Vivo ကနေ တလောက Vivo V7+ ကိုကြေငြာခဲ့ပြီးအခုဆိုရင် နောက်ထပ်ဖုန်းတစ်လုံးဖြစ်တဲ့ Vivo V7 ကို ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ Vivo V7 က လက်ရှိရောင်းချနေတဲ့ Vivo V7 ထက် ဈေးအနည်းငယ်လျော့နည်းမှာဖြစ်ပြီး ကျန်တဲ့ အချက်တွေတော့ ပြောင်းလဲမှုသိပ်မရှိပါဘူး။

Vivo V7 မှာ အနည်းငယ်သေးငယ်တဲ့ HD+ Resolution ပဲရှိတဲ့ 5.7″ IPS LCD Display ကိုသုံးထားပြီးတော့ Octa Core 1.8Ghz CPU, RAM 4GB နဲ့ 2GB Storage ပါဝင်မှာဖြစ်ပါတယ်။

ကင်မရာပိုင်းအနေနဲ့ကတော့ 24MP Front Camera ပါဝင်လာဦးမှာဖြစ်ပြီး Android 7.1 ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ Battery ကတော့ 3000mAh ပါဝင်မှာပါ။

Vivo V7 ဖုန်းကို မြန်မာနိုင်ငံအပါအဝင်အခြားသော နိုင်ငံအများအပြားမှာရောင်းချသွားမှာဖြစ်ပြီး ဒေါ်လာ ၃၀၀ ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။