Zawgyi

Vivo iQOO 5G ဖုန္းဟာ ကုမၸဏီရဲ႕ ပထမဆုံး ေစ်းကြက္တြင္းေရာင္းခ်မယ့္ 5G စမတ္ဖုန္းျဖစ္လာမွာပါ။ Vivo ဟာ ဒီဖုန္းကို လာမယ့္သုံးလအတြင္း ေစ်းကြက္ထဲပုိ႔ေပးႏုိင္ဖို႔ ႀကိဳးစားေနၿပီး ေလာေလာဆယ္မွာေတာ့ Specs ေတြကိုလည္း မ်ားမ်ားစားစား မေဖာ္ျပလာေသးပါဘူး။

သူ႕ရဲ႕ Promo ဗီဒီယုိထဲမွာေတာ့ 5G စမတ္ဖုန္းတစ္လုံးကို 120W နဲ႔တြဲဖက္ၿပီး ျပသခဲ့ပါတယ္။ ဒါ့အျပင္ ေခတ္မီသိပၸံစိတ္ကူးယဥ္ဇာတ္ကားတစ္ခုလို ထင္မွတ္ရမယ့္ အဆုိပါဗီဒီယိုထဲမွာ စမတ္မ်က္မွန္တစ္လက္နဲ႔ တြဲဖက္ၿပီး AR (Augmented Reality) နည္းပညာကိုပါ တုိ႔ထိထားတာကို ျမင္ရမွာပါ။

Vivo iQOO 5G စမတ္ဖုန္းမွာ Snapdragon 855 ခ်စ္ပ္ဆက္နဲ႔ X50 Modem တစ္ခုကို ခ်ိတ္ဆက္လာမွာပါ။ 5G ဟာ Antenna ေလးခုလိုအပ္ၿပီး 4G ထက္ႏွစ္ခုပိုမ်ားပါတယ္။ Bluetooth နဲ႔ Wi-Fi အတြက္ပါ ေပါင္းလုိက္ရင္ ရွစ္ခုထိျဖစ္ၿပီး ဒါဟာ ဟန္းဆက္ေပၚမွာ ေနရာခ်ထားဖို႔ ႀကီးမားတဲ့စိန္ေခၚမႈ တစ္ခုပါပဲ။

ဒါတင္မက External Modem တစ္ခု ထပ္ပါလာတဲ့အတြက္ Motherboard ကလည္း ပိုေနရာယူလာမွာ ျဖစ္သလို 5G ရဲ႕ ပါဝါလုိအပ္ခ်က္ေၾကာင့္ ဘကၳရီကိုလည္း ေလွ်ာ့ခ်လို႔ရမွာမဟုတ္ပါဘူး။ Vivo ရဲ႕ 5G သုေတသနဌာနခြဲ ဒါရုိက္တာ Qin Fei က 5G နက္ဝပ္ဟာ Latency ကိုေလွ်ာ့ခ်ေပးမွာျဖစ္ၿပီး ပိုမ်ားတဲ့ ဟန္းဆက္ေတြ ခ်ိတ္ဆက္ႏုိင္လာသလို Carrier ေတြကလည္း ေဒတာအျမင့္ဆုံးပမာဏသတ္မွတ္ခ်က္ကို ထပ္တင္ေပးႏုိင္လာမယ္လို႔ ဆုိပါတယ္။

120W အားသြင္းစနစ္ကေတာ့ အရင္က စမ္းသပ္ျပသဖူးပါတယ္။ ဒီစနစ္ဟာ 4,000 mAh ဘကၳရီတစ္ခုကို ငါးမိနစ္အတြင္း ၅၀% အားျပည့္ေအာင္ သြင္းေပးႏုိင္တယ္။ ၁၀၀% ျပည့္ဖို႔ေတာ့ ၁၃ မိနစ္သာ ၾကာမွာပါ။ Vivo ဟာ 5G နည္းပညာ၊ AR စနစ္သစ္နဲ႔ 120W အားသြင္းစနစ္တုိ႔ကို အစဥ္လိုက္ရွင္းလင္းျပသခဲ့ၿပီးမွ အခုႏွစ္ေႏွာင္းပိုင္းမွာ ေရာင္းခ်မယ့္ iQOO 5G ကို မိတ္ဆက္ခဲ့ပါတယ္။

ဒါေပမယ့္ Vivo iQOO 5G မွာ 120W အားသြင္းစနစ္ကို ပံ့ပိုးလာမွာလားဆုိတာေတာ့ ကတိေပးမသြားေသးပါဘူး။ ဒါေၾကာင့္ ထြက္ရွိရက္နီးကပ္လာမွသာ ပိုၿပီးအေသးစိတ္သိလာႏုိင္မွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Vivo iQOO 5G ဖုန်းဟာ ကုမ္ပဏီရဲ့ ပထမဆုံး ဈေးကွက်တွင်းရောင်းချမယ့် 5G စမတ်ဖုန်းဖြစ်လာမှာပါ။ Vivo ဟာ ဒီဖုန်းကို လာမယ့်သုံးလအတွင်း ဈေးကွက်ထဲပို့ပေးနိုင်ဖို့ ကြိုးစားနေပြီး လောလောဆယ်မှာတော့ Specs တွေကိုလည်း များများစားစား မဖော်ပြလာသေးပါဘူး။

သူ့ရဲ့ Promo ဗီဒီယိုထဲမှာတော့ 5G စမတ်ဖုန်းတစ်လုံးကို 120W နဲ့တွဲဖက်ပြီး ပြသခဲ့ပါတယ်။ ဒါ့အပြင် ခေတ်မီသိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ခုလို ထင်မှတ်ရမယ့် အဆိုပါဗီဒီယိုထဲမှာ စမတ်မျက်မှန်တစ်လက်နဲ့ တွဲဖက်ပြီး AR (Augmented Reality) နည်းပညာကိုပါ တို့ထိထားတာကို မြင်ရမှာပါ။

Vivo iQOO 5G စမတ်ဖုန်းမှာ Snapdragon 855 ချစ်ပ်ဆက်နဲ့ X50 Modem တစ်ခုကို ချိတ်ဆက်လာမှာပါ။ 5G ဟာ Antenna လေးခုလိုအပ်ပြီး 4G ထက်နှစ်ခုပိုများပါတယ်။ Bluetooth နဲ့ Wi-Fi အတွက်ပါ ပေါင်းလိုက်ရင် ရှစ်ခုထိဖြစ်ပြီး ဒါဟာ ဟန်းဆက်ပေါ်မှာ နေရာချထားဖို့ ကြီးမားတဲ့စိန်ခေါ်မှု တစ်ခုပါပဲ။

ဒါတင်မက External Modem တစ်ခု ထပ်ပါလာတဲ့အတွက် Motherboard ကလည်း ပိုနေရာယူလာမှာ ဖြစ်သလို 5G ရဲ့ ပါဝါလိုအပ်ချက်ကြောင့် ဘက္ထရီကိုလည်း လျှော့ချလို့ရမှာမဟုတ်ပါဘူး။ Vivo ရဲ့ 5G သုတေသနဌာနခွဲ ဒါရိုက်တာ Qin Fei က 5G နက်ဝပ်ဟာ Latency ကိုလျှော့ချပေးမှာဖြစ်ပြီး ပိုများတဲ့ ဟန်းဆက်တွေ ချိတ်ဆက်နိုင်လာသလို Carrier တွေကလည်း ဒေတာအမြင့်ဆုံးပမာဏသတ်မှတ်ချက်ကို ထပ်တင်ပေးနိုင်လာမယ်လို့ ဆိုပါတယ်။

120W အားသွင်းစနစ်ကတော့ အရင်က စမ်းသပ်ပြသဖူးပါတယ်။ ဒီစနစ်ဟာ 4,000 mAh ဘက္ထရီတစ်ခုကို ငါးမိနစ်အတွင်း ၅၀% အားပြည့်အောင် သွင်းပေးနိုင်တယ်။ ၁၀၀% ပြည့်ဖို့တော့ ၁၃ မိနစ်သာ ကြာမှာပါ။ Vivo ဟာ 5G နည်းပညာ၊ AR စနစ်သစ်နဲ့ 120W အားသွင်းစနစ်တို့ကို အစဉ်လိုက်ရှင်းလင်းပြသခဲ့ပြီးမှ အခုနှစ်နှောင်းပိုင်းမှာ ရောင်းချမယ့် iQOO 5G ကို မိတ်ဆက်ခဲ့ပါတယ်။

ဒါပေမယ့် Vivo iQOO 5G မှာ 120W အားသွင်းစနစ်ကို ပံ့ပိုးလာမှာလားဆိုတာတော့ ကတိပေးမသွားသေးပါဘူး။ ဒါကြောင့် ထွက်ရှိရက်နီးကပ်လာမှသာ ပိုပြီးအသေးစိတ်သိလာနိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena