေနသည္။ ျမန္မာႏိုင္ငံမွ ေျဖဆို သူမ်ားအတြက္ မ်က္ၾကည္လႊာ Scan ဖတ္ျခင္းနည္းလမ္းမွာ အဆင္ေျပလြယ္ကူမႈ အနည္းဆုံးျဖစ္ကာ ၈၉ ရာခိုင္ႏႈန္းသာ ရွိထားသည္။

အဆိုပါ ေလ့လာဆန္းစစ္ခ်က္တြင္ ထပ္မံ၍ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ စမတ္နာရီ (Smartwatch)၊ လက္ပတ္ (Wristband) ႏွင့္ လက္စြပ္ (Ring) စသည့္ အဆင္တန္ဆာပစၥည္းမ်ားျဖင့္ လုပ္ေဆာင္ရေသာ ေငြေပးေခ်မႈမ်ားအေၾကာင္း သိရွိနားလည္မႈ၊ စိတ္ဝင္စားမႈအေျခအေနကိုလည္း ထည့္သြင္းေလ့လာခဲ့သည္။ ထပ္မံေတြ႕ရွိခ်က္မ်ားအရ ေျဖဆိုသူ ၁၀ ဦး တြင္ ၁ ဦး (၉ ရာခိုင္ႏႈန္း) ကသာ ဤကဲ့သို႔ အဆင္တန္ဆာပစၥည္းမ်ားျဖင့္ ေငြေပးေခ်မႈျပဳလုပ္ႏိုင္ေၾကာင္းကို သိရွိ ထားသည္ဟု သိရသည္။ သို႔ရာတြင္ ထိုသို႔ သတိျပဳ သိရွိမႈ နည္းပါးေနေသးေသာ္လည္း ေျဖဆိုသူမ်ား၏ တစ္ဝက္ခန႔္ (၄၁ ရာခိုင္ႏႈန္း) သည္ ဤကဲ့သို႔ နည္းပညာအသုံးျပဳ၍ ေငြေပးေခ်မႈမ်ားျပဳလုပ္ရန္ စိတ္ဝင္စားၾကေၾကာင္း ေဖာ္ျပခဲ့ၾကသည္။

ျမန္မာႏိုင္ငံမွ သုံးစြဲသူမ်ားအေနျဖင့္ ေငြေပးေခ်မႈမ်ားျပဳလုပ္ရာတြင္ ေငြေပးေခ်မႈျပဳလုပ္ရန္ အသုံးျပဳခ်င္ဆုံးနည္းလမ္းမ်ားကို ေျဖဆိုရာတြင္ စမတ္နာရီအသုံးျပဳသည့္နည္းလမ္းသည္ ႏွစ္သက္သူ ၃၉ ရာခိုင္ႏႈန္းျဖင့္ အမ်ားဆုံးျဖစ္ကာ၊ ၎၏ ေနာက္တြင္ လက္ပတ္အသုံးျပဳသည့္နည္းလမ္း (၂၆ ရာခိုင္ႏႈန္း) ၊ လက္စြပ္အသုံးျပဳသည့္နည္းလမ္း (၂၂ ရာခိုင္ႏႈန္း) တို႔ ရွိေၾကာင္းသိရသည္။ အဆင္တန္ဆာပစၥည္းမ်ားျဖင့္ လုပ္ေဆာင္ရေသာ ေငြေပးေခ်မႈနည္းလမ္းမ်ား၏ အဆင္ေျပ လြယ္ကူမႈအဆင့္ႏွင့္ စပ္လ်ဥ္း၍ ေမးျမန္းရာ၌ ျမန္မာႏိုင္ငံသားေျဖဆိုသူအားလုံးနီးပါးက (၉၉ ရာခိုင္ႏႈန္း) လက္ပတ္ အသုံးျပဳသည့္နည္းလမ္းကို အသုံးျပဳသည္မွာ အဆင္ေျပဆုံးဟုေျဖဆိုၾကကာ ဒုတိယအေနျဖင့္ စမတ္နာရီ အသုံးျပဳသည့္ နည္းလမ္း (၉၈ ရာခိုင္ႏႈန္း) ၊ တတိယအေနျဖင့္ လက္စြပ္အသုံးျပဳသည့္နည္းလမ္း (၉၅ ရာခိုင္ႏႈန္း) တို႔က ရပ္တည္လ်က္ရွိ သည္။

အဆိုပါ ေလ့လာဆန္းစစ္ခ်က္အရ ျမန္မာႏိုင္ငံမွ ေငြေၾကးသုံးစြဲသူမ်ားသည္ ႀကိဳတင္မွာယူမႈမ်ား၊ ေငြေပးေခ်ျခင္း၊ ကုန္ပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈမ်ားမွာယူျခင္းတို႔ကဲ့သို႔ေသာ လုပ္ငန္းေဆာင္တာမ်ားအတြက္ AI Chatbot မ်ား အသုံးျပဳ ျခင္းကို သေဘာက်ႀကိဳက္ႏွစ္သက္ၾကေၾကာင္း သိရွိရသည္။ ေျဖဆိုသူမ်ား၏ ၁ ရာခိုင္ႏႈန္းခန႔္ကသာ AI Chatbot ကို အသုံးျပဳဖူးသည္ဟု ဆိုေသာ္လည္း စစ္တမ္းေကာက္ယူခဲ့သည့္ လူဦးေရ၏ ၈၀ ရာခိုင္ႏႈန္းေက်ာ္က ၎တို႔အေနျဖင့္ အဆိုပါ လုပ္ေဆာင္ခ်က္မ်ားႏွင့္ စပ္လ်ဥ္းၿပီး သေဘာက်ႀကိဳက္ႏွစ္သက္မႈရွိသည္ဟု ေျဖဆိုခဲ့ၾကသည္။

“ကြၽန္မတို႔အေနနဲ႔ ျမန္မာႏိုင္ငံမွာ Visa Contactless နည္းပညာလိုမ်ိဳး ဆန္းသစ္တဲ့ ေငြေပးေခ်မႈနည္းလမ္းေတြကို ဦးေဆာင္ဦး႐ြက္ျပဳၿပီး မိတ္ဆက္ေပးခဲ့သလို ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈေတြ၊ ေငြေၾကးစီမံခန႔္ခြဲမႈေတြရဲ႕ အက်ိဳးေက်းဇူးေတြ အေၾကာင္းကိုလည္း သုံးစြဲသူေတြကို အသိပညာေပးႏိုင္ခဲ့ပါတယ္။ ယခုလို တိုးတက္လာတဲ့အေျခအေနအတြက္ ကြၽန္မတို႔အေနနဲ႔ ဂုဏ္ယူမိေပမယ့္ ႏိုင္ငံတစ္ဝန္း ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈကို လက္ခံအသုံးျပဳမႈကို တိုးျမႇင့္သြားဖို႔အတြက္ ဆက္လက္ႀကိဳးစားေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျပဳႏိုင္ဖို႔ ေငြေပးေခ်မႈေဂဟစနစ္ထဲမွာ ဆန္းသစ္တဲ့ေငြေပးေခ်မႈနည္းလမ္းေတြကို မိတ္ဆက္ေပးၿပီး ရင္းႏွီးျမႇပ္ႏွံမႈေတြ ဆက္လုပ္သြားဖို႔ ကြၽန္တို႔ ႀကိဳးစားေနပါတယ္” ဟု Lillian က နိဂုံးခ်ဳပ္ေျပာၾကားခဲ့သည္။

စစ္တမ္းေကာက္ယူမႈပုံစံ။ ။ ျမန္မာႏိုင္ငံၿမိဳ႕ႀကီးမ်ားရွိ ၿမိဳ႕ေနလူထု၏ ေငြေၾကးႏွင့္ ေငြေပးေခ်မႈဆိုင္ရာ အေလ့အထႏွင့္ သေဘာထားမ်ားအေၾကာင္း သိရွိနားလည္ရန္အတြက္ ဤဆန္းစစ္ေလ့လာမႈကို ရန္ကုန္၊ ပုသိမ္၊ မႏၲေလးႏွင့္ မေကြးၿမိဳ႕ႀကီး မ်ားတြင္ လူဦးေရ ၅၀၄ ဦးႏွင့္ ေတြ႕ဆုံေမးျမန္းကာ စစ္တမ္းေကာက္ယူခဲ့ျခင္း ျဖစ္သည္။ ဤစစ္တမ္းအား ၂၀၁၈ ခုႏွစ္ စက္တင္ဘာလတြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။