Zawgyi

Vivo ကုမၸဏီဟာ သူတုိ႔ရဲ႕ S1 စမတ္ဖုန္းကို ႏုိင္ငံတကာေစ်းကြက္အတြက္ မိတ္ဆက္လိုက္ပါတယ္။ လြန္ခဲ့တဲ့ ေလးလမွာလည္း တရုတ္ျပည္တြင္းမွာ S1 အမည္နဲ႔ ဖုန္းတစ္လုံးကို မိတ္ဆက္ခဲ့ေသးေပမယ့္ အခုထြက္လာတဲ့ ႏုိင္ငံတကာဗားရွင္း Vivo S1 ကေတာ့ တည္ေဆာက္ပုံအရ အမည္ေျပာင္းလဲထားတဲ့ Vivo Y7s လို႔ ဆုိရမွာပါ။ နည္းနည္းေတာ့ရႈပ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီႏုိင္ငံတကာဗားရွင္း Vivo S1 ဟာ 6.38” Super AMOLED Display နဲ႔ထြက္ရွိလာၿပီး အတြင္းမွာ Helio P65 ခ်စ္ပ္ဆက္ကို အသုံးျပဳထားပါတယ္။ မန္မုိရီကေတာ့ 4GB RAM / 128GB Storage တုိ႔ပါ။

တရုတ္ျပည္တြင္းမွာ မိတ္ဆက္ခဲ့တဲ့ Vivo S1 ဟာ 25MP Pop-up ဆယ္ဖီကင္မရာနဲ႔ျဖစ္ေပမယ့္ ႏုိင္ငံတကာဗားရွင္းကေတာ့ Waterdrop Notch ကုိသာ အသုံးျပဳလာတာေတြ႕ရပါတယ္။ ဒါေပမယ့္ ပိုျမင့္တဲ့ 32MP ကုိအသုံးျပဳထားကာ ေနာက္ဘက္က 12MP ကင္မရာေနရာမွာလည္း 16MP နဲ႔အစားထိုးထားတဲ့အတြက္ ကင္မရာအရည္အေသြးကေတာ့ ပိုျမင့္ထားတယ္လို႔ဆုိရမွာပါ။

ဒါ့အျပင္ တရုတ္ S1 မွာ Fingerprint ကိုေနာက္ဘက္မွာသာ ထည့္သြင္းထားၿပီး ဘကၳရီကလည္း 3,940 mAh ျဖစ္ေပမယ့္ ဂလုိဘယ္ဗားရွင္းမွာေတာ့ In-display Fingerprint ပါဝင္လာသလို ဘကၳရီကလည္း 4,500 mAh ျဖစ္ေနပါတယ္။

စက္ႏွင္စနစ္က Android Pie အေျခခံထားတဲ့ Funtouch OS 9 ျဖစ္ေပမယ့္ ဂလုိဘယ္ S1 မွာေတာ့ Google ရဲ႕ဝန္ေဆာင္မႈေတြ အျပည့္အဝပါဝင္တယ္။ ကုမၸဏီရဲ႕ကိုယ္ပိုင္ AI Assistant နည္းပညာ Jovi အတြက္ ဖုန္းရဲ႕ဘယ္ဘက္က Smart Button ကို ႏွစ္ခ်က္ႏွိပ္ရမွာျဖစ္ၿပီး တစ္ခ်က္ထဲႏွိပ္ရင္ေတာ့ Google Assistant ကို အသုံးျပဳႏုိင္မွာပါ။

ႏုိင္ငံတကာဗားရွင္း Vivo S1 ဖုန္းဟာ Cosmic Green နဲ႔ Skyline Blue ဆုိၿပီး အေရာင္ႏွစ္မ်ဳိးထြက္ရွိလာကာ အရင္ဦးဆုံး အင္ဒိုေစ်းကြက္ကေန စတင္ထုိးေဖာက္လာပါတယ္။ သူ႕တန္ဖိုးကေတာ့ ျမန္မာေငြသုံးသိန္းကိုးေသာင္းခန္႔သာရွိပါတယ္။

