vivo သည် နည်းပညာပိုင်းတွင် စံသတ်မှတ်ချက် ပေးနိုင်သည့် ထူးခြားသော ပေါင်းစပ်မှုပုံစံ၊ အသုံးပြုရ လွယ်ကူမှုနှင့် မြင့်မားသော စွမ်းဆောင်ရည်တို့ကို ပေးစွမ်းနိုင်ရန် စနစ်တကျ တီထွင်ဖန်တီးထားသည့် Y series ၏ နောက်ဆုံးပေါ် vivo Y100 ကို ယနေ့ မိတ်ဆက်လိုက်ပါသည်။ လှပပြီး ပေါ်လွင်စေရန် vivo ၏ ထူးခြားသော အရောင်ပြောင်းလဲခြင်းဒီဇိုင်း (Color Changing Design)၊ ပါးလျပ်သော ဖုန်းကိုယ်ထည် (Ultra Slim Body)၊ အားသွင်းမြန်စေရန် 80W FlashCharge၊ ကြည်လင်ပြတ်သားမှုအတွက် 120 Hz AMOLED မျက်နှာပြင်နှင့် ပုံထွက်အားကောင်းစေဖို့ 50 MP AF Camera တို့ တပ်ဆင်အသုံးပြုထားသောကြောင့် အခြား စမတ်ဖုန်းများကြားတွင် တောက်ပနေစေမှာဖြစ်ပြီး တီထွင်ဖန်တီးမှုနှင့် အနုပညာမြောက် လှပမှုကို ဖော်ပြနေမှာ ဖြစ်ပါသည်။

vivo Y100 စမတ်ဖုန်းသည် စွဲမက်ဖွယ်ကောင်းသော ဒီဇိုင်းဖြစ်စေရန် လှပသော ပုံစံနှင့် လုပ်ဆောင်နိုင်စွမ်းများကိုချောမွေ့စွာ ပေါင်းစပ်ထားသည့်အတွက် ဆန်းသစ်လှပမှုနှင့် စွမ်းဆောင်ရည်ကို အဓိက လိုချင်သူများအကြားရေပန်းစား လူကြိုက်များစေမည့် စမတ်ဖုန်း ဖြစ်ပါသည်။ အဆိုပါ Y100 ကို Crystal Black နှင့် Breeze Green ဆိုသည့် အရောင် ၂ မျိုးဖြင့် ထုတ်လုပ်ထားပါသည်။ Breeze Green အရောင်ကို ပို၍ အိပ်မက်ဆန်ဆန် အစိမ်းရောင် ရရှိရန်အတွက် vivo သည် ၎င်း၏ ပင်တိုင် အရောင်ပြောင်းခြင်း ဒီဇိုင်း (Color Changing Design) ကို အသုံးပြုထားပြီးဖုန်းကိုယ်ထည်အနောက်ပိုင်းမှ အစိမ်းရောင်သည် အစိမ်းနုရောင်မှ အစိမ်းရင့်ရောင်သို့ ပြောင်းလဲနိုင်ပါသည်။ ထိုသို့လှပစွာ ပြောင်းလဲမှုကို နေရောင်အောက် (သို့) UV အလင်းရောင်အောက်တွင် မြင်တွေ့နိုင်မှာ ဖြစ်ပါသည်။ Breeze Green ဆိုသည့်အတိုင်း လေပြေလေညင်း နုနုလေးများက မြက်ခင်းစိမ်းများကို ဖြေးညင်းစွာ ဖြတ်သန်းသွားသည့်အထိအတွေ့ကို ပေးစွမ်းနိုင်သည့်အတွက် အသုံးပြုသူများအတွက် နူးညံ့ပြီး ချောမွေ့သော အတွေ့အကြုံကို ရရှိစေမှာဖြစ်ပါသည်။ ထို့အပြင် ဖုန်းကိုယ်ထည်ကို ပေါ့ပါးမှုရှိစေရန် Metalli High-Gloss Frame အသုံးပြုထားသည့်အတွက်ထူးခြားသည့် ပရီမီယံ ခံစားချက်နှင့် ဒီဇိုင်းကို ရရှိစေမှာ ဖြစ်ပါသည်။ vivo သည် အသုံးပြုသူများ အဆင်ပြေစေရန်အစဉ်အမြဲ အလေးထားသည့်အလျောက် Crystal Black မှာ 7.79mm အထူနှင့် 186g အလေးချိန်သာ ရှိသည့်အတွက်လက်ထဲ ကိုင်ထားသည့်အခါ အကောင်းဆုံးအနေအထားနှင့် သယ်ဆောင်ရလွယ်ကူစေပါသည်။

