Zawgyi

Vivo အမွတ္တံဆိပ္ဟာ အာရွရဲ႕အင္အားႀကီးေစ်းကြက္တစ္ခုျဖစ္တဲ့ အိႏၵိယေစ်းကြက္မွာ မႏွစ္က တုိးတက္မႈအျမန္ဆုံးစမတ္ဖုန္းအမွတ္တံဆိပ္အျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ အဲဒီထဲက အဓိကက်တဲ့ ထုတ္ကုန္တစ္ခုကေတာ့ V15 Pro ဖုန္းပါပဲ။ ကုမၸဏီက ဒီေအာင္ျမင္မႈကို ဆက္ထိန္းသိမ္းႏုိင္ဖို႔ V15 Pro အတြက္ 8GB RAM ေမာ္ဒယ္အသစ္ကို ထုတ္လုပ္လိုက္သလို ရုိးရုိး Vivo V15 အတြက္လည္း Aqua Blue ကာလာအသစ္ ထပ္ထုတ္လိုက္ပါတယ္။

RAM မန္မုိရီ 2GB ထပ္တုိးလုိက္တာကလြဲလို႔ V15 Pro ဟာ ပုံမွန္ဗားရွင္းနဲ႔ အျခားရႈေထာင့္ေတြမွာ အတူတူပါပဲ။ 6.39” လက္မအရြယ္ FHD+ Display ထဲမွာ In-display Fingerprint ထည့္သြင္းလာၿပီး 32MP Pop-up Selfie ကင္မရာပါဝင္တယ္။

ေနာက္ဘက္မွာလည္း 48MP အဓိကကင္မရာ၊ 8MP Ultra-wide ကင္မရာနဲ႔ 5MP Depth Sensor ဆုိၿပီး ကင္မရာသုံးလုံးတြဲ ပါဝင္ပါတယ္။ ခ်စ္ပ္ဆက္က Snapdragon 675 ျဖစ္ၿပီး 8 / 128GB မန္မုိရီျဖစ္သြားပါၿပီ။ 3,700 mAh ဘကၳရီႀကီးကို 18W အားအျမန္သြင္းစနစ္နဲ႔ ေထာက္ပံ့ထားပါတယ္။

စက္ႏွင္စနစ္မွာ Android Pie ကုိအေျခခံထားတဲ့ Funtouch OS 9 ကို အသုံးျပဳထားတဲ့ V15 Pro အသစ္ဟာ အိႏၵိယရူပီး ၂၉,၉၉၉ (ျမန္မာေငြ ေျခာက္သိန္းခြဲ) သတ္မွတ္လာတယ္။

Aqua Blue အေရာင္နဲ႔ V15 အသစ္ကလည္း မူရင္းဗားရွင္းနဲ႔အတူတူပါပဲ။ 6.53” FHD+ Display မွာ 32MP Pop-up ဆယ္ဖီကင္မရာ ပါဝင္တယ္။ ေနာက္ဘက္မွာ 24MP + 8MP + 5MP ကင္မရာသုံးလုံးတြဲကို အသုံးျပဳထားၿပီး Helio P70 ခ်စ္ပ္ဆက္ကို 6 / 64GB မန္မုိရီနဲ႔ တြဲဖက္ထားပါတယ္။ 4,000 mAh ဘကၳရီႀကီး ပါဝင္တဲ့ V15 ကေတာ့ အိႏၵိယရူပီး ၂၁,၉၉၀ (ျမန္မာေငြ ေလးသိန္းရွစ္ေသာင္းခန္႔) ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Vivo အမှတ်တံဆိပ်ဟာ အာရှရဲ့အင်အားကြီးဈေးကွက်တစ်ခုဖြစ်တဲ့ အိန္ဒိယဈေးကွက်မှာ မနှစ်က တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အဲဒီထဲက အဓိကကျတဲ့ ထုတ်ကုန်တစ်ခုကတော့ V15 Pro ဖုန်းပါပဲ။ ကုမ္ပဏီက ဒီအောင်မြင်မှုကို ဆက်ထိန်းသိမ်းနိုင်ဖို့ V15 Pro အတွက် 8GB RAM မော်ဒယ်အသစ်ကို ထုတ်လုပ်လိုက်သလို ရိုးရိုး Vivo V15 အတွက်လည်း Aqua Blue ကာလာအသစ် ထပ်ထုတ်လိုက်ပါတယ်။

RAM မန်မိုရီ 2GB ထပ်တိုးလိုက်တာကလွဲလို့ V15 Pro ဟာ ပုံမှန်ဗားရှင်းနဲ့ အခြားရှုထောင့်တွေမှာ အတူတူပါပဲ။ 6.39” လက်မအရွယ် FHD+ Display ထဲမှာ In-display Fingerprint ထည့်သွင်းလာပြီး 32MP Pop-up Selfie ကင်မရာပါဝင်တယ်။

နောက်ဘက်မှာလည်း 48MP အဓိကကင်မရာ၊ 8MP Ultra-wide ကင်မရာနဲ့ 5MP Depth Sensor ဆိုပြီး ကင်မရာသုံးလုံးတွဲ ပါဝင်ပါတယ်။ ချစ်ပ်ဆက်က Snapdragon 675 ဖြစ်ပြီး 8 / 128GB မန်မိုရီဖြစ်သွားပါပြီ။ 3,700 mAh ဘက္ထရီကြီးကို 18W အားအမြန်သွင်းစနစ်နဲ့ ထောက်ပံ့ထားပါတယ်။

စက်နှင်စနစ်မှာ Android Pie ကိုအခြေခံထားတဲ့ Funtouch OS 9 ကို အသုံးပြုထားတဲ့ V15 Pro အသစ်ဟာ အိန္ဒိယရူပီး ၂၉,၉၉၉ (မြန်မာငွေ ခြောက်သိန်းခွဲ) သတ်မှတ်လာတယ်။

Aqua Blue အရောင်နဲ့ V15 အသစ်ကလည်း မူရင်းဗားရှင်းနဲ့အတူတူပါပဲ။ 6.53” FHD+ Display မှာ 32MP Pop-up ဆယ်ဖီကင်မရာ ပါဝင်တယ်။ နောက်ဘက်မှာ 24MP + 8MP + 5MP ကင်မရာသုံးလုံးတွဲကို အသုံးပြုထားပြီး Helio P70 ချစ်ပ်ဆက်ကို 6 / 64GB မန်မိုရီနဲ့ တွဲဖက်ထားပါတယ်။ 4,000 mAh ဘက္ထရီကြီး ပါဝင်တဲ့ V15 ကတော့ အိန္ဒိယရူပီး ၂၁,၉၉၀ (မြန်မာငွေ လေးသိန်းရှစ်သောင်းခန့်) ဖြစ်ပါတယ်။

Ref – GSM Arena