Ref – GSM Arena

Unicode

Vivo ကုမ္ပဏီဟာ သူတို့ရဲ့ S1 စမတ်ဖုန်းကို နိုင်ငံတကာဈေးကွက်အတွက် မိတ်ဆက်လိုက်ပါတယ်။ လွန်ခဲ့တဲ့ လေးလမှာလည်း တရုတ်ပြည်တွင်းမှာ S1 အမည်နဲ့ ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့သေးပေမယ့် အခုထွက်လာတဲ့ နိုင်ငံတကာဗားရှင်း Vivo S1 ကတော့ တည်ဆောက်ပုံအရ အမည်ပြောင်းလဲထားတဲ့ Vivo Y7s လို့ ဆိုရမှာပါ။ နည်းနည်းတော့ရှုပ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံတကာဗားရှင်း Vivo S1 ဟာ 6.38” Super AMOLED Display နဲ့ထွက်ရှိလာပြီး အတွင်းမှာ Helio P65 ချစ်ပ်ဆက်ကို အသုံးပြုထားပါတယ်။ မန်မိုရီကတော့ 4GB RAM / 128GB Storage တို့ပါ။

တရုတ်ပြည်တွင်းမှာ မိတ်ဆက်ခဲ့တဲ့ Vivo S1 ဟာ 25MP Pop-up ဆယ်ဖီကင်မရာနဲ့ဖြစ်ပေမယ့် နိုင်ငံတကာဗားရှင်းကတော့ Waterdrop Notch ကိုသာ အသုံးပြုလာတာတွေ့ရပါတယ်။ ဒါပေမယ့် ပိုမြင့်တဲ့ 32MP ကိုအသုံးပြုထားကာ နောက်ဘက်က 12MP ကင်မရာနေရာမှာလည်း 16MP နဲ့အစားထိုးထားတဲ့အတွက် ကင်မရာအရည်အသွေးကတော့ ပိုမြင့်ထားတယ်လို့ဆိုရမှာပါ။

ဒါ့အပြင် တရုတ် S1 မှာ Fingerprint ကိုနောက်ဘက်မှာသာ ထည့်သွင်းထားပြီး ဘက္ထရီကလည်း 3,940 mAh ဖြစ်ပေမယ့် ဂလိုဘယ်ဗားရှင်းမှာတော့ In-display Fingerprint ပါဝင်လာသလို ဘက္ထရီကလည်း 4,500 mAh ဖြစ်နေပါတယ်။

စက်နှင်စနစ်က Android Pie အခြေခံထားတဲ့ Funtouch OS 9 ဖြစ်ပေမယ့် ဂလိုဘယ် S1 မှာတော့ Google ရဲ့ဝန်ဆောင်မှုတွေ အပြည့်အဝပါဝင်တယ်။ ကုမ္ပဏီရဲ့ကိုယ်ပိုင် AI Assistant နည်းပညာ Jovi အတွက် ဖုန်းရဲ့ဘယ်ဘက်က Smart Button ကို နှစ်ချက်နှိပ်ရမှာဖြစ်ပြီး တစ်ချက်ထဲနှိပ်ရင်တော့ Google Assistant ကို အသုံးပြုနိုင်မှာပါ။

နိုင်ငံတကာဗားရှင်း Vivo S1 ဖုန်းဟာ Cosmic Green နဲ့ Skyline Blue ဆိုပြီး အရောင်နှစ်မျိုးထွက်ရှိလာကာ အရင်ဦးဆုံး အင်ဒိုဈေးကွက်ကနေ စတင်ထိုးဖောက်လာပါတယ်။ သူ့တန်ဖိုးကတော့ မြန်မာငွေသုံးသိန်းကိုးသောင်းခန့်သာရှိပါတယ်။

Ref – GSM Arena