“တောက်လျှောက် အသစ်အသစ်တွေ တီထွင်ဖန်တီးနေတဲ့ vivo Y series က အခုလည်း စမတ်ဖုန်း တစ်လုံးထဲမှာပဲ မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်တွေအပြင် ယုံကြည်စိတ်ချရမှုတွေအားလုံး ပေါင်းစပ်ထားတဲ့ vivo Y100 ကို ဂုဏ်ယူစွာနဲ့ ထပ်မံမိတ်ဆက်ပေးလိုက်ပါပြီ။ ဒီတီထွင်ဖန်တီးမှုအသစ်က အသုံးပြုသူတွေရဲ့ လိုအပ်ချက်ထက်ကို ပိုပြီး ဖြည့်ဆည်းပေးနိုင်တဲ့ ကျွန်တော်တို့ရဲ့ ထားရှိထားတဲ့ ကတိကဝတ်ပါပဲ။” ဟု vivo ၏ CEO ဖြစ်သူ Mr. Nelson Ni က ပြောကြားခဲ့ပါသည်။

vivo Y100 ကို စမတ်ဖုန်း နေ့စဉ်အသုံးပြုသူများ အဆင်ပြေစေရန်နှင့် ဖုန်းအားတာရှည်ခံစေရန် လုံခြုံစိတ်ချရမှုအပြည့်ရှိသည့် အားသွင်းမြန်စနစ်ကို ထည့်သွင်းအသုံးပြုပေးထားပါသည်။ 5000 mAh (TYP) Battery နှင့် 80W FlashCharge ကိုပါဝင်သည့်အတွက် မိနစ် ၃၀ အားသွင်းရုံဖြင့် ဘက်ထရီ ၈၀ ရာခိုင်နှုန်းအထိ မြန်ဆန်စွာ ရရှိစေမှာ ဖြစ်ပါသည်။ ထို့အပြင် ဘက်ထရီသက်တမ်းကို (၄) နှစ် ထည့်သွင်းပေးထားသောကြောင့် ဘက်ထရီအတွက် စိုးရိမ်ရန် မလိုအပ်ဘဲ အကြာကြီး အသုံးပြုနိုင်မှာ ဖြစ်ပါသည်။

Y100 သည် စမတ်ဖုန်းတစ်ခုထက် သာလွန်ကောင်းမွန်ပါသည်။ မိမိဖုန်းဖြင့် video content များကြည့်ရှုလို သူများအတွက်လည်း ကြိုက်နှစ်သက်စေမည့် အရည်အသွေးနှင့် စိတ်ခံစားချက်များ ပေးစွမ်းနိုင်သည့် အိတ်ဆောင်ရုပ်ရှင်ရုံ ဖြစ်ပါသည်။ 6.67 -inch ကျယ်သည့် မျက်နှာပြင်ကို 120 Hz AMOLED Display ကိုသာမက 1800 nits အမြင့်ဆုံး အလင်းကို မြှင့်တင်ပေးနိုင်သည့်အတွက် ရုပ်ရှင် ဗွီဒီယိုများကို အကောင်းဆုံးအရည်အသွေးဖြင့် ကြည့်ရှုနိုင်ပါသည်။ ထို့အပြင် Dual Stereo Speaker တပ်ဆင်ထားသောကြောင့် ၃၀၀ ရာခိုင်နှုန်းအထိ အသံချဲ့ထွင်နိုင်ပြီး ကြည်လင်ပြတ်သားသည့် အသံစနစ်က ကြည့်ရှုရသည့်အမြင်နှင့် ပေါင်းစပ်လိုက်သည့်အခါ အခြားစမတ်ဖုန်းများနှင့်မတူသည့် အကောင်းဆုံး ရုပ်မြင်သံကြား ရသ ကို ပေးစွမ်းနိုင်ပါသည်။ မိမိနှစ်သက်သည့် TV show များကြည့်ရှုသည်ဖြစ်စေ၊ နောက်ဆုံးထွက် လူကြိုက်များရုပ်ရှင်များ ကြည့်ရှုသည်ဖြစ်စေ ရုပ်ရှင်ရုံမှာ သွားကြည့်သကဲ့သို့ ခံစားမှုကို ဖြစ်ပေါ်စေပါသည်။

