[Zawgyi]





Ref : gsmarena

[Unicode]

Visionox က Foldable Smartphone နဲ့ Rollable OLED Display ကို ပွသ

တရုတ်မှာ ကျင်းပနေတဲ့ First World Conference on Display Industry မှာ Visionox က အလန်းစား ထုတ်ကုန် ၂ ခုကို ပြသခဲ့ပါတယ်။ အဲဒါတွေက Foldable Smartphone နဲ့ Rollable OLED Display ဖြစ်ပြီး လာမယ့် ၁ နှစ်၊ ၂ နှစ်အတွင်းမှာ ဒီထက် ဒီဇိုင်း ပိုလန်းလာတော့မှာပါ။ Xiaomi Mi Mix Alpha ရဲ့ Display ကို ဖန်တီးပေးထားတာကလည်း Visionox ပဲ ဖြစ်ပါတယ်။

Foldable Clamshell Protype ဟာ ဒေါင်လိုက် ခေါက်ချိုးရတဲ့ Smartphone ဖြစ်ပြီး မကြာခင်က ကြေညာထားတဲ့ Motorola Razr 2019 နဲ့ အရမ်းကို တူပါတယ်။ ဒါပေမယ့် Visionox ရဲ့ Foldable Smartphone ဟာ ဒီဇိုင်း ပိုမိုက်ပြီး ဖြန့်ထားရင် ခေါက်ချိုး ဖုန်းလို့ မထင်ရပါဘူး။ ၆.၄၇ လက်မ Flexible AMOLED Display တပ်ဆင်ထားပါတယ်။ ရောင်းတန်းဝင် အဆင့်ရောက်ချိန်ဆိုရင် အလယ်မှာ ခေါက်ရာ မပေါ်ဘူးလို့ Visionox က ပြောပါတယ်။ Display မှာ On-cell နည်းပညာ ပါတယ်လို့ သိရပါတယ်။

Visionox က Flexible Display ၁ ခုကိုလည်း ပြသလိုက်ပြီး ခေါက်လိပ်ထားရင် အချင်းက ၇ မီလီမီတာပဲ ရှိပါတယ်။ အဲဒီမှာလည်း On-cell Display နည်းပညာ ထည့်သွင်းထားပါတယ်။ Visionox က Rollable Display Design က နေရာယူတာကို လျှော့ချပေးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် စွမ်းရည်ပြည့်ဝတဲ့ Rollable Display ဖြစ်လာဖို့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

Rollable Display တွေကို BOE နဲ့ LG တို့က အရင်က ပြသခဲ့ဖူးပါတယ်။ လာမယ့်နှစ်မှာ Foldable Smartphone နဲ့ Flexible Display တွေ ရေပန်းစားလာမယ်လို့ ထင်ပါတယ်။

Ref : gsmarena