ဒါတင်မက Y100 သည် မြင့်မားသည့် သိုလှောင်မှု (Storage Capacity) လည်း ရှိပါသည်။ Y100 တွင် ထပ်သွင်းပေးထားသည့် 8 GB + 8 GB Extended RAM နှင့် 256 GB ROM တို့က အက်ပ်ပလီကေးရှင်းများ၊ ဓာတ်ပုံများနှင့် ဗွီဒီယိုများကို သိမ်းဆည်းပေးနိုင်ပါသည်။ ထို့ကြောင့် အသုံးပြုနေရင်း သိုလှောင်မှု နေရာပြည့်သွားခြင်းများ လုံးဝ မရှိစေဘဲ အချောမွေ့ဆုံး အတွေ့အကြုံဖြင့် အသုံးပြုနိုင်ပါသည်။ Y100 တွင် ထည့်သွင်းအသုံးပြုထားသည့် လုပ်ဆောင်ချက်များက အခြားသောစမတ်ဖုန်းများနှင့်မတူဘဲ အကောင်းဆုံး အတွေ့အကြုံများ ပေးစွမ်းနိုင်မှာ ဖြစ်ပါသည်။

Y100 သည် အလှအပ ဓာတ်ပုံများ ရိုက်သည့်အခါတွင်လည်း ၎င်း၏ Portrait လုပ်ဆောင်ချက်များကြောင့် ရွေးချယ်ရန် အကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်ပါသည်။ Y100 တွင် ပါဝင်သည့် 50Mp AF ကင်မရာ၊ ရှေ့ကြည်နောက်ဝါး Portrait Light Effect များနှင့် စတိုင်လ် အမျိုးမျိုး ပါဝင်သည့် Multi-Style Portrait template များက တစ်မူထူးခြားသည့် ဓာတ်ပုံများကို ပေးစွမ်းနိုင်သည့်အပြင် အသုံးပြုသူများအတွက် လှပသော အမှတ်တရများကိုလည်း ဖန်တီးပေးနိုင်ပါသည်။ ထို့အပြင် Photo Boarder လုပ်ဆောင်ချက်က ရိုက်ချက်တိုင်းမှာ ဓာတ်ပုံများကို ပရော်ဖက်ရှင်နယ် တစ်ယောက်ရိုက်ထားသည့်အလား လှပစေမည့်အပြင် အသုံးပြုသူများ၏ တီထွင်ဖန်တီးမှုနှင့် အနုပညာကို ပြသပေးနိုင်ပါသည်။

vivo Y100 ကို ၁၀၅၉၈၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ်ပြီး ဂျွန်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အတွင်းဝယ်ယူသူများအနေဖြင့် ပြန်အမ်းငွေ ခြောက်သောင်းကျပ်ကိုရရှိနိုင်မည်ဖြစ်သည်။ vivo Y100 အားကြိုတင်မှာယူနိုင်သောကာလမှာ ဂျွန်လ ၁ရက်နေ့မှ ၇ရက်နေ့အထိဖြစ်ပါသည်။ ။ ဝယ်ယူလိုသူများအနေဖြင့် vivo အရောင်းပြခန်းများ၊ နီးစပ်ရာ ဖုန်းဆိုင်များနှင့် (e-commerce) တို့တွင် (date) မှစ၍ ဘွတ်ကင်ပေးထားနိုင်ပြီ ဖြစ်ပါသည်။ ကြိုတင်မှာယူသူများအနေဖြင့် 10000mAHပါဝါဘန့်နှင့်အားကစားရေဘူး၊vivo၏ServiceCardပါဝင်သောလက်ဆောင်ဘူးကိုရရှိနိုင်ပြီးကျောပိုးအိတ်ကိုပါလက်ဆောင်အနေဖြင့်ထပ်မံရရှိနိုင်မည်ဖြစ်ပါသည်။စတင်ရောင်းချသောနေ့မှစ၍ဝယ်ယူသူများအနေဖြင့်လည်းကျောပိုးအိတ်ကိုလက်ဆောင်အနေဖြင့်ရယူနိုင်ပါသည်။ရန်ကုန်မြို့ရှိvivoShowroomများတွင်ပထမဦးဆုံးမှာယူသူအယောက်၅၀အားvivoနှင့်NRFတို့ပူးပေါင်းဖန်တီးထားသောအရေအတွက်ကန့်သတ်ထုတ်ကုန်များကိုပေးအပ်သွားမည်ဖြစ်ပါသည် Y100 ၏ အနုပညာမြောက် လှပတဲ့ဒီဇိုင်းနဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်တို့က အကောင်းဆုံး အသုံးပြုမှု အတွေ့အကြုံကို ပေးစွမ်းနိုင်ပြီး အသုံးပြုသူများကို စိတ်ကျေနပ်ပျော်ရွှင်စေမှာ အသေအချာ ဖြစ်ပါသည်။

Media release: